အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ ဖော်ပြချက်အရ ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုပြည်နယ်ရှိ အာဇာဇ်မြို့တွင် လက်နက်ကိုင်များနှင့် ဂျောင်လာနီ နှင့် ဆက်နွယ်သော လုံခြုံရေးတပ်ဖွဲ့များအကြား ပြင်းထန်သော တိုက်ခိုက် မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းများ ရရှိထားပါတယ်။
အာရပ်မီဒီယာများက ဒေသတွင်း သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြရာတွင် ဂျောင်လာနီ ၏ တပ်ဖွဲ့ ဝင်များမှ ကင်းလှည့်အဖွဲ့တစ်ဖွဲ့သည် မြို့လယ်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့အချို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခ ကို ရပ်တန့်စေရန်နှင့် ကြားဝင်ညှိနှိုင်းပေးရန် ရောက်ရှိလာစဉ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ကင်းလှည့်ယာဉ်ကိုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရပါတယ်။
ယင်းဖြစ်စဉ်အပြီးတွင် ဂျောင်လာနီ ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အခြေအနေကို ထိန်းချုပ်နိုင်ရန်နှင့် မတည်ငြိမ် မှုများ ပိုမိုကျယ်ပြန့်မသွားစေရန် ရည်ရွယ်၍ အင်အားဖြည့်တင်းထားသော တပ်ဖွဲ့များနှင့် အထူး တပ်ဖွဲ့များကို အဆိုပါဒေသတွင် ထပ်မံချထားခဲ့ပါတယ်။
သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ ကနဦးစုံစမ်းစစ်ဆေးမှုများအရ ယခုဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများ၏ အခြေခံအကြောင်းရင်းမှာ ဒေသခံ မျိုးနွယ်စုကြီးနှစ်စုအကြား ဖြစ်ပွားခဲ့သည့် မျိုးနွယ်စုဆိုင်ရာ ပဋိပက္ခဖြစ်ပြီး၊ နောက်ပိုင်းတွင် လက်နက်ကိုင်တိုက်ခိုက်မှုအဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်ပါတယ်။
သတင်းများအရ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဗရှားဟ် အစဒ် အစိုးရ ပြိုလဲပြီး အုပ်ချုပ်ရေးသစ် အာဏာရ ယူခဲ့ပြီး နောက်ပိုင်းမှစ၍ ဆီးရီးယားမြောက်ပိုင်းရှိ ဒေသအသီးသီးတွင် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် လက်နက် ကိုင် တိုက်ခိုက်မှုများသည် အချိန်အခါအလိုက် ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ဖော်ပြထား ပါ တယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment