၅ အောက်တိုဘာ ၂၀၂၆ - ၁၄:၃၉
အီရန် တပ်မတော်ဦးစီးချုပ်၏ သတိပေးချက် / “စစ်ပွဲအသစ်စတင်ပါက မီးလောင်မှုက အားလုံးကို ဝါးမျိုသွားမည်”

အီရန် တပ်မတော်အထွေထွေစစ်ဦးစီးချုပ် နှင့် ခါသန်မိုလ်အန်ဗီယာ (ဆွ) ဗဟိုစစ်ဌာနချုပ် တပ်မှူးက မိမိ ၏ သတင်းစကားတွင် အလေးပေးပြောကြားခဲ့သည်မှာ - “အီရန်နိုင်ငံအပေါ် စစ်ပွဲအသစ်တစ်ရပ် စတင်လာပါက ထိုစစ်ပွဲ၏ မီးလောင်မှုသည် အားလုံးကို ဝါးမျိုသွားမည်ဖြစ်ပါတယ်။”

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Farsnews ၏ အစီရင်ခံစာအရ  က ဖော်ပြသည်မှာ တပ်မတော်အဆင့်မြင့်ဗိုလ်ချုပ် အလီ အဗ်ဒိုလ်အေလာဟီ  သည် အီရန် တပ်မတော်အထွေထွေစစ်ဦးစီးချုပ် နှင့် ခါတမ်အလ်-အန်ဘီယာ ဗဟိုဌာနချုပ် တပ်မှူးအဖြစ်မိမိ ၏ သတင်းစကားတွင် အထက်ပါအတိုင်း အလေးပေးပြောကြားခဲ့သည်။

သတင်းစကား၏ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။


إِنَّ اللَّهَ يُحِبُّ الَّذِينَ يُقَاتِلُونَ فِي سَبِيلِهِ صَفًّا كَأَنَّهُمْ بُنْيَانٌ مَرْصُوصٌ (صف آیه ۴)

“အလ္လာဟ်အရှင်မြတ်သည် မိမိ၏လမ်းတော်တွင် တစ်စုတစ်စည်းတည်း စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ကြသူများကို အလွန်ချစ်မြတ်နိုးတော်မူ၏။ သူတို့သည် ခိုင်မာစွာတည်ဆောက်ထားသော အဆောက်အအုံတစ်ခုကဲ့သို့ ဖြစ်ကြသည်။” (စူရဟ် ဆွဖ် ၊ အာယတ် ၄)

အစ္စလာမ်မစ် အီရန်နိုင်ငံ၏ ချစ်ခင်ရသော ပြည်သူများခင်ဗျာ ...

ယခုအချိန်တွင် အလ္လာဟ်အရှင်မြတ်၏ အထူးကျေးဇူးတော်များ၊ ကျွန်ုပ်တို့၏ အေမာမ် နှင့် သခင်ကြီး ဝလီယေလ်အဆ်ရ် (အလ္လာဟ်အရှင်မြတ်ကသခင်ကြီး ၏ ပေါ်ထွန်းခြင်းကို အလျင်အမြန် ဖြစ်စေတော်မူပါစေ) ၏ အထူးအာရုံစိုက်စောင့်ရှောက်မှု၊ အစ္စလာမ်မစ် တော်လှန်ရေး၏ ခေါင်းဆောင်ကြီးနှစ်ပါးထံမှ အမွေအနှစ်အဖြစ် ရရှိထားသည့် မြင့်မြတ်သော အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံစနစ်အပေါ် ပြည်သူလူထုအလွှာအသီးသီး၏ မလျော့သော ထောက်ခံမှု၊ မရ်ဟွန်မ် ရှဟီးဒ် ခေါင်းဆောင်  ခါမေနာအီ ၏ ရဲရင့်ပြီး ပညာရှိသော ဦးဆောင်မှု၊ ဝန်ထမ်းအစိုးရ၏ မနားမနေ ကြိုးပမ်းမှုများနှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ အားထုတ်မှုများကြောင့် ...

အမေရိကန်၏ ဆိုးယုတ်ပြီး ဥပဒေမဲ့ ခေါင်းဆောင်များနှင့် အတုအယောင် ဇီယွန်ဝါဒီ အစိုးရတို့က အစ္စလာမ်မစ် အီရန်နိုင်ငံအပေါ် ချမှတ်လာခဲ့သော စစ်ပွဲများနှင့် မတရားသော တိုက်ခိုက်မှုများသည် ရှုံးနိမ့်ခဲ့ပြီးဖြစ်ပါသည်။

လွတ်လပ်ပြီး အမှီအခိုကင်းသော ကျွမ်းကျင်သူများ၏ ဝန်ခံချက်အရ အမေရိကန် ၏ မကောင်းသော သမ္မတ နှင့် ဇီယွန်ဝါဒီ ရာဇဝတ်ဂိုဏ်း၏ ခေါင်းဆောင်တို့သည် နယ်ပယ်အသီးသီးတွင် ပြင်းထန်သော အကျပ်အတည်းများနှင့် ရင်ဆိုင်နေရပါသည်။

သတင်းနှင့် အချက်အလက်အချို့အရ ၎င်းတို့သည် အီရန်က နျူကလီးယားလက်နက် ရရှိရန် ကြိုးပမ်းနေသည်ဆိုသော “ကြီးမားသော လိမ်လည်မှု” ကို အကြောင်းပြချက်အဖြစ် အသုံးပြု၍လည်းကောင်း ၊ အီရန်သည် အားနည်းသော အခြေအနေတွင် ရှိနေသည်ဟု ယူဆ၍လည်းကောင်း အီရန်အပေါ် စစ်ပွဲအသစ်တစ်ရပ်ကို ပြန်လည်စတင်ရန် ကြိုးပမ်းနေကြပါသည်။ 

ထိုအခြေအနေတွင် အောက်ပါအချက်များကို အသိပေးလိုပါသည်။ 

၁။ နှစ်ထောင်ပေါင်းများစွာ သမိုင်းကြောင်းရှိသော ယဉ်ကျေးမှုကြီးကို ပိုင်ဆိုင်ထားသည့် အီရန်ပြည်သူများသည် အစဉ်အလာအားဖြင့် လွတ်လပ်မှုကို မြတ်နိုးသူများ၊ ဖိနှိပ်မှုကို ဆန့်ကျင်သူများနှင့် တရားမျှတမှုကို လိုလားသူများ ဖြစ်ကြသည်မှာ လွတ်လပ်စွာ တွေးခေါ်နိုင်သူ မည်သူမျှ ငြင်းဆိုနိုင်မည်မဟုတ်သကဲ့သို့ လူတိုင်းကလည်း ဝန်ခံထားကြပါသည်။

အစ္စလာမ်၏ ကောင်းချီးကြောင့် ၎င်းတို့သည် ဝလီယွလ္လာဟ်ကို သစ္စာရှိစွာ လိုက်နာခြင်း၊ မတရားမှုကို ဆန့်ကျင်ရပ်တည်ခြင်း၊ ဖိနှိပ်ခံရသူများကို ကူညီခြင်း၊ အလ္လာဟ်အရှင်မြတ်၏ အောင်ပွဲပေးတော်မူခြင်းကို ယုံကြည်ခြင်းနှင့် ဖိနှိပ်သူများအပေါ် အဆုံးစွန်အောင်ပွဲရမည်ဟူသော ယုံကြည်ချက်တို့ဖြင့် ပြည့်စုံလာကြပါသည်။

ထိုဂုဏ်သိက္ခာရှိသော လမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းရာတွင် မည်သည့် ဖိနှိပ်သူ၊ အာဏာအလွဲသုံးသူ သို့မဟုတ် အနိုင်ကျင့်သူ၏ ရှေ့တွင်မျှ နောက်ဆုတ်သွားမည်မဟုတ်ပါ။

၂။ သမိုင်းတစ်လျှောက် မတရားသော နယ်မြေလုယူမှု၊ သတ်ဖြတ်မှုနှင့် ကျူးကျော်မှုတို့အပေါ် အခြေခံတည်ဆောက်ထားသော နှစ်ပေါင်း ၈၀ သက်တမ်းရှိ တရားမဝင် ဇီယွန်ဝါဒီအုပ်စုသည် အီရန်အားနည်းနေသည်ဟူသော မှားယွင်းသော တွက်ချက်မှုနှင့် ထင်ယောင်ထင်မှားမှုကြောင့်၊ အမေရိကန်၏  “မကောင်းဆိုးဝါးကြီး” ထံမှ ခွင့်ပြုချက်ရရှိပြီး  ၁၂ ရက်ကြာ စစ်ပွဲ နှင့် ရမ်ဒွါန် စစ်ပွဲ ကို အမေရိကန်သမ္မတအား လှည့်ဖြား၍ အစ္စလာမ်မစ် အီရန်နိုင်ငံအပေါ် စတင်ခဲ့ပါတယ်။

စစ်ပွဲစတင်ပြီး ရက်အနည်းငယ်အကြာတွင် အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များက ပြင်းထန်၊ ထိရောက်ပြီး အလေးအနက်ရှိသော ထိုးနှက်မှုများ ပြုလုပ်ခဲ့ခြင်းအပါအဝင် အကြောင်းရင်းအမျိုးမျိုးကြောင့် ထိုဇိုင်ယွန်ဝါဒီအုပ်စုသည် အခက်အခဲကြုံပြီး စစ်ပွဲရပ်ဆိုင်းရန် တောင်းဆိုလာခဲ့သည်။ ၎င်းတို့ကိုယ်တိုင် စတင်ခဲ့သည့် စစ်ပွဲမှ ထွက်ပေါက်ရှာဖွေရန်လည်း ကြိုးပမ်းခဲ့ပါတယ်။ 

ယခင် စစ်ပွဲနှစ်ကြိမ် ၏ ရလဒ်မှာ ထိုသိမ်းပိုက်ထားသော နယ်မြေများရှိ အစိုးရနှင့် တရားမဝင်နေထိုင်သူများအတွက် လုံခြုံရေးကို ဆောင်ကြဉ်းမပေးနိုင်ခဲ့သည့်အပြင်၊ ၎င်းတို့၏ ခေါင်းဆောင်များ၏ အားနည်းမှု၊ ထိရောက်မှုမရှိမှုနှင့် အကျင့်ပျက်ခြစားမှုများကို ပိုမိုထင်ရှားစေခဲ့ပြီး လုံခြုံမှုမရှိခြင်းကိုလည်း ပိုမိုတိုးပွားစေခဲ့ပါသည်။ ထိုအကျိုးဆက်များကို ဖုံးကွယ်၍ မရနိုင်ပါ။

ဇီယွန်ဝါဒီအစိုးရသည် ယခုအချိန်တွင်သာမက မည်သည့်အချိန်တွင်မဆို အင်အားကြီး အီရန်နိုင်ငံနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း မရှိကြောင်း ကျွန်ုပ်တို့ အခိုင်အမာ ယုံကြည်ပါသည်။

အကယ်၍ မည်သည့်အကြောင်းကြောင့်မဆို ၎င်းတို့သည် တွက်ချက်မှုမှားယွင်းပြီး စစ်ပွဲအသစ်တစ်ရပ်ကို စတင်လာပါက အီရန်ပြည်သူများနှင့် ရဲရင့်သော စစ်သည်များ၏ အလ္လာဟ် ဟို အရှင်မြတ် သခင်ပေး အမျက်ဒေါသ၏ မိုးကြိုးများသည် ၎င်းတို့၏ ရည်မှန်းချက်နှင့် အိပ်မက်များအားလုံးကို ဖျက်ဆီးပစ်မည်ဖြစ်ပါသည်။

၃။ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် သည်လည်း ပထမဦးစွာ သိထားရမည်မှာ အစ္စလာမ်မစ် အီရန်သမ္မတနိုင်ငံ၏ အမြင်အရ “ခွေးဝါသည် မြေခွေး၏ ညီအစ်ကိုဖြစ်သည်”ဆိုသည့်အတိုင်း အခြေအနေသည် မည်သို့ပြောင်းလဲသည်ကို စောင့်ကြည့်နေမည်မဟုတ်သကဲ့သို့ အမေရိကန်ကွန်ဂရက် ရွေးကောက်ပွဲ၏ ရလဒ်ကိုလည်း စောင့်ဆိုင်းနေမည်မဟုတ်ပါ။

အမှန်တကယ်တွင် အမေရိကန်ပြည်သူများသာ ထရမ့်၏ သမ္မတရွေးကောက်ပွဲအတွင်း ပြောဆိုခဲ့သော လိမ်လည်မှုများအတွက် အဖြေကို ယခုရွေးကောက်ပွဲတွင် ပြန်လည်ပေးရန် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြပါသည်။

ဒုတိယအနေဖြင့် ရွေးကောက်ပွဲမတိုင်မီဖြစ်စေ၊ ရွေးကောက်ပွဲပြီးနောက်ဖြစ်စေ၊ ရလဒ်မည်သို့ပင်ဖြစ်စေ၊ အမေရိကန်ကိုယ်တိုင်က အီရန်အစ္စလာမ်မစ်နိုင်ငံအပေါ် တိုက်ခိုက်လာပါက၊ သို့မဟုတ် ကလေးသူငယ်များကို သတ်ဖြတ်သော ဇီယွန်ဝါဒီအစိုးရ ၏ လှုံ့ဆော်မှုကြောင့် တိုက်ခိုက်လာပါက၊ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် ချက်ချင်းပင် ပြင်းထန်စွာ၊ အင်အားအပြည့်ဖြင့်၊ နာကျင်စေမည့် ပုံစံဖြင့် အမေရိကန်၏ အကျိုးစီးပွားများကို ကန့်သတ်ချက်မရှိဘဲ ပစ်မှတ်ထားမည် ဖြစ်ပါသည်။ ရမ်ဒွါန် စစ်ပွဲအတွင်း တွေ့မြင်ခဲ့ရသည့်အတိုင်း ဖြစ်ပါသည်။

၄။ဒေသတွင်းတွင် အမေရိကန်တပ်ဖွဲ့များကို လက်ခံထားသည့် နိုင်ငံများကလည်း သိထားကြပါ။ ဒေသတွင်း မလုံခြုံမှုများနှင့် စီးပွားရေးပြဿနာများ ဖြစ်ပေါ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ဒေသတွင်း၌ အမေရိကန်၏ “အကြမ်းဖက်တပ်ဖွဲ့” ရှိနေခြင်းပင် ဖြစ်ပါသည်။

ထိုအမေရိကန်တပ်ဖွဲ့များ၏ ဒေသတွင်းရှိနေမှု ဆက်လက်တည်ရှိနေသရွေ့ မလုံခြုံမှုများလည်း ဆက်လက်ရှိနေမည်ဖြစ်ပါသည်။

သတိပြုကြပါ။ အီရန်အပေါ် စစ်ပွဲအသစ်တစ်ရပ် စတင်လာပါက ထိုစစ်ပွဲ၏ မီးလောင်မှုသည် အားလုံးကို ဝါးမျိုသွားမည်ဖြစ်ပါသည်။

ထို့အပြင် ဇီယွန်ဝါဒီအုပ်စု၏ ခေါင်းဆောင်သည် ဒေသတွင်းသို့ ရောက်ရှိနေပြီး အီရန်၏ နျူကလီးယားအစီအစဉ်သည် စစ်ရေးအဆင့်သို့ ဝင်ရောက်သွားပြီဟု ကြေညာနေခြင်းသည် ပထမအချက်အနေဖြင့် ၎င်း၏ ထင်ယောင်ထင်မှားမှုကြောင့် ဖြစ်ပါသည်။ ဒုတိယအချက်အနေဖြင့် အီရန်ကို ကြောက်ရွံ့စေရန်နှင့် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ပုံဖော်ရန် ဖြစ်ပါသည်။

လူတိုင်းက ငြိမ်းချမ်းရေးအတွက်သာ ဖြစ်ကြောင်း အတည်ပြုထားသည့် အီရန်၏ နျူကလီးယားအစီအစဉ်သည် တိုးတက်ပြီး စစ်ရေးအဆင့်သို့ ဝင်ရောက်လာပြီဟူသော ပြောဆိုချက်ကို သတိထားကြပါ။

နျူကလီးယားထိပ်ဖူးရာနှင့်ချီ ပိုင်ဆိုင်ထားသော ရာဇဝတ်ကျူးလွန်သူတစ်ဦး ထံမှ ထိုကဲ့သို့သော စွပ်စွဲချက်သည် လက်ခံနိုင်စရာမရှိသည့်အပြင် နိုင်ငံတကာဥပဒေများကို လုံးဝလိုက်နာခြင်းမရှိသူက ထိုဥပဒေများကို ပြက်ရယ်ပြုခြင်းပင် ဖြစ်ပါသည်။

၅။ နိုင်ငံတကာအဖွဲ့အစည်းများ၊ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အား သတိပေးလိုသည်မှာ - သိုးရုပ်ဆောင်နေသော ဝံပုလွေကဲ့သို့သော အခန်းကဏ္ဍကို ဆက်လက်မကစားကြရန်နှင့် အီရန်၏ နျူကလီးယားစက်ရုံများနှင့် ပတ်သက်၍ အခြေအမြစ်မရှိသော မှတ်ချက်များ ဆက်လက်မပြုလုပ်ကြရန် ဖြစ်ပါသည်။

၆။ နောက်ဆုံးအနေဖြင့် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ အီရန်နိုင်ငံသည် ယခင်အချိန်များထက် ပိုမိုအားကောင်းပြီး၊ မည်သည့်ခြိမ်းခြောက်မှုမျိုး၊ မည်သည့်အဆင့်မျိုးကိုမဆို ရင်ဆိုင်ရန် အပြည့်အဝ အသင့်ရှိနေကြောင်း ထပ်မံသတိပေးလိုပါသည်။

ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ အောင်ပွဲပေးတော်မူခြင်းကို မျှော်လင့်ယုံကြည်ကြပါသည်။


وَمَا النَّصْرُ إِلَّا مِنْ عنداللهِ الْعَزِيزِ الْحَكِيمِ

                    

“အောင်ပွဲသည် အစွမ်းထက်၍ ပညာအနန္တ နှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်မှသာ ဖြစ်ပါသည်။”

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Your Comment

You are replying to: .
captcha