အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRIB သတင်းအေဂျင်စီ ၏ အဆိုအရ ကလက်ရှ် ရီပို့တ် (Clash Report) က ဝေါလ်စထရိ ဂျာနယ် (Wall Street Journal) ကို ကိုးကား၍ ဖော်ပြခဲ့သည်မှာ အမေရိကန်သည် ၎င်း၏ B-1 ဗုံးကြဲလေယာဉ်များကို အင်္ဂလန်ရှိ ဖဲယားဖို့ဒ် (Fairford)လေတပ်စခန်းမှ ရုပ်သိမ်းခဲ့ပါတယ်။
အင်္ဂလန်ရှိ “ဖဲယားဖို့ဒ်” လေတပ်စခန်း အပေါ် ပူးပေါင်း တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားနိုင်သည်ဟူသော လုံခြုံရေးစိုးရိမ်မှုများ ပေါ်ပေါက်လာပြီးနောက် ထိုကြံစည်မှုသည် အီရန်နှင့် ဆက်နွှယ်နိုင်သည်ဟု ယူဆရကြောင်း ဒါကြောင့် အမေရိကန်သည် ထိုစခန်းတွင် ရှိနေသော B-1 ဗုံးကြဲလေယာဉ် ၁၂ စင်းလုံးကို ရုပ်သိမ်းခဲ့ရကြောင်း သိရှိရပါတယ်။
အမေရိကန် အရာရှိများက အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) ၏ အဖွဲ့ခွဲတစ်ခုသည် ထိုဗုံးကြဲလေယာဉ်များကို ပစ်မှတ်ထားရန်နှင့် စစ်ဘက်ဝန်ထမ်းများကို တိုက်ခိုက် ရန်အတွက် ဗြိတိန်နိုင်ငံသားအချို့ကို အသုံးချခဲ့သည် ဟု ယုံကြည်ကြပါတယ်။
သို့သော် ဗြိတိန်အရာရှိအချို့က ထိုပူးပေါင်းကြံစည်မှု၏ ရှုပ်ထွေးမှုအဆင့်နှင့် ပတ်သက်၍ သံသယရှိစရာဆို ကြပါတယ်။
ဖဲယားဖို့ဒ် လေတပ်စခန်း ကို အမေရိကန်၏ ဗုံးကြဲလေယာဉ်များက အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာတွင် အဓိကစခန်းအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။
ယခုအခါ ထိုဗုံးကြဲလေယာဉ်များသည် အမေရိကန်နိုင်ငံအတွင်းရှိ ၎င်းတို့၏ အဓိကစစ်အခြေစိုက်စခန်းများသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ပြီး ကမ္ဘာတစ်ဝန်း စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ရန်အတွက် ဆက်လက်အသင့်ရှိနေပါတယ်။
အီရန်ကလည်း ၎င်းတို့ ၏ လှုပ်ရှား မှုများ ကို အလွတ်ပေးမည်မဟုတ်ပဲ မျက်ခြေ မဖြတ် ကြည့်ရှု နေကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment