အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
“သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေများရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး” ၏ အစီရင်ခံစာအရ အပစ် အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိပြီး တစ်နှစ်နီးပါး ကြာမြင့်လာသော်လည်း ဂါဇာကမ်းမြောင်ဒေသတွင် လုံခြုံ သောနေရာ မရှိသေးသလို မည်သူမျှလည်း လုံခြုံမှုမရှိကြောင်း ဖော်ပြထားပါတယ်။
အဆိုပါ အစီရင်ခံစာတွင် ဩဂုတ်လကုန်ပိုင်းမှ စက်တင်ဘာလ ၁ ရက်အထိ ငါးရက်တာကာလအတွင်း အစ္စရေး ၏ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၂၄ ဦး သေဆုံးခဲ့ပြီး ၎င်းတို့အနက် ကလေး ၄ ဦးနှင့် အမျိုးသမီး ၁ ဦး ပါဝင်ကြောင်း မှတ်တမ်းတင်ထားသည်။ သေဆုံးသူ ၂၄ ဦးအနက် ၂၁ ဦးမှာ လေကြောင်း တိုက်ခိုက် မှုများကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက အစ္စရေးဘက်မှ မိမိတို့ “တရားဝင်ပစ်မှတ်များ” ဟု သတ်မှတ်ထားသည့် ပစ်မှတ်များကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောဆိုနေခြင်းသည် နိုင်ငံတကာ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ ဥပဒေများအရ လိုက်နာရမည့် တာဝန်များမှ ကင်းလွတ်ခွင့် မပေးနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။ အထူးသဖြင့် အရပ်သားများကို ကာကွယ်ရန်နှင့် ၎င်းတို့ ထိခိုက်မှုမရှိစေရန် ဖြစ်နိုင်သမျှ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်းလည်း ဆိုထားပါတယ်။
အစီရင်ခံစာတွင် တဲလ်အဗစ်၏ ဆက်လက်လုပ်ဆောင်နေသော စစ်ရေးဆောင်ရွက်ချက်များနှင့် “ကိုယ်စားပြု လက်နက်ကိုင်အဖွဲ့များ” ၏ စစ်ဆင်ရေးများကြောင့် အရပ်သားများ အကြီးအကျယ် ထိခိုက်နစ်နာပြီး ဂါဇာ ကမ်းမြောင်ဒေသ၏ မလုံခြုံမှု ပိုမိုဆိုးရွားလာကြောင်း ဖော်ပြထားပါတယ်။
ထို့အပြင် အဆိုပါ အစီရင်ခံစာသည် ဂါဇာတွင် ဆိုးရွားနေသည့် လူသားချင်းစာနာထောက်ထားမှု အခြေအနေ၊ ကျယ်ပြန့်စွာ ပျက်စီးဆုံးရှုံးနေမှုများကြား အရပ်သားများ ရင်ဆိုင်နေရသည့် ဆက်လက်ဖြစ်ပေါ်နေသော အန္တရာယ်များ၊ အခြေခံလိုအပ်ချက်များ ပြတ်လပ်နေမှုနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဝင်ရောက် နိုင်မှုအပေါ် ကန့်သတ်ချက်များနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ ထပ်ခါတလဲလဲ သတိပေးချက်များကို ထပ်မံဖော်ပြထားပါတယ်။
ယနေ့ မိုးမလင်းမီတွင် အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသရှိ နေရာအချို့ကို အမြောက်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ အစ္စရေးစစ်တပ်၏ ယခုတိုက်ခိုက်မှုတွင် ဂါဇာမြို့အရှေ့ဘက်ရှိ အယ်လ်တဖာ့ ရပ်ကွက် ကို အဓိကထား ပစ်ခတ်ခဲ့ပါတယ်။
ထို့အပြင် အစ္စရေးစစ်တပ်၏ ရေတပ်သင်္ဘောများနှင့် စစ်ရေယာဉ်ငယ်များက ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရှိ ခန်ယူနစ် မြို့၏ အရှေ့ဘက်ဒေသများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
ပါလက်စတိုင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ယင်းတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၂ ဦး အနည်းဆုံး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment