၁၉ ဩဂုတ် ၂၀၂၆ - ၀၉:၄၉
ဂျာရက်ဒ် ကူရှ်နာ ၏ ဟားမတ်စ်အဖွဲ့အား ခြိမ်းခြောက်မှု / လက်နက်ဖြုတ်သိမ်းရန် မလိုက်နာပါက အမေရိကန် က အရေးယူမည်

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်၏ သမက်ဖြစ်ပြီး ဂါဇာဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများတွင် အမေရိကန် ကိုယ်စားလှယ် အဖြစ် ပါဝင်နေသူ ဂျာရက်ဒ် ကူရှ်နာက ဟားမတ်စ်အဖွဲ့အနေဖြင့် လက်နက်ဖြုတ်သိမ်းရန် သဘော တူညီချက်များကို မလိုက်နာပါက အမေရိကန်သည် ဂါဇာကို တိုက်ခိုက်မှုများ ပြန်လည်စတင်ရန် အစ္စရေး ကို ထောက်ခံမည်ဟု ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Farsnews၏ အစီရင်ခံစာအရ အစ္စရေးကို ထောက်ခံအားပေးသူများထဲမှ အဓိကပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဂျာရက်ဒ် ကူရှ်နာက ဟားမတ်စ်အဖွဲ့အတွက် ရက်ပေါင်း ၆၀ မှ ၉၀ အထိ သတ်မှတ်ပေးထားပြီး ထိုကာလအတွင်း ၎င်းတို့ လက်ဝယ်ရှိ လက်နက်များနှင့် မြေအောက်ဥမင်လိုဏ်ခေါင်းများကို လွှဲပြောင်းပေးရမည်ဟု ပြောကြားခဲ့ပါတယ်? ထိုသို့ မလုပ်ဆောင်ပါက အစ္စရေး၏ “အလုပ်ကို အပြီးသတ်ရန်” စစ်ဆင်ရေး စတင်လာမည်ဟုလည်း ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။

ကူရှ်နာက ခြိမ်းခြောက်သည့်သဘောဖြင့် “သူတို့ [ဟားမတ်စ်] က အခုအချိန်မှာ သူတို့ရဲ့ ကတိကဝတ်ကို မလိုက်နာဘူးဆိုရင်၊ သူတို့ဟာ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားခြင်းမရှိဘူးဆိုတာ လူတိုင်း မြင်ရပါ လိမ့်မယ်။ အဲဒီအခါ အစ္စရေးအနေနဲ့ သင့်လျော်တဲ့နည်းလမ်းနဲ့ ဒီကိစ္စကို အပြီးသတ်ဖို့ အမေရိကန်နဲ့ အခြား သူတွေရဲ့ ပိုမိုခိုင်မာတဲ့ ထောက်ခံမှုကို ရရှိပါလိမ့်မယ်” ဟု ပြောကြားခဲ့ပါတယ်။

အမေရိကန်၏ အထူးကိုယ်စားလှယ်ဖြစ်သူ ကူရှ်နာသည် တနင်္ဂနွေနေ့က ကိုင်ရိုမြို့တွင် ဟားမတ်စ်နှင့် ဂါဇာအုပ်ချုပ်ရေးဆိုင်ရာ အမျိုးသားကော်မတီ (NCAG) တို့နှင့် တွေ့ဆုံပြီးနောက် ထိုသို့ ပြောကြားခဲ့ ခြင်းဖြစ် ပါတယ်။ ထို့အပြင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် အစ္စရေးသမ္မတ အစ္စဟက် ဟာဇော့ တို့ နှင့်လည်း သီးခြားတွေ့ဆုံခဲ့ပါတယ်။

ထရမ့်၏ သမက်ဖြစ်သူ ကူရှ်နာက ထိုတွေ့ဆုံမှုအတွင်း ဟားမတ်စ်ကိုယ်စားလှယ်များသည် ထရမ့်၏ အချက် ၂၀ ပါ အစီအစဉ် နှင့် “လွန်ခဲ့သည့် လေးလအတွင်း ကျွန်ုပ်တို့ ပူးပေါင်းရေးဆွဲခဲ့သည့် အချက် ၁၅ ချက်ပါ လမ်းပြ မြေပုံ” အပေါ် ၎င်းတို့၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ကြောင်းလည်း ဆိုပါတယ်။ ထိုလမ်းပြမြေပုံတွင် ဟားမတ်စ် အနေဖြင့် ၎င်းတို့၏ လက်နက်များကို လွှဲပြောင်းပေးရန် ကတိပြုထားသည်ဟု ၎င်းက ပြောကြား ခဲ့ပါ တယ်။

သို့သော် အဆိုပါပြောဆိုချက်များ ထွက်ပေါ်လာချိန်တွင် ဟားမတ်စ်အဖွဲ့က ယခင်ကပင် အစ္စရေးဘက်က မိမိတို့၏ ကတိကဝတ်များကို ဦးစွာ လိုက်နာမှသာ လက်နက်ဖြုတ်သိမ်းရန် သဘောတူမည်ဟု ကြေညာထား ခဲ့ပါတယ်။

ဟားမတ်စ်၏ အဆိုအရ ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးသည် ဂါဇာကို တိုက်ခိုက်မှု များ ရပ်တန့်ရန်၊ အောက်တိုဘာလမတိုင်မီက ရှိခဲ့သည့် နေရာများသို့ ၎င်း၏ တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာရန်နှင့် ဂါဇာဒေသသို့ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုတိုးမြှင့်ပေးရန် ကတိပြုထားပါတယ်။

ဟားမတ်စ်က ထိုအချက်များကို အကောင်အထည်ဖော်ပြီးမှသာ ၎င်းတို့၏ လက်နက်များကို “ဂါဇာအုပ်ချုပ်ရေး အတွက် အမျိုးသားကော်မတီအသစ်” (NCAG) ထံ လွှဲပြောင်းပေးရန် သဘောတူမည်ဟု အလေး ပေး ပြောကြား ထားပါတယ်။

ကူရှ်နာကလည်း ဟားမတ်စ်၏ ဖြစ်နိုင်ခြေရှိသော လက်နက်ဖြုတ်သိမ်းမှုကို အစ္စရေးအတွက် “လုံခြုံရေးဆိုင်ရာ အောင်မြင်မှု” တစ်ရပ်အဖြစ် ဖော်ပြခဲ့ပြီး ထရမ့်အစိုးရသည် လက်နက်ဖြုတ်သိမ်းမှု မပြီးဆုံးမချင်း ဂါဇာပြန်လည်တည်ဆောက်ရေးကို ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက “မကြာမီဖြစ်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုရှိပါက မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်ကိုလည်း အစ္စရေးဘက်မှ ကန့်သတ်ခံရမည်မဟုတ်” ဟု ထပ်မံပြောဆိုခဲ့ပါတယ်။

အမေရိကန်က ဟားမတ်စ်တပ်ဖွဲ့ဝင်များအား လက်နက်ဖြုတ်သိမ်းရန် ဖိအားပေးနေချိန်တွင် အစ္စရေးသည် ဟားမတ်စ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးနောက်ပိုင်းတွင်ပင် အဆိုပါသဘောတူညီချက်ကို အကြိမ်ကြိမ် ချိုးဖောက်ကာ ဂါဇာကို တိုက်ခိုက်ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားပါတယ်။

အနာဂတ်တွင် အဆိုပါ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနိုင်ခြေရှိခြင်းသည် ဟားမတ်စ်အနေဖြင့် လက်နက် ဖြုတ်သိမ်းရေး ကို ဆန့်ကျင်နေသည့် အဓိကအကြောင်းရင်းများထဲမှ တစ်ခုဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha