၁၇ ဇူလိုင် ၂၀၂၆ - ၀၀:၂၃
“အစ္စရေးသည် ကျဆင်းမှုကို ရင်ဆိုင်နေရပြီး အဖွဲ့အစည်းများ ပျက်စီးမည့် အန္တရာယ်ရှိနေသည်” ဟု ဇီယွန်ဝါဒီ သတင်းစာဆရာ ပြော

ဇီယွန်ဝါဒီ ခွဲခြမ်းစိတ်ဖြာသူတစ်ဦးက နေတန်ယာဟု အစိုးရ၏ မူဝါဒများသည် အစ္စရေး၏ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများကို အားနည်းစေပြီး နိုင်ငံတစ်ခုလုံး၏ စနစ်သည် ပြင်းထန်သော အကျပ် အတည်း ကာလကို ဖြတ်သန်းနေရကြောင်း သတိပေးပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ဇီယွန်ဝါဒီ သတင်းစာဆရာ နှင့်လေ့လာသုံးသပ် သူတစ်ဦးက အစ္စရေး သည် ပြည်တွင်းအကျပ်အတည်းများ ၊ နိုင်ငံရေး သဘောထားကွဲလွဲမှုများနှင့် လုံခြုံရေး စိန်ခေါ်မှုများကြောင့် ကျဆင်းမှု ဘက်သို့ ဦးတည်နေကြောင်း သတိပေးခဲ့ပါတယ်။ ထို့အပြင် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု သည်လည်း မိမိအစိုးရ၏ မူဝါဒများအပေါ် ထိန်းချုပ်နိုင်စွမ်း လျော့နည်းလာပြီဟု ဆိုပါတယ်။

အသေးစိတ်အားဖြင့် ဟီဘရူးဘာသာဖြင့် ထုတ်ဝေသော မာရီဗ် (Maariv) သတင်းစာတွင် ဖော်ပြခဲ့သည့် ဆောင်းပါး၌ ဇီယွန်ဝါဒီ စာရေးဆရာ အာဗီ အက်ရှ်ကနာဇီ (Avi Ashkenazi) က ဘင်ဂျမင် နေတန်ယာဟုသည် လက်ရှိအခြေအနေကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးနေပြီဟု ရေးသားခဲ့ပါတယ်။

အက်ရှ်ကနာဇီက လက်ရှိအစိုးရအဖွဲ့၏ မူဝါဒများသည် အစ္စရေး၏ လုံခြုံရေးနှင့် နိုင်ငံရေး အဖွဲ့အစည်းများကို အားနည်းစေပြီး ယင်းအခြေအနေသည် နိုင်ငံတော်ဖွဲ့စည်းပုံ၏ ကျဆင်းမှုဆီသို့ ဦးတည်စေနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

သူက သိမ်းပိုက်ထားသော နယ်မြေများတွင် ဖြစ်ပေါ်နေသော အခြေအနေများသည် အစ္စရေး အစိုးရ အဖွဲ့အစည်း များ ပျက်စီးခြင်း၊ လုံခြုံရေး ချို့တဲ့မှုနှင့် တန်ဖိုးထားမှုများ အကျပ်အတည်းဖြစ်ပေါ်နေခြင်းနှင့် မကွာခြားကြောင်း ပြောကြားခဲ့ပါတယ်။

ဇီယွန်ဝါဒီ သတင်းစာဆရာက ထပ်မံရေးသားရာတွင် အစ္စရေးအစိုးရအဖွဲ့ကို လူတစ်ဦးအဖြစ် သတ်မှတ် မည်ဆိုပါ က လက်ရှိအခြေအနေသည် ခန္ဓာကိုယ်ကျဆင်းမှုကြောင့် ဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင် (ICU) သို့ တင်ထားရမည့် အခြေအနေမျိုးဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

အက်ရှ်ကနာဇီက ဇီယွန်အစိုးရသည် အစ္စရေးနိုင်ငံ၏ အခြေခံ နိုင်ငံတော်တိုင်များဖြစ်သည့် စစ်တပ်၊ လုံခြုံရေးအဖွဲ့အစည်းများ၊ တရားစီရင်ရေးစနစ်နှင့် မီဒီယာတို့ကို လျစ်လျူရှုနေကြောင်း စွပ်စွဲခဲ့ပါတယ်။

ထို့အပြင် တာလ်မုဒ် ဘာသာရေးကျောင်းများမှ ကျောင်းသားများအား မဖြစ်မနေ စစ်မှုထမ်းခြင်းမှ ကင်းလွတ် ခွင့်ပေး သည့် ကိစ္စကိုလည်း ဝေဖန်ခဲ့ပါတယ်။ အစ္စရေးစစ်တပ်အကြီးအကဲ အိုင်ယာလ် ဇာမီယာ (Eyal Zamir) က ထိုဆုံးဖြတ်ချက်၏ ဖြစ်လာနိုင်သည့် ဆိုးကျိုးများကို သတိပေးထားသည့် အချိန်တွင် ယင်းကဲ့သို့ ဆောင်ရွက် နေခြင်းဖြစ်ကြောင်း ပြောခဲ့ပါတယ်။

အက်ရှ်ကနာဇီသည် အစ္စရေး၏ လုံခြုံရေးကိစ္စများကို စီမံခန့်ခွဲရာတွင် ဖြစ်ပေါ်နေသော ရှုပ်ထွေးမှုများကိုလည်း ဝေဖန်ခဲ့ပြီး၊ ပို့ဆောင်ရေးဝန်ကြီး မာရီ ရီဂျီဗ် (Miri Regev) ၏ အမေရိကန် လောင်စာဆီသယ်ယူပို့ဆောင်ရေး လေယာဉ်များကို ဘင်ဂူရီယွန် လေဆိပ် တွင် ဆင်းသက်ခွင့် မပြုရန် ဆုံးဖြတ်ချက်ကိုလည်း ဝေဖန်ခဲ့ပါတယ်။

ထို့အပြင် စစ်ပွဲကြောင့် ဒဏ်ရာရရှိခဲ့သော စစ်သားများ ပြန်လည်ထူထောင်ရေးနှင့် စစ်ပွဲဆုံးရှုံးမှုများကို ဖြေရှင်းရန် ဘတ်ဂျက်ကိစ္စအပေါ် အစ္စရေးအစိုးရအဖွဲ့အတွင်း ဖြစ်ပေါ်နေသော သဘောထားကွဲလွဲမှုများကိုလည်း ဖော်ပြခဲ့ ပါတယ်။ အစ္စရေးသည် စစ်မျက်နှာများစွာတွင် စစ်ရေးအခြေအနေများနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် ထိုကွဲလွဲမှုများ ပိုမိုတိုးပွားလာနေကြောင်း ဆိုခဲ့ပါတယ်။

နိဂုံးချုပ်အနေဖြင့် အက်ရှ်ကနာဇီက အစ္စရေးသည် ယခုအချိန်တွင် မကြုံစဖူးသော လုံခြုံရေးနှင့် ကိုယ်ကျင့် တရားဆိုင်ရာ ကျဆင်းမှုအဆင့်ကို ဖြတ်သန်းနေရကြောင်း သတိပေးခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha