အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ဗာမောင့်ပြည်နယ်ကို ကိုယ်စားပြုသော အမေရိကန် အထက် လွှတ်တော် အမတ် ဘာနီ ဆန်ဒါးစ်သည် ယနေ့ စနေနေ့တွင် လူမှုကွန်ရက် X ပေါ်၌ ထုတ်ပြန်ခဲ့သော ၎င်း၏စာတွင် ထရမ့်၏ အီရန်အပေါ် တရားမဝင်ပြီး အဖျက်အဆီးများသော စစ်ပွဲကြောင့် လူထောင်ပေါင်းများစွာ၏ အသက်ဆုံးရှုံး ခဲ့ရသကဲ့သို့ အမေရိကန်စီးပွားရေးကိုလည်း ထိခိုက်ပျက်စီးစေကြောင်း ရေးသားခဲ့ပါတယ်။
အမေရိကန် အထက်လွှတ်တော်အမတ်က ထပ်မံ၍ အမေရိကန်နိုင်ငံတွင် အလုပ်သမားနေ့ အားလပ် ရက် ကာလများ အတွင်း ဓာတ်ဆီ၏ တစ်ဂါလန်လျှင် အမျိုးသားပျမ်းမျှဈေးနှုန်းသည် မည်သည့်အချိန်ကမျှ ဒေါ်လာ ၄ ထက် မကျော်လွန်ခဲ့ကြောင်း၊ သို့သော် ယနေ့တွင် ထိုဈေးနှုန်းသည် တစ်ဂါလန်လျှင် ဒေါ်လာ ၄.၁၅ အထိ ရောက် ရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဘာနီ ဆန်ဒါးစ်က ၎င်း၏ထုတ်ပြန်ချက်အဆုံးတွင် အလေးအနက်ထား၍ “ကျွန်ုပ်တို့သည် ဒီစစ်ပွဲကို ယခုပင် အဆုံး သတ်ရမည်” ဟု ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment