အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNAသတင်းဌာန ၏ အစီရင်ခံစာအရ ကာတာနိုင်ငံ စွမ်းအင်ဝန်ကြီးဆာအဒ် ရှရီဒါ အယ်လ်ကာအာဘီ က နယူးယောက်မြို့၌ ကျင်းပသည့် “Qatar Economic Forum” အစည်းအဝေးတွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ဟော်မုဇ်ရေလက်ကြား ၏ အရေးပါမှုသည် လာမည့်နှစ်နှစ်အတွင်း ပျောက်ကွယ်သွားနိုင်သည်ဟု ပြောကြားခဲ့ခြင်းမှာ လုံးဝမှားယွင်းကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ဒေသတွင်းနိုင်ငံများ၏ ပိုက်လိုင်းစီမံကိန်းများ တိုးချဲ့ခြင်းနှင့် အခြားရွေးချယ်စရာ ကုန်သွယ်ရေးလမ်းကြောင်းများ အသုံးပြုခြင်းတို့ကြောင့် နှစ်နှစ်အတွင်း ဟော်မုဇ်ရေလက်ကြား၏ အရေးပါမှု လျော့ကျပြီး ပျောက်ကွယ်သွားနိုင်သည်ဟု ပြောဆိုထားခဲ့ပါတယ်။
ကာတာ စွမ်းအင်ဝန်ကြီး ဆာအဒ် ရှရီဒါ အယ်လ်ကာအာဘီက ယင်းသည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး၏ အမြင်ဖြစ်နိုင်သော်လည်း လုံးဝမှားယွင်းသည့် အမြင်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက ဟော်မုဇ်ရေလက်ကြား၏ အရေးပါမှုသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့ပို့ဆောင်ရေးအတွက်သာ မဟုတ်ဘဲ ကမ္ဘာ့ကုန်သွယ်မှု၏ အစိတ်အပိုင်းအများအပြားသည်လည်း ယင်းအရေးပါသော ရေလမ်းကြောင်းမှတစ်ဆင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ကာတာ စွမ်းအင်ဝန်ကြီးက ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းသွားလာနေသည့် ကမ္ဘာ့ကုန်သွယ်ရေးပမာဏကို ထည့်သွင်းစဉ်းစားပါက ဟော်မုဇ်ရေလက်ကြား၏ အရေးပါမှုသည် မည်သည့်အချိန်တွင်မျှ ပျောက်ကွယ်သွားမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment