၁၇ စက်တင်ဘာ ၂၀၂၆ - ၂၂:၂၁
တောင်ပိုင်းဆီးရီးယားတွင် ပြင်းထန်သော တိုက်ပွဲများဖြစ်ပွား ၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

ဆီးရီးယားနိုင်ငံ ဒရာအာပြည်နယ် မြောက်ပိုင်းတွင် ဆီးရီးယားစစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့အကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဆီးရီးယားသတင်းမီဒီယာများက ဖော်ပြခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆီးရီးယားနိုင်ငံ ဒရာအာပြည်နယ် မြောက်ပိုင်းရှိ ဆန်မင် မြို့တွင် ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့အကြား တိုက်ပွဲများသည် ကြာသပတေးနေ့ နံနက်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါတိုက်ပွဲများအတွင်း လူအများအပြား သေဆုံးခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။

အယ်လ်အာရေဗျာ ရုပ်သံ၏ သတင်းအရ ဆန်မင်မြို့တွင် လုံခြုံရေးအာဏာပိုင်များက အလိုရှိနေသော လူများနှင့် ထိပ်တိုက်တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ရာ ဆီးရီးယား ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပါတယ်။

အလားတူ Sky News ကလည်း ဒရာအာပြည်နယ် ဆင်ခြေဖုံးဒေသရှိ အယ်လ်ဆန်မင်မြို့တွင် ဆီးရီးယားပြည်တွင်းလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရာဇဝတ်ဂိုဏ်းတစ်ခုမှ အဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်များ ဖြစ်ပွားပြီးနောက် ဆီးရီးယားပြည်တွင်းလုံခြုံရေးဌာနက လုံခြုံရေးအခြေအနေ တည်ငြိမ်စေရန်အတွက် အယ်လ်ဆန်မင်မြို့တွင် ယာယီညမထွက်ရအမိန့် (Curfew) ထုတ်ပြန်ထားကြောင်း ကြေညာခဲ့ပါတယ်။


++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha