အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆီးရီးယားနိုင်ငံ၊ အလက်ပိုမြို့တောင်ဘက်ရှိ အယ်လ်-အီစ်ဒေသအနီးတွင် ဆီးရီးယားစစ်တပ်၏ လက်နက်နှင့် ခဲယမ်းမီးကျောက် သိုလှောင်ရုံတစ်ခု၌ ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ ထို့နောက် ထိုဒေသအတွင်း ပေါက်ကွဲသံများ ဆက်တိုက်ကြားနေရပါတယ်။
အလက်ပိုမြို့ အရပ်ဘက်ကာကွယ်ရေးအဖွဲ့၏ ပြောကြားချက်အရ ပေါက်ကွဲမှုများကြောင့် လူအများအပြား ဒဏ်ရာရရှိခဲ့သည်။ အလက်ပို အရပ်ဘက်ကာကွယ်ရေးအဖွဲ့၏ စစ်ဆင်ရေးတာဝန်ခံ ဖိုင်ဇဲလ် မိုဟမ္မဒ် အလီ က ပြည်သူများကို သတိပေးခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားရာနေရာအနီးသို့ မသွားကြရန် တားမြစ်ထားပါတယ်။
၎င်းက ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် ကယ်ဆယ်ရေးနှင့် အရေးပေါ်ကူညီရေးအဖွဲ့များသည် ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ မရောက်ရှိနိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အလက်ပိုပြည်နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့များကို အမြင့်ဆုံးအဆင့် သတိပေးထားပါတယ်။ အလက်ပိုမှ ဒမတ်စကတ်သို့ သွားသည့် အဓိကလမ်းမကြီးအပါအဝင် အလက်ပိုတောင်ပိုင်းရှိ ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ ဦးတည်သည့် လမ်းကြောင်းအားလုံးကိုလည်း ပိတ်ထားပါတယ်။
ဒေသခံအာဏာပိုင်များက ပြည်သူများအနေဖြင့် မိမိတို့၏ လုံခြုံရေးနှင့် ကယ်ဆယ်ရေးဝန်ထမ်းများ၏ လုံခြုံရေးအတွက် အိမ်ပြင်ထွက်ခြင်းနှင့် ဖြစ်စဉ်ဖြစ်ပွားရာနေရာအနီးတွင် လူစုလူဝေးပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ကြရန် တောင်းဆိုထားပါတယ်။
အခြားတစ်ဖက်တွင်လည်း ဆေးရုံများနှင့် အရေးပေါ်ကူညီရေးအဖွဲ့များကို အပြည့်အဝ အမြင့်ဆုံးအဆင့် သတိပေးထားပါတယ်။ သို့သော် ယခုအချိန်အထိ အဆိုပါ ဆက်တိုက်ဖြစ်ပွားနေသည့် ပေါက်ကွဲမှုများ၏ အကြောင်းရင်းအမှန်ကို အာဏာပိုင်များဘက်မှ တရားဝင်ရှင်းလင်းပြောကြားချက် ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment