အိန္ဒိယ
-
H.I အိဖ်သေခါရ် ဟိုစိုင်းန် အန်ဆွာရီ ၏ ၁၂ ကြိမ်မြောက် နှစ်ပတ်လည် နေ့တွင် ကက်ရှ်မီးယားတစ်ဝန်း ကုရ်အာန်ရွတ် ခွာနီ နှင့် မဂျ်လစ်များ ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ ထင်ရှားကျော်ကြားသော ဘာသာရေးပညာရှင်၊ နိုင်ငံရေးခေါင်းဆောင် နှင့် လူမှုရေးပုဂ္ဂိုလ်ဖြစ်သူ H.I အိဖ်သေခါရ် ဟိုစိုင်းန် အန်ဆွာရီ ကွယ်လွန်ခဲ့သည့် ၁၂ ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဂျမ်မူး နှင့် ကက်ရှ်မီးယား ဒေသရှိ နေရာအမျိုးမျိုးတွင် ကုရ်အာန်ခွာနီ ၊ စူရဟ် ဖာသေဟဟ်ရွတ်ဖတ်ခြင်း၊ မရ်စိယာရွတ်ဖတ်ခြင်းနှင့် မဂျ်လစ်များကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါအခမ်းအနားများတွင် အစ္စလာမ်ဘာသာရေးပညာရှင်များ၊ ဇာကိရ်များ၊ ဘာသာရေးနှင့် လူမှုရေးဆိုင်ရာ ထင်ရှားသူများအပြင် လူမှုအလွှာအသီးသီးမှ ပုဂ္ဂိုလ်များလည်း ပါဝင်တက်ရောက်ခဲ့ကြပါတယ်။
-
သောကြာနမာဇ်သည် လူမှုအသိုင်းအဝိုင်းအသိစိတ်နှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုအတွက် အရေးကြီးသော နည်းလမ်းဖြစ်/H.I ရှိက်ခ် သွာလစ်ဗ် ဟိုစိုင်းန် စိုဗ်ဟာနီ
ကာဂေးလ်မြို့၏ ဗဟိုသောကြာနမာဇ် ဒုတိယရှေ့ဆောင်ဖြစ်သူ H.I ရှိက်ခ် သွာလစ်ဗ် ဟိုစိုင်းန် စိုဗ်ဟာနီက သောကြာနမာဇ်သည် တစ်ဦးချင်းဝတ်ပြုမှုတစ်ရပ်သာမက ဘာသာရေးအသိစိတ်၊ လူမှုအသိုင်းအဝိုင်းစည်းလုံးညီညွတ်မှုနှင့် လူမှုရေးပြုပြင်တိုးတက်မှုအတွက် အရေးကြီးသည့် စုပေါင်းဝတ်ပြုမှုတစ်ရပ်ဖြစ်ကြောင်း သောကြာနေ့ခွသ်ဗဟ်တွင် မိန့်ကြားခဲ့ပါတယ်။ ထို့အပြင် ဆိုရှယ်မီဒီယာကို တာဝန်ရှိစွာ အသုံးပြုရန်၊ အချင်းချင်းလေးစားမှုနှင့် လာဒက်ရှ်ဒေသတွင် ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် ညီရင်းအစ်ကိုစိတ်ကို ထိန်းသိမ်းရန် တိုက်တွန်းခဲ့ပါတယ်။
-
အိန္ဒိယမွတ်စလင်များအပေါ် ဆယ်စုနှစ်တစ်ခုကြာ ခွဲခြားဆက်ဆံမှုများရှိခဲ့ကြောင်း “အာရ်သေ အကယ်ဒမီ” အစီရင်ခံစာ ဖော်ပြ
ဂျီနီဗာအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ “အာရ်သေ အကယ်ဒမီ” က ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်တွင် ၂၀၁၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အိန္ဒိယနိုင်ငံရှိ မွတ်စလင်မ် လူနည်းစုများသည် ခွဲခြားဆက်ဆံမှုဆိုင်ရာ ဥပဒေများ၊ အိမ်ခြံမြေဖြိုဖျက်မှုများ၊ ဖမ်းဆီးတရားစွဲဆိုမှုများနှင့် အကြမ်းဖက်မှုများကို ရင်ဆိုင်ခဲ့ရကြောင်း ဖော်ပြထားပါတယ်။
-
အနောက်ဘင်္ဂလားတွင် « အေမာမ်မဲဟ်ဒီ (အ.စ) နှင့် မရ်ဂျအီယသ် » ခေါင်းစဉ်ဖြင့် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ အနောက်ဘင်္ဂလားပြည်နယ်ရှိ ဂုန်နာရ်ဘန်ဒေသတွင် « အေမာမ်မဲဟ်ဒီ (အ.စ) နှင့် မရ်ဂျအီယသ် » ဟူသော ခေါင်းစဉ်ဖြင့် ပညာရပ်ဆိုင်ရာနှင့် သာသနာပြုဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။ အဆိုပါဆွေးနွေးပွဲသို့ အာလင်မ်ပညာရှင်များ ၁၅ ဦးကျော်နှင့် မုအ်မင်န်များ ခန့်မှန်းခြေအားဖြင့် ၁၅၀ မှ ၂၀၀ ဦးအထိ ပါဝင်တက်ရောက်ခဲ့ကြပြီး လူငယ်များလည်း ထင်ရှားစွာ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။
-
အိန္ဒိယနိုင်ငံရှိဝလီယေဖကီးဟ်ကိုယ်စားလှယ်ရုံး၌အာယာသွလ္လာဟ်အလ်အွဇ်မာဆယက်ဒ်မူစာ ရှိုဗိုင်ရီ ဇန်ဂျာနီ အတွက်အောက်မေ့ဖွယ်ဝမ်းနည်းခြင်းအခမ်း ။ ။ Photos
အဗ်နာ ။ ။ အိန္ဒိယနိုင်ငံရှိ ဝလီယေဖကီးဟ်၏ ကိုယ်စားလှယ်ရုံးတွင် မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မူစာ ရှိုဗိုင်ရီ ဇန်ဂျာနီ အား အောက်မေ့သတိရသည့် ဝမ်းနည်းခြင်းအခမ်းအနားတစ်ရပ်ကို ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် အဗ်ဒိုလ်မဂျီးဒ် ဟကီးမ်အေလာဟီ နှင့် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် မိုဟ်စင် သကဝီ တို့က မိန့်ခွန်းများ ပြောကြားခဲ့ကြပြီး၊ မရ်ဂျအ် သက္က်လီးဒ် ၏ ပညာရပ်ဆိုင်ရာနှင့် ဘာသာရေးဆိုင်ရာ အမှုတော်ဆောင်ရွက်မှုများကို ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြပါတယ်။
-
နယူးဒေလီတွင် အီရန်သမ္မတ ၏ ဘာသာရေးခေါင်းဆောင်များ၊ ပညာရှင်များနှင့် ကုန်သည်များ နှင့် အရေးပါသည့် တွေ့ဆုံမှု ။ ။ Photos
အဗ်နာ ။ ။ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၁ ရက် သောကြာနေ့ညနေတွင် နယူးဒေလီမြို့၌ အိန္ဒိယနိုင်ငံမှ ဘာသာရေးခေါင်းဆောင်များ၊ ပညာရှင်များနှင့် ကုန်သည်များ နှင့် တွေ့ဆုံခဲ့ပါတယ်။ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် BRICS အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံ့ခေါင်းဆောင်များ ၁၈ ကြိမ်မြောက် ထိပ်သီးအစည်းအဝေး သို့ တက်ရောက်ရန်အတွက် နယူးဒေလီမြို့သို့ ရောက်ရှိနေခြင်း ဖြစ်ပါတယ်။
-
အီရန်သမ္မတက နယူးဒေလီမြို့တွင် အိန္ဒိယနိုင်ငံ၏ ဘာသာရေးခေါင်းဆောင်များနှင့် ထင်ရှားကျော်ကြားသူများကို တွေ့ဆုံ ။ ။ Photos
အဗ်နာ ။ ။ အီရန်သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၁ ရက် နေ့ သောကြာနေ့ညနေ တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ အိန္ဒိယနိုင်ငံ၏ ဘာသာရေးခေါင်းဆောင်များ၊ ပညာရှင်များနှင့် စီးပွားရေးတက်ကြွလှုပ်ရှားသူများအနက် အချို့နှင့် တွေ့ဆုံကာ ဆွေးနွေးပြောဆိုခဲ့ပါတယ်။
-
အမေရိကန်သည် အတင်းအကျပ်ဖိအားပေးမှု မအောင်မြင်သဖြင့် ပြည်သူ့စီးပွားရေးကို တိုက်ခိုက်လာသည်ဖြစ်ကြောင်းအီရန်သမ္မတပြောကြား
အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတက အီရန်ပြည်သူများသည် မည်သည့်အတင်းအကျပ် ဖိအားပေးမှုမျိုးကိုမျှ ခေါင်းငုံ့အညံ့ခံမည်မဟုတ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး ရန်သူများသည် အီရန်ပြည်သူများကို ရင်ဆိုင်ရာတွင် မအောင်မြင်ပြီးနောက် စစ်သားများနှင့် စစ်တိုက်မည့်အစား ပြည်သူများ၏ စီးပွားရေးကို ပစ်မှတ်ထားတိုက်ခိုက်နေကြကြောင်း ပြောကြားခဲ့ပါတယ်။
-
အိန္ဒိယဝန်ကြီးချုပ် က အီရန်သမ္မတ နှင့် တွေ့ဆုံမှု အပေါ် ဝမ်းမြောက်ကြောင်း ပြောကြားပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိသော ချစ်ကြည်ရေးကို အလေးပေး
အိန္ဒိယဝန်ကြီးချုပ် နရင်ဒါ မိုဒီသည် ဒေလီမြို့၌ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း နှင့် တွေ့ဆုံခဲ့ရသည့်အပေါ် ဝမ်းမြောက်ကြောင်း မိမိ ၏ Instagram ပို့စ်တွင် ဖော်ပြခဲ့ပြီး အိန္ဒိယနှင့် အီရန်အကြား နှစ်ဦးနှစ်ဖက် အကျိုးရှိသော (win-win) ချစ်ကြည်ရေးကို အလေးပေးပြောကြားခဲ့ပါတယ်။
-
“ဝေလာယသ်၊ကိုယ်ကျင့်ပြုပြင်မှုနှင့်ဟိုစိုင်းန်(အ.စ)အပေါ်သစ္စာရှိမှုသည်အာရှူရာ၏အဓိက သတင်းစကား” ဖြစ်ကြောင်းH.Iဆယက်ဒ်မွတ်ဂျ်သဗါအဘာစ်မူစဝီအယ်လ်ဆဖဝီပြောကြား
ဂျမ်မူ နှင့် ကက်ရှ်မီးယားရှိ ရှီအဟ် ဘာသာရေးအဖွဲ့အစည်း (Anjuman-e-Sharie Shian) ၏ စီစဉ်မှုဖြင့် ဆရီနဂါးမြို့ ဟိုဝ်လ်ဒေသရှိ အီမာမ်ဘာရာ မဒီန်ဆာဟစ်ဘ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကြီးကျယ် ခမ်းနား သည့် မဂျ်လစ် စေ ဟိုစိုင်းန် (အ.စ) ကို ကျင်းပခဲ့ပါတယ်။ အဆိုပါမဂျ်လစ် သို့ အေမာမ် ဟိုစိုင်းန် (အ.စ)အား ဝမ်းနည်းအောက်မေ့ဂုဏ်ပြုသူများနှင့် ယုံကြည်လေးစားသူ အများအပြား တက်ရောက် ခဲ့ကြ ပါတယ်။
-
အီရန် တရားစီရင်ရေးအကြီးအကဲ အာယာသွလ္လာဟ် ဂိုလာန်မ် ဟိုစိုင်းန် မိုဟ်စင်နီ အယေအီ သည် ဒေလီ ဂျာမေအ် မတ်စ်ဂျစ်ဒ် သို့ သွားရောက်ဝတ်ပြု။ ။ Photos
အဗ်နာ ။ ။ အီရန်နိုင်ငံ တရားစီရင်ရေးအကြီးအကဲ အီရန်တရားသူကြီးချုပ် အာယာသွလ္လာဟ် ဂိုလာန်မ် ဟိုစိုင်းန် မိုဟ်စင်နီ အယေအီ သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိစဉ် သမိုင်းဝင် ရှာဟီ ဂျာမေအ် မတ်စ်ဂျစ်ဒ် ၌ သောကြာနေ့ဝတ်ပြုဆုတောင်းမှု ပြုလုပ်ခဲ့ပြီး မတ်စ်ဂျစ်အီမာမ်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံအကြား ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးများကိုလည်း အလေးထားဖော်ပြခဲ့ပါတယ်။
-
ကာဂျစ်စတန်တွင် မိုဒီနှင့်တွေ့ဆုံ၊ အီရန်သမ္မတက အမေရိကန်အင်အားစုများကို ဝေဖန်
အီရန်သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် ကာဂျစ်စတန်နိုင်ငံ၌ အိန္ဒိယဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် အမေရိကန် နိုင်ငံအတွင်း စစ်ပွဲဆက်လက်ဖြစ်ပွားနေခြင်းတွင် မိမိတို့၏ အကျိုးစီးပွားများကို မြင်နေပြီး ယခု တင်းမာမှု နှင့် ပဋိပက္ခများ ဆက်လက်တည်ရှိနေစေလိုသည့် အုပ်စုများ ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
-
တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ မွေးနေ့ရက်မြတ် မင်္ဂလာ အထိမ်းအမှတ် လူ ၁၅၀၀ ခန့်အား အစားအစာ နှင့် သစ်သီးများ ဝေငှ / အိန္ဒိယ ။ ။ Photos
အဗ်နာ ။ ။ အိန္ဒိယ နိုင်ငံ ဂျောင်န်ပူရ် မြို့ တွင် ၁၇ ရဗီအုလ်အော်ဝလ် နေ့တွင် ကျရောက်သည့် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ မွေးနေ့ရက်မြတ် မင်္ဂလာ နှင့် ဝဟ်ဒတ်သ် ရက်သတ္တပတ် ( အစ္စလာမ့်ညီညွတ်ရေး ရက်သတ္တပတ် ) အထိမ်းအမှတ်အဖြစ် အီဒရာအေခါဒိမာနေ အင်ဆာနီယတ်သ် နှင့် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မဒရ်စဟ် တို့က ဂျောင်န်ပူရ် ခရိုင်ဆေးရုံ နှင့် မီးရထားဘူတာတွင် လူနာများ၊ လူနာစောင့်များနှင့် လိုအပ်ချက်ရှိသူ ခရီးသည်များ စုစုပေါင်း ၁၅၀၀ ခန့်အား သစ်သီး၊ ဘီစကစ်နှင့် ဖျော်ရည်များ ဝေငှခဲ့ခဲ့ပါတယ်။ H.I ဆယက်ဒ် ဆဖ်ဒါရ် ဟိုစိုင်းန် ဇိုင်ဒီ က ဦးဆောင် ခဲ့ခြင်း ဖြစ်ပါတယ်။ Photos Credit - Maulana Safdar Husain Zaidi
-
နီပေါပြီးနောက် တရုတ်နိုင်ငံတွင် ရေကြီးမှုဖြစ်ပွား၊ အိန္ဒိယနိုင်ငံသား ၄၉ ဦး ပျောက်ဆုံးနေ
ဒေသခံအာဏာပိုင်များ၏ ပြောကြားချက်အရ မြေပြိုမှုဖြစ်ပွားပြီးနောက် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ နိုင်ငံခြားသား စုစုပေါင်း ၂၆၁ ဦး၏ အခြေအနေကို ယခုအချိန်အထိ မသိရှိရသေးကြောင်း သိရပါတယ်။
-
မီလာဒွန်နဗီ (ဆွ) သည် လူသားချင်းစာနာမှု၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေး၏ သတင်းစကားဖြစ် သည် / မိုဟမ္မဒ် ဒီပက်ကူးမား
အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ် ဒက်ကန်မြို့တွင် ကျင်းပခဲ့သော အိန္ဒိယတစ်နိုင်ငံလုံးဆိုင်ရာ ဘဇ်မ် ရဟ်မတ် အာလမ် ငြိမ်းချမ်းရေးဆု ၂၀၂၆ ချီးမြှင့်ပွဲအခမ်းအနား၌ အူတ္တာရာခန်းပြည်နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဒိပက်ကူးမား (ယခု “မိုဟမ္မဒ် ဒိပက်ကူးမား” ဟုလည်း လူသိများသူ) က ဘာသာတရားအားလုံးသည် လေးစားထိုက်ကြောင်း၊ သို့သော် လူသားချင်းစာနာမှုသည် အရေးအကြီးဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
-
ဟော်မုဇ်ရေလက်ကြားတွင် အိန္ဒိယရေနံတင်သင်္ဘောကို ကြီးမားစွာ တားဆီးမှု
နာရီပိုင်းအတွင်းက အိန္ဒိယနိုင်ငံပိုင် “HAANA” အမည်ရှိ ရေနံတင်သင်္ဘောသည် ဟော်မုဇ်ရေလက်ကြား၏ တောင်ဘက်လမ်းကြောင်းမှ ပြန်လှည့်ခဲ့ပါတယ်။
-
အိန္ဒိယက အာဖဂန်နစ္စတန်နိုင်ငံသို့ ဆေးဝါးအထောက်အပံ့အသစ် ပို့ဆောင်
အိန္ဒိယနိုင်ငံသည် ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ပါဝင်သည့် အထောက် အပံ့ အသစ်တစ်ရပ်ကို ကဘူးလ်မြို့သို့ ပို့ဆောင်ခဲ့သည်။ ယင်းအကူအညီသည် အာဖဂန်နစ္စတန်တွင် ဆေးဝါးအချို့ ပြတ်လပ်နေချိန်နှင့် ပါကစ္စတန်မှ ဆေးဝါးတင်သွင်းမှုများ အနှောင့်အယှက်ဖြစ်နေချိန်တွင် ရောက်ရှိ လာခြင်း ဖြစ်ပါတယ်။
-
ယနေ့ ကမ္ဘာကြီးသည် အာယာသွလ္လာဟ် ခါမေနေအီကဲ့သို့ ကိုယ်ကျင့်တရားမြင့်မားပြီး ပြည်သူဗဟိုပြု ခေါင်း ဆောင်များ ကို ယခင်ကထက် ပိုမိုလိုအပ်နေသည် /ပန်ဒစ် ဗီဂျေး
အိန္ဒိယနိုင်ငံ၏ နာမည်ကြီး ဟိန္ဒူဘာသာရေးခေါင်းဆောင် နှင့် လူမှုရေးလှုပ်ရှားသူ ပန်ဒစ် ဗီဂျေး ကူမာ ရှရ်မာက လက်ရှိခေတ်တွင် ကမ္ဘာကြီးသည် ရိုးရှင်းမှု၊ ကိုယ်ကျင့်တရား၊ တရားမျှတမှုနှင့် လူသားချင်းစာနာမှုတို့ကို မိမိတို့၏ ခေါင်းဆောင်မှုအခြေခံအဖြစ် ခံယူထားသော ခေါင်းဆောင်များကို အလွန်လိုအပ်နေကြောင်း ၎င်း၏အဆိုအရ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ကိုယ်ရည်ကိုယ်သွေး သည် ကမ္ဘာ အတွက် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် လူ့ဂုဏ်သိက္ခာကို ကိုယ်စားပြုသည့် တောက်ပသော စံနမူနာတစ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
-
ကာဂီလ် ၏ အဇါဒါရီ စီတန်းလှည့်လည်ပွဲ တွင် မီးနာဗ် အာဇာနည်များဂုဏ်ပြုကာ ရဲဟ်ဗရ်အင်န်ကေလာဗ် နှင့် ကတိသစ္စာ ပြန်လည်ပြု ။ ။ Photos
အဗ်နာ ။ ။ မုဟရမ် လ ၁၃ ရက်နေ့ အဇါဒါရီ စီတန်းလှည့်လည်ပွဲကို အန်ဂျူမန်ဆွာဟစ်ဗွန်ဇ်ဇမာန်း (အ.ဂျ) ကာဂီလ်လာဒက်ခ် အိန္ဒိယ ၏ဦးဆောင်မှုဖြင့် စည်းကားစွာ ကျင်းပခဲ့ပါတယ်။ ဤအခါသမယတွင် ကလေးများသည် မီးနာဗ် ကျောင်းမှ အာဇာနည်များ၏ ဓာတ်ပုံများကို သယ်ဆောင်ကာ ၎င်းတို့အား ဂုဏ်ပြုခဲ့ကြပါတယ်။ နောက် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ နှင့် ကတိသစ္စာ ပြန်လည်ပြုခဲ့ကြပါတယ်။
-
အိန္ဒိယနိုင်ငံမှ ထင်ရှားသော အစ္စလာမ်ဘာသာရေးပညာရှင် အဲဟ်လေ့ဘိုက်(သ)(အ.စ)ကိုချစ်သူ မောင်လာနာ ဆယက်ဒ် စလ်မာန် ဟိုစိုင်းန်နီ နဒ်ဝီ ကွယ်လွန်
အိန္ဒိယနိုင်ငံ၏ ထင်ရှားသော အစ္စလာမ်ဘာသာရေးပညာရှင်နှင့် ပညာရေးဝန်ဆောင်မှုပေးသူ မောင်လာနာ ဆယက်ဒ် စလ်မာန် ဟိုစိုင်းန်နီ နဒ်ဝီ သည် ကွယ်လွန်သွား ခဲ့ကြောင်း မိသားစု နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ၎င်း၏ ဈာပနဆုတောင်း (နမာဇ်ဇေဂျနဇဟ်) နှင့် သင်္ဂြိုဟ်ခြင်းကို အဆ်ရ် နမာဇ်အပြီး တွင် အိန္ဒိယနိုင်ငံ မာလီဟာဘတ်မြို့ရှိ ဂျာမီယာ ဆယ့်ယစ်ဒ် အဟ်မဒ် ရှဟီးဒ် ကန်သိုလီတွင် ကျင်းပမည်ဖြစ်ပါတယ်။
-
မုဟရမ်လ ၇ ရက်နေ့တွင် ကာဂီလ်၌ ဟဇရသ် အလီ အက္က်ဘဲရ် (အ.စ) အား အောက်မေ့ဖွယ် အဇါဒါရီ ကြီး ပြုလုပ် ။ ။ Photos
အဗ်နာ ။ ။ အေမာမ် ခိုမေနီ အောက်မေ့ဖွယ် ထရပ်စ် (IKMT) ကာဂီလ်၏ ဗစီးဂျ် ဂျေအေမာမ် ဌာန မှ ဟဇရသ် အလီ အက္က်ဘဲရ် (အ.စ) အား အောက်မေ့ဖွယ် အဇါဒါရီ ကြီး ကို ကျင်းပခဲ့ပြီး ဟဇရသ် အလီ အက္က်ဘဲရ် (အ.စ) ၏ ရှဟာဒသ် အတွက် ကြီးမားသော သစ္စာရှိမှုနှင့် လေးစားမှုဖြင့် ကျင်းပခဲ့ပါတယ်။ လူငယ်နှင့် ဝမ်းနည်းပူဆွေးသူ ရာပေါင်းများစွာသည် အဇါဒါရီ တွင် ပါဝင်ခဲ့ကြပြီး တမန်တော် မြတ် (ဆွ) မြေးတော် အေမာမ် ဟိုစိုင်းန်(အ.စ) ၏ သားတော် ဖြစ်သူ ဟဇရသ် အလီ အက္က်ဘဲရ် (အ.စ) အား ဂါရဝပြုခဲ့ကြပါတယ်။
-
၁၈ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မုဟရမ်ပြပွဲ၊ အနုပညာဘောင်အတွင်း အာရှူရာ၏ ကမ္ဘာလုံးဆိုင်ရာ ဇာတ်ကြောင်း
၁၈ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မုဟရမ်ပြပွဲ ၂၀၂၆ ကို အိန္ဒိယနိုင်ငံ၊ လက်ခနောင်းမြို့ရှိ သမိုင်းဝင် အထိမ်း အမှတ် အဆောက်အအုံ "Lal Baredari" တွင် ကမ္ဘာတစ်ဝှမ်းမှ အနုပညာရှင်များနှင့် ဓာတ်ပုံဆရာများ တက် ရောက်ခဲ့ ကြပါတယ်။
-
ကာဂီလ်မြို့တွင် အလီအဇ်ဂဲရ် (အ.စ) နေ့ကို ဂုဏ်ပြုသောအားဖြင့် ကလေးငယ်ရာပေါင်းများစွာ ပါဝင်ဆင်နွှဲခဲ့ကြ
အလီအဇ်ဂဲရ် (အ.စ)နေ့ ကို ကာဂီလ်မြို့ရှိ ဟိုက်ဒါရီမိုဟာလာရှိ ဇိုင်နဗ်ဘီယာခန်းမတွင် အေမာမ် ခိုမေနီ (ရ.ဟ) အောက်မေ့ဖွယ်အထွတ်အထိပ် (IKMT) ကာဂီလ်၏ အမျိုးသမီးဌာနခွဲမှ စီစဉ်သော "ဗစီးဂျ်ဇိုင်နဗ်ဘီယာ" ၏ ဂုဏ်ပြုချီးကျူးမှုဖြင့် ကျင်းပခဲ့ပါတယ်။ ဤအခါသမယတွင် ဟဇရသ် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ၆ လသားအရွယ် ကလေးငယ် ဟဇရသ် အလီ အဇ်ဂဲရ် (အ.စ) ၏ ကြီးကျယ်သော စွန့်လွှတ်မှုကို ဂုဏ်ပြုခဲ့ပါတယ်။
-
မုဟရမ်လကို စောင့်မျှော်ခြင်းဆိုတာ ... ။ ။ video
အဗ်နာ ။ ။ ဤဗီဒီယိုကလစ်တိုလေးတွင် H.I ဆယက်ဒ် အဘာစ် ချဗ်ရဝီက မုဟရမ်လကို စောင့်မျှော်ခြင်း၏ အဓိပ္ပာယ်ကို အောက်ပါအတိုင်း ရှင်းလင်းပြောကြားထားပါတယ်။ မုဟရမ်လ ရောက်ရှိပြီးနောက် အမှန်တရားနှင့် အမှားတရားကို မခွဲခြားတတ်သေးပါက၊ လူကြီးမင်းတို့ မဂျ်လစ် တက်ရောက်ခဲ့သည်ဟု မဆိုနိုင်ပါ။ မုဟရမ်လ ရောက်ရှိပြီးနောက် ဇွာလင်မ်များကို မမုန်းတီးသေးဘဲ၊ မဇ်လူးမ်များကို မချစ်မြတ်နိုးသေးပါက၊ လူကြီးမင်းတို့ထံ မုဟရမ်လသာ ရောက်ရှိလာခြင်း ဖြစ်ပါသည်။ သို့သော် အေမာမ် ဟိုစိုင်းန် (အ.စ) ကြွမြန်းရောက်ရှိလာခြင်း မဟုတ်ပါ။( တစ်နည်းအားဖြင့် မြန်မာလို နားလည်အောင်ပြောရမည်ဆိုလျင် မုဟရမ်လ ရောက်လာတိုင်း အေမာမ် ဟိုစိုင်းန် (အ.စ) ၏ သတင်းစကားများသည် ကျွန်ုပ်တို့၏ နှလုံးသားထဲ ရောက်ရှိပြီး လက်တွေ့ ကျင့်သုံးပြနိုင်ဖို့ အရေးကြီးကြောင်းဖြစ်ပါတယ်။ )
-
အိန္ဒိယက အမေရိကန်သံ တမန်ကို ဆင့်ခေါ်ပြီး ကုန်သွယ်ရေးသင်္ဘောများ တိုက်ခိုက်ခံရမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်
အိုမန်ကမ်းရိုးတန်းတွင် ကုန်သွယ်ရေးသင်္ဘောများ တိုက်ခိုက်ခံရမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရန် အိန္ဒိယက အမေရိကန်သံတမန်ကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆင့်ခေါ်ခဲ့ပါတယ်။
-
အိန္ဒိယနိုင်ငံတွင်« ဝမ်းနည်းပူဆွေးမှု၏ ကြီးကျယ်မှုနှင့် မအ်စူမီးန်(အ.စ) ၏ သန့်ရှင်းမှု » ညီလာခံ ကျင်းပ
နှစ်ရက်ကြာ « ဝမ်းနည်းပူဆွေးမှု၏ ကြီးကျယ်မှုနှင့် မအ်စူမီးန်(အ.စ) ၏ သန့်ရှင်းမှု » ညီလာခံကို အိန္ဒိယနိုင်ငံ၊ လက်ခ်နောင်းမြို့ရှိ မိုအ်စစေဟ် သန်ဇီးမိုလ်မကာသစ်ဗ် ၏ ကြီးကြပ်မှုအောက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပညာရှင်များ၊ အတွေး အခေါ်ပညာရှင်များ၊ ကဗျာဆရာများ၊ သတင်းထောက်များနှင့် အရေးပါအရာရောက် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ ကြပါတယ်။ ပါဝင်သူများသည် ဟိုစိုင်းန်နီ ဝမ်းနည်းပူဆွေးမှု၏ သန့်ရှင်းမှုကို ကာကွယ်ခြင်းကို အလေး ပေးပြောကြားကာ အယူသီးမှု၊ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ခြင်း၊ ကိုယ်စားလှယ် အဖွဲ့များ အကြား မကျန်းမာသော ယှဉ်ပြိုင်မှုနှင့် မသင့်လျော်သော ကဗျာများကဲ့သို့သော အန္တရာယ်များကို သတိပေး ခဲ့ကြပါတယ်။
-
အမေရိကန်က ကျွန်ုပ်တို့၏ သင်္ဘောကို တမင်တကာ တိုက်ခိုက်ခဲ့ကြောင်း အိန္ဒိယပြော၊ လက်တုံ့ပြန်နိုင် စွမ်းရှိ ကြောင်း သတိပေး
သတင်း အထောက်အထားများအရ ၏ အမေရိကန်က အိန္ဒိယ သင်္ဘောကို တမင်တကာ တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲသည့် စာသားပါဝင်ပြီး၊ အိန္ဒိယဘက်မှ လက်တုံ့ပြန်နိုင်စွမ်းရှိကြောင်း ဖော်ပြထားပါတယ်။
-
အီရန်နိုင်ငံအပေါ် အိန္ဒိယပြည်သူများ၏ စာနာမှုည ။ ။ Photos
အဗ်နာ ။ ။ ကွမ်းမြို့တွင် နေထိုင်သော အိန္ဒိယလူမျိုးများ၏ စုဝေးပွဲတစ်ခုကို စနေနေ့ညနေ (ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ ) တွင် ကွမ်းမြို့ရှိ မိုဖီးဒ် ရင်ပြင်၌ ကျင်းပခဲ့ပါတယ်။ ဤအခမ်းအနားတွင် တက်ရောက် လာသူများ သည် အထွတ်အထိပ်ခေါင်းဆောင်ကြီး ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ အား သစ္စာခံကြောင်း ကတိပြုခဲ့ကြပြီး အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ နှင့် အီရန်နိုင်ငံအပေါ် မိမိ တို့၏ ထောက်ခံမှုကို ကြေညာခဲ့ကြပါတယ်။
-
ဂျွန်ပူရ်မြို့နယ် ရန်နော်မြို့ငယ် မှ မိုအ်မေနီ လူငယ်များ မှ အီးဒ်ဒေဂဒီးရ် အတွက် ကြွမြန်းလာသည့် မောင်လာနာ ယအ်စူဗ်အဘာစ် ကို အပြီအပြင် ကြိုဆို ။ ။ video
အဗ်နာ ။ ။ အိန္ဒိယနိုင်ငံ ဂျွန်ပူရ်မြို့နယ် ရန်နော်မြို့ငယ်ရှိ မိုအ်မေနီ လူငယ်များမှ အီးဒ်ဒေဂဒီးရ် အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ရန် ကြွမြန်းလာသည့် မောင်လာနာ ယအ်စူဗ်အဘာစ်အား အားရကျေနပ်စွာဖြင့် အပြီအပြင် ကြိုဆိုခဲ့ကြပါတယ်။ မောင်လာနာ ယအ်စူဗ်အဘာစ်၏ ဖခင်မှာ အိန္ဒိယနိုင်ငံ၏ ကျော်ကြားသည့် ဓမ္မကတိက တစ်ဦး ဖြစ်ပြီး မောင်လာနာကိုယ်တိုင်လည်း အိန္ဒိယအစိုးရအထိ သက်ရောက်မှုရှိသော လူမှုရေးနှင့် ဘာသာ ရေးလှုပ်ရှားမှု များတွင် ပါဝင်ဆောင်ရွက်လျက်ရှိကာ လူထုအကျိုးပြုလုပ်ငန်းများကို ဆက်လက် ထမ်းဆောင် နေသူတစ်ဦးဖြစ်ပါတယ်။ထို့အပြင် ရှီအဟ်များအတွက် ရှေ့တန်းမှ ဦးဆောင်ကာ အားထုတ်ကြိုးပမ်း ဆောင်ရွက် လျက်ရှိသူတစ်ဦးလည်း ဖြစ်ပါသည်။
-
အိန္ဒိယနိုင်ငံဆိုင်ရာရဲဟ်ဗရ်အင်န်ကေလာဗ်အစ္စလာမ်မီ၏ကိုယ်စားလှယ်တော်ကိုယ်တိုင်တက်ရောက်သည့်ရဲဟ်ဗရ်အင်န်ကေလာဗ်အစ္စလာမ်မီအတွက်မဂျ်လစ် ၊ ဗနာရစ်။ ။ Photos
အဗ်နာ ။ ။ အိန္ဒိယနိုင်ငံ ဗနာရစ် (ဗရာဏသီ) မြို့ တွင် ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ အတွက်မဂျ်လစ် ကျင်းပခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံဆိုင်ရာ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ကိုယ်စားလှယ်တော် H.I ဒေါက်တာ အဗ်ဒိုလ်မဂျီးဒ် ဟကီးမ်အေလာဟီ ကိုယ်တိုင် တက်ရောက်ပြီး တရားရေအေးတိုက်ကျွေးခဲ့ပါတယ်။