၃ အောက်တိုဘာ ၂၀၂၆ - ၂၃:၅၇
ဟစ်ဇ်ဘိုလာက ထရမ့် ၏ ကမ်းလှမ်းချက်ကို ပယ်ချ /  လက်ဘနွန်တော်လှန်ရေးအဖွဲ့က ဆွေးနွေးမည်မဟုတ်

အမေရိကန်နိုင်ငံသည် လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာ နှင့် တိုက်ရိုက်ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ဖန်တီးနိုင်ရန် မကြာသေးမီက အစွမ်းကုန်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရခဲ့ကြောင်း သတင်းရင်းမြစ်အချို့က ဖော်ပြခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Farsnews ၏ အစီရင်ခံစာအရ လက်ဘနွန်နိုင်ငံထုတ် အလ်အက်ခ်ဘာ သတင်းစာ ၏ သတင်းရင်းမြစ်များကို ကိုးကား၍ အမေရိကန်တို့သည် အမေရိကန်နိုင်ငံ တူရကီနိုင်ငံဆိုင်ရာ သံအမတ် တွမ် ဘာရက်  က ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းတွင် တင်ပြခဲ့သော အယူအဆများကို ပြောဆိုနေကြောင်း ဖော်ပြခဲ့ပါတယ်။

ဘာရက်က “မည်သည့် သဘောတူညီချက် သို့မဟုတ် တိုက်ရိုက်ဆွေးနွေးမှုတွင်မဆို ဟစ်ဇ်ဘိုလာနှင့် အီရန်တို့ ပါဝင်ရမည်။ အကြောင်းမှာ အခြားလက်ဘနွန်ဘက်များကို စားပွဲတစ်ဝိုင်းတည်းတွင် စုစည်းရုံမျှဖြင့် ပြဿနာကို တစ်ခုတည်းဖြင့် ဖြေရှင်းနိုင်မည်မဟုတ်သောကြောင့် ဖြစ်သည်” ဟု ပြောဆိုခဲ့ပါတယ်။

ဘာရက်၏ ပြောကြားချက်များကြောင့် အမေရိကန်ပြည်တွင်းနှင့် ပြည်ပ၊ ဒေသတွင်းနှင့် လက်ဘနွန်တို့တွင် ကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့ပြီး၊ ထို့နောက် ၎င်းအနေဖြင့် “ရှင်းလင်းရန်နှင့် နားလည်မှုလွဲမှားမှုကို ဖြေရှင်းရန်” ရည်ရွယ်သည့် သဘောထားများကို ထပ်မံထုတ်ဖော်ပြောဆိုခဲ့ရပါတယ်။

အလ်အက်ခ် ဘာသတင်းစာက ဝါရှင်တန်နှင့် ဟစ်ဇ်ဘိုလာအကြား တိုက်ရိုက်ဆက်သွယ်ရေးလမ်းကြောင်း ဖန်တီးရန် ဒေသတွင်းနှင့် နိုင်ငံတကာ ကြားဝင်စေ့စပ်သူများ၊ သံတမန်ရေးအဖွဲ့များက ကြိုးပမ်းမှုများနှင့် သတင်းစကားများ အများအပြား ပေးပို့ခဲ့ကြောင်း ဖော်ပြတယ်။  ထိုသတင်းအရ အီရတ်ဝန်ကြီးချုပ် အလီ အယ်လ်ဇေဒီ သည် ဤကိစ္စတွင် အများဆုံး ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။

ဘေရွတ်မြို့ရှိ အမေရိကန်သံအမတ်  မစ်ချယ် အီဆာ သည်လည်း ရှီအဟ် အစ္စလာမ်မစ် အဆင့်မြင့်ကောင်စီ ဒုတိယဥက္ကဋ္ဌ ရှိက်ခ် အလီ အယ်လ်ခါတစ်ဗ် အီရန်နှင့် အီရတ်နိုင်ငံများမှ ပြန်လည်ရောက်ရှိလာပြီးနောက်၊ ပြီးခဲ့သည့် စက်တင်ဘာလအစပိုင်းတွင် ဘာရက်၏ ပြောကြားချက်များအပြီး ရက်အနည်းငယ်အကြာ၌ ၎င်းနှင့် တွေ့ဆုံခဲ့ပါတယ်။

အလ်အက်ခ်ဘာ ၏ ဖော်ပြချက်အရ အမေရိကန်တို့က တာလီဘန် ၊ ယီမင်ရှိ  အန်ဆွာရိုလ္လာဟ် နှင့် အီရတ်ရှိ အဖွဲ့အချို့နှင့် တိုက်ရိုက်ဆွေးနွေးခဲ့သည့် အတွေ့အကြုံကို လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာနှင့်လည်း အသုံးချနိုင်သည်ဟု ယူဆနေကြပါတယ်။

ဟစ်ဇ်ဘိုလာက ထရမ့် ၏ ကမ်းလှမ်းချက်ကို ပယ်ချ /  လက်ဘနွန်တော်လှန်ရေးအဖွဲ့က ဆွေးနွေးမည်မဟုတ်

ဟစ်ဇ်ဘိုလာနှင့် အမေရိကန်တို့ ဆွေးနွေးမည်ကို လက်ဘနွန်အစိုးရက စိုးရိမ်

ဤသတင်းအရ မကြာသေးမီက ယီမင်ဖြစ်ရပ်တွင် ဝါရှင်တန်သည် နှစ်လခန့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက်၊ အန်ဆာရူလာက အမေရိကန်စစ်သင်္ဘောအချို့ကို တိုက်ခိုက်ခဲ့ပြီးနောက် ထိုအဖွဲ့နှင့် အပြန်အလှန် မကျူးကျော်ရန် သဘောတူညီသည့် လုံခြုံရေးသဘောတူညီချက်တစ်ရပ် ရရှိနိုင်ခဲ့ပြီး ယခုအချိန်အထိ ယင်းသဘောတူညီချက်ကို ချိုးဖောက်ခြင်း မရှိသေးကြောင်း ဖော်ပြထားပါတယ်။

အလ်အက်ခ်ဘာက အချို့သောဘက်များသည် ဟစ်ဇ်ဘိုလာကို “တိုက်ရိုက်ဆက်သွယ်ခြင်းသည် ကြားဝင်စေ့စပ်မှုထက် ပိုမိုကောင်းမွန်သည်” ဟု နားလည်လာစေရန် ကြိုးပမ်းနေကြောင်းလည်း ဖော်ပြပါတယ်။ 

ထိုသို့ ဆက်သွယ်ခြင်းသည် တင်းမာမှုများ လျော့ကျစေရန်နှင့် နှစ်ဖက်၏ တောင်းဆိုချက်များ ကို တင်ပြနိုင်ရန် အထောက်အကူဖြစ်မည်ဟုလည်းကောင်း၊ ဂျိုးဇက် အောင်  နှင့် နဝါဖ် ဆလမ်  တို့ကို ကိုယ်စားပြုသည့် နိုင်ငံရေးအာဏာနှင့် ပြည်တွင်းအာဏာချိန်ခွင်လျှာတစ်ရပ် ဖန်တီးပေးနိုင်မည်ဟုလည်းကောင်း ဆိုကြပါတယ်။ ထို့အပြင် လက်ဘနွန်အာဏာပိုင်များက ဟစ်ဇ်ဘိုလာ၏ အကျိုးစီးပွားကို ထိခိုက်စေမည့် သဘောတူညီမှုများကို အမေရိကန်တို့နှင့် ပြုလုပ်ခြင်းမှလည်း တားဆီးနိုင်မည်ဟု ဆိုပါတယ်။ 

အဆိုပါသတင်းစာအရ အခြေအနေကို သိရှိသူများက လက်ရှိအဆင့်တွင် ဟစ်ဇ်ဘိုလာက အမေရိကန်တို့နှင့် တိုက်ရိုက်ဆက်သွယ်ရန် ငြင်းဆိုနေခြင်းတွင် သီးခြားစဉ်းစားချက်များ ရှိကြောင်း အလေးပေးပြောကြားပါတယ်။

သို့သော် လက်ဘနွန်အစိုးရက ဝါရှင်တန်နှင့် ဟစ်ဇ်ဘိုလာအကြား မည်သည့်ဆွေးနွေးမှုမျိုးကိုမဆို စိုးရိမ်နေသည်။ အကြောင်းမှာ ထိုသို့ဖြစ်ပါက အမေရိကန်တို့နှင့် ဆက်ဆံရေးအတွက် မိမိတို့၏ တစ်ဦးတည်းသော ကြားခံအခန်းကဏ္ဍကို ဆုံးရှုံးသွားမည်ဟု ယုံကြည်သောကြောင့် ဖြစ်ပါတယ်။

အဆိုပါသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ဟစ်ဇ်ဘိုလာက အမေရိကန်နှင့် မည်သည့်တိုက်ရိုက်ဆက်သွယ်မှုမျိုးမဆို ရလဒ်ကောင်းတစ်ခုသို့ ရောက်ရှိမည်မဟုတ်ကြောင်းနှင့် ယင်းအတွက် အာမခံချက်လည်း မရှိကြောင်း အလေးပေးပြောဆိုထားပါတယ်။

ဟစ်ဇ်ဘိုလာက အမေရိကန်နှင့် ဆွေးနွေးမှုကို ဘာကြောင့် ပယ်ချသလဲ

ဟစ်ဇ်ဘိုလာ၏ ဒုတိယအချက်အနေဖြင့် စဉ်းစားထားသည်မှာ အမေရိကန်အစိုးရက ယင်းဆွေးနွေးမှုမှ ရရှိလိုသည့် ရည်ရွယ်ချက်အပေါ် အဖွဲ့၏ ယုံကြည်မှုမရှိခြင်း ဖြစ်ပါတယ်။

အမေရိကန်၏ ကြားဖြတ်ရွေးကောက်ပွဲများသည်လည်း အမေရိကန်အစိုးရက ယင်းဆွေးနွေးမှုများ ပြုလုပ်ရန် ကြိုးပမ်းနေသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်ပါတယ်။

မည်သို့ပင်ဖြစ်စေ ဒေါ်နယ်လ်ထရမ့်သည်လည်း မကြာသေးမီက “အမေရိကန်၏ ရန်သူများ” နှင့် ဆက်သွယ်မှုများ နှင့် သဘောတူညီမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ယင်းကိစ္စကို ၎င်း၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးတွင် ဝါဒဖြန့်ရန်အတွက် အသုံးချရန် ကြိုးပမ်းနေသည်ဟု သတင်းရင်းမြစ်များက ဆိုပါတယ်။ 

အဆိုပါသတင်းရင်းမြစ်များက ဟစ်ဇ်ဘိုလာအနေဖြင့် အမေရိကန်အစိုးရ၏ ရည်ရွယ်ချက်များကို လုံးဝယုံကြည်မှုမရှိကြောင်း နှင့် အမေရိကန်အစိုးရက ၎င်း၏ သြဇာလွှမ်းမိုးမှုကို အသုံးပြု၍ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများကို ရပ်တန့်စေရန် ဆောင်ရွက်မည်၊ အစ္စရေးအား လက်ဘနွန်တောင်ပိုင်းမှ ပြန်လည်ထွက်ခွာစေရန် ဖိအားပေးမည်ဟု ပြသသည့် ခိုင်မာသော အထောက်အထား မရှိကြောင်း ယုံကြည်နေသည်ဟု ဖော်ပြပါတယ်။

အဆိုပါသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ လက်ရှိစစ်ပွဲအတွင်း အမေရိကန်သည် အစ္စရေးအစိုးရအား ယခင်က မတွေ့ဖူးသည့်အတိုင်း ထူးထူးခြားခြား ထောက်ခံပေးခဲ့ပြီး တစ်ဖက်တွင်လည်း ဟစ်ဇ်ဘိုလာအား လက်နက်ဖြုတ်သိမ်းရန် အစွမ်းကုန် ကြိုးပမ်းခဲ့ကာ ထိုအတွက် အစ္စရေးဘက်မှ မည်သည့်အလျှော့အတင်းမျှ မပေးစေရန်လည်း ကြိုးပမ်းခဲ့သည်ဟု ဆိုပါတယ်။ 

အခြေအနေကို သိရှိသည့် သတင်းရင်းမြစ်များက ဟစ်ဇ်ဘိုလာသည် လက်ရှိအမေရိကန်အစိုးရကို ယုံကြည်မှုမရှိကြောင်းလည်း ပြောကြားသည်။ အကြောင်းမှာ အမေရိကန်အစိုးရသည် မိမိပြုလုပ်ထားသည့် သဘောတူညီချက်များအနက် မည်သည့်သဘောတူညီချက်ကိုမျှ လိုက်နာခြင်းမရှိခဲ့ဘဲ ၎င်း၏ မဟာမိတ်များနှင့် ပြုလုပ်ထားသည့် သဘောတူညီချက်များကိုပင် လိုက်နာခြင်းမရှိသောကြောင့် ဖြစ်သည်ဟု ဆိုပါတယ်။ 

ထိုသတင်းရင်းမြစ်များ ၏ အဆိုအရ ထရမ့်သည် “နိုင်ငံရေးလှည့်စားမှု” ဖြင့် ဆောင်ရွက်နေပြီး ယင်းကို နိုင်ငံတကာဆက်ဆံရေးတွင် တရားဝင်အသုံးချနိုင်သည့် နည်းလမ်းတစ်ရပ်အဖြစ် သဘောထားသည်ဟု ဆိုပါတယ်။

လက်ဘနွန်သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ နိုင်ငံတကာအာမခံချက် မရှိခြင်းကြောင့် ဟစ်ဇ်ဘိုလာက အမေရိကန်နှင့် ဆွေးနွေးရန် ငြင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။

ထို့ကြောင့် ဟစ်ဇ်ဘိုလာက ထရမ့်အစိုးရ၏ တိုက်ရိုက်ဆွေးနွေးရန် ကမ်းလှမ်းမှုသည် ၎င်း၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအတွက် နိုင်ငံရေးနှင့် မီဒီယာဆိုင်ရာ အကျိုးအမြတ် ရရှိစေရန်သာ ရည်ရွယ်ခြင်းဖြစ်သည်ဟု ယူဆနေပါတယ်။ 

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha