အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNAသတင်းဌာန၏အစီရင်ခံစာအရ ပါတီရွေးကောက်ပွဲကျင်းပရန် နီးကပ်လာချိန်တွင် ယင်းပါတီနှင့် ဆက်နွှယ် နေသူများ အကြား နုတ်ထွက်မှုများ ပိုမိုများပြားလာနေပြီး၊ ကျွမ်းကျင်သူများက ယင်းအခြေအနေကို လီကွတ် ပါတီအတွင်း အက်ကြောင်းများ ပိုမိုကျယ်ပြန့်လာခြင်းနှင့် အတွင်းပိုင်းအကျပ်အတည်းများ ဖြစ်ပေါ်နေခြင်းဟု သတ်မှတ် ထားကြပါတယ်။
ဇီယွန်ဝါဒီအစိုးရ၏ Channel 14 ၏ ဖော်ပြချက်အရ ဇီယွန်ဝါဒီပါလီမန်အဖွဲ့ဝင် ဒန် အဲလူးဇ်သည် လီကွတ်ပါတီမှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး ဘင်ဂျမင် နေတန်ယာဟုကို ပြင်းထန်စွာ ဝေဖန်ခဲ့ပါတယ်။
၎င်းက ဇီယွန်ဝါဒီဝန်ကြီးချုပ်အား ကျရှုံးသော ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခဲ့ပြီး နေတန်ယာဟု အနေဖြင့် နိုင်ငံရေးလောကမှ နောက်ဆုတ်ပေးရန် တောင်းဆိုခဲ့ပါတယ်။
ထိုအတူ ဒန် အဲလူးဇ်ကလည်း အဗစ်ဒေါရ် လီဘာမန်၏ ပါတီသို့ ဝင်ရောက်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
သတင်းများအရ နက်တန်ယာဟုသည် မိမိပါတီ၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်စာရင်းအပေါ် ထိန်းချုပ်မှုရရှိရန် ကြိုးပမ်းနေပါတယ်။ သို့သော် ယင်းအခြေအနေကို ၎င်း၏အာဏာတိုးမြှင့်လာခြင်းမဟုတ်ဘဲ လီကွတ် ပါတီ အတွင်း အကျပ်အတည်း ဖြစ်ပေါ်နေခြင်းအဖြစ် သတ်မှတ်နေကြပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment