အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အိန္ဒိယ ရှီအဟ် ကိုယ်ရေးကိုယ်တာ ဥပဒေ အဖွဲ့ချုပ် ၏ အကြီးအကဲ ဖြစ်သူ မောင်လာနာ ယအ်စူဗ်အဘာစ် ပြောသည့် ဗီဒီယို ကလစ် ဖိုင့် ၏ မြန်မာ ဘာသာပြန်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အအူးဇု ဘိလ္လာဟိ မိနရှ်ရှိုင်တွာနိရ် ရဂျီးမ်၊ ဘိစ်မိလ္လာဟိရ် ရဟ်မာနိရ် ရဟီးမ်။
လေးစားအပ်ပါသော လူကြီးမင်းများ ခင်ဗျား ...
လူကြီးမင်း တို့ သိရှိပြီးဖြစ်သည့်အတိုင်း အစ္စရေး၏ ပေးကမ်းမှုလေးများကို မှီခိုစားသောက်နေသူ အန်ကစ် အဂ္ဂနီဟိုထရီ (Ankit Agnihotri) သည် ရှဟီးဒ်ဖြစ်သွားပြီဖြစ်သော အာယာသွလ္လာဟ် ဆယက်ဒ် အလီ ခါမေနီကြီး နှင့် ပတ်သက်၍ မလျော်ကန်သော စကားလုံးများကို အသုံးပြုခဲ့ပါတယ်။ထိုကိစ္စနှင့်ပတ်သက်၍ ယနေ့ ကျနော် သည် လပ်ခ်နောင်းမြို့ရှိ ဂျောက်ရဲစခန်း (Chowk Police Station) သို့ သွားရောက်ခဲ့ပြီး သူ့ကို တရားဝင် အမှုဖွင့်တိုင်ကြားနိုင်ရန်အတွက် စာဖြင့်ရေးသားထားသော တိုင်ကြားစာကို ပေးအပ်ခဲ့ပါတယ်။
အုပ်ချုပ်ရေးအာဏာပိုင်များနှင့် ရဲစခန်းဘက်ကလည်း အရေးယူဆောင်ရွက်ပေးမည်ဟု ကတိပြုထားပါတယ်။ ကျွန်တော်သည် လပ်ခ်နောင်းရဲတပ်ဖွဲ့ ကော်မရှင်နာ၊ အေဒီစီပီ (ADCP) နှင့် တာဝန်ရှိသူအားလုံးကိုလည်း ဤကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးပြောဆိုခဲ့ပြီး ၎င်းကို အမြန်ဆုံး ဖမ်းဆီးပေးရန် တောင်းဆိုခဲ့ပါတယ်။
ဤကိစ္စနှင့်ပတ်သက်၍ တိုင်ကြားစာတစ်စောင်ကိုလည်း တင်သွင်းခဲ့ပါတယ်။ ထိုတိုင်ကြားစာကို ချောက်ရဲစခန်းမှူးထံသို့ ကိုယ်တိုင်ပေးအပ်ခဲ့ပြီး အန်ကစ် အဂ္ဂနီဟိုထရီကို ဥပဒေနှင့်အညီ အပြင်းထန်ဆုံး အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုထားပါတယ်။
ကျနော် အနေဖြင့် ခင်ဗျားတို့အားလုံးကို တောင်းဆိုလိုပါတယ်။ ကျနော့် ၏ ဤသတင်းစကားကို မည်သည့်နေရာသို့ပင် ရောက်ရှိစေကာမူ ကျနော်တို့၏ အသိုင်းအဝိုင်းအတွင်း၌ ရှေ့နေများလည်း ရှိကြပါတယ်။ အဖွဲ့အစည်းများလည်း ရှိကြပတယ်။ အန်ဂျုမန်အသင်းများလည်း ရှိကြပါတယ်။ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များလည်း ရှိကြပါတယ်။
(အခု )အာယာသွလ္လာဟ် ဆယက်ဒ် အလီ ခါမေနီ ကြီးကို စော်ကားပြောဆိုခဲ့ကြပါတယ်။ ထို့အပြင် လပ်ခ်နောင်းမြို့သည် ကျနော် တို့၏ အဓိကဗဟိုချက်တစ်ခုလည်း ဖြစ်ပါတယ်။
ထို့ကြောင့် ဤကိစ္စသည် လူကြီးမင်း တို့အားလုံး၏ တာဝန်ဖြစ်ပါတယ်။ မိမိတို့နေထိုင်ရာ ဒေသအသီးသီးရှိ ရဲစခန်းများသို့ သွားရောက်ကြပါ။ ၎င်းကို တိုင်ကြားစာများ ပေးအပ်ကြပါ။ ၎င်းအား တရားဝင် အမှုဖွင့်ပြီး အရေးယူပေးရန် တောင်းဆိုကြပါ။
ကျနော် ကိုယ်တိုင်လည်းဂျောက်ရဲစခန်းသို့ သွားရောက်ခဲ့ပြီး ၎င်းကို တရားဝင် အမှုဖွင့်တိုင်ကြားနိုင်ရန် တိုင်ကြားစာကို ပေးအပ်ခဲ့ပါတယ်။ အင်န်ရှာအလ္လာဟ်၊ မကြာမီအချိန်အတွင်း သူသည် ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းမှုအောက်သို့ ရောက်ရှိလာမည်ဖြစ်ပြီး ရဲတပ်ဖွဲ့၏ လက်လှမ်းမမီဘဲ ထွက်ပြေးလွတ်မြောက်နေနိုင်မည် မဟုတ်ပါ။
ထို့အပြင် ဤကဲ့သို့ ပြုမူနေကြသူများ၊ မရ်ဂျအီယသ် ကို လှောင်ပြောင်သရော်နေကြသူများနှင့် အာယာသွလ္လာဟ် ဆယက်ဒ် အလီ ခါမေနီ ကြီးအား စော်ကားပြောဆိုနေကြသူများအားလုံးလည်း သေချာနားထောင်ကြပါ။
အကယ်၍ ၎င်းတို့သည် ရှဟီးဒ်ဖြစ်သွားပြီဖြစ်သော ခေါင်းဆောင်ကြီး အာယာသွလ္လာဟ် ဆယက်ဒ် အလီ ခါမေနီကြီးကိုဖြစ်စေ၊ ကျနော် တို့၏ အခြား မရ်ဂျအ်များကိုဖြစ်စေ စော်ကားပြောဆိုခဲ့ပါက ၎င်းတို့ကို ဥပဒေနှင့်အညီ အပြင်းထန်ဆုံး အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါတယ်။
ဤမျှဖြင့် နိဂုံးချုပ်အပ်ပါတယ်။
ဝစလာမ် ....
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment