အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ဒေါက်တာ မာဆူးဒ် ပီဇက်ရှ်ကီယန်သည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) နှင့် ရှန်ဟိုင်း ပလပ်စ် အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များအစည်းအဝေး ကျင်းပနေစဉ် အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာ မိုဒီနှင့် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှုတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော စစ်ပွဲကာလ အတွင်း နယူးဒေလီဘက်မှ အစ္စလာမ်မစ်သမ္မတနိုင်ငံ အီရန်အား ပူးပေါင်းဆောင်ရွက်မှုနှင့် ထောက်ခံ မှု ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေး တည် ဆောက် နိုင်ရန် သံတမန်ရေး ကြိုးပမ်းမှုများကို ပိုမိုအားကောင်းစေရန် လိုအပ်ကြောင်း အလေး ပေးပြောကြား ခဲ့ပါ တယ်။
ဒေသတွင်းအခြေအနေများနှင့် ပတ်သက်၍ အီရန်နိုင်ငံ၏ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားရာတွင် ပီဇက်ရှ်ကီယန်က “အစိုးရတာဝန် စတင်ယူချိန်ကတည်းက ကျွန်ုပ်တို့၏ ကြိုးပမ်းချက်မှာ ငြိမ်းချမ်းရေးနှင့် လုံခြုံ ရေးကို အာမခံရန်၊ ပြဿနာများကို ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ဖြေရှင်းရန် ဖြစ်ခဲ့သည်။ သို့သော် ဝမ်းနည်းစွာဖြင့် အမေရိကန်တို့သည် သံတမန်ရေးနည်းလမ်းကို အသုံးချခြင်းအစား စစ်ပွဲ၊ မလုံခြုံမှုနှင့် အင်အားသုံး၍ မိမိတို့၏ ဆန္ဒကို အတင်းအကျပ် ချမှတ်သည့် လမ်းကြောင်းကို ရွေးချယ်ခဲ့သည်” ဟု ပြောကြား ခဲ့ပါတယ်။
ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က အစ္စလာမ်မစ်သမ္မတနိုင်ငံ အီရန်သည် မည်သည့်အခါမျှ စစ်ပွဲကို ကြိုဆိုခဲ့ခြင်းမရှိကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
“ပြည်သူများကို အန္တရာယ်များနှင့် မငြိမ်သက်မှုများမှ ကာကွယ်ပေးရန်၊ ၎င်းတို့အတွက် ငြိမ်းချမ်းရေး၊ စိတ်အေးချမ်းမှုနှင့် လုံခြုံရေး ရရှိနိုင်မည့် လမ်းကြောင်းကို ဖော်ဆောင်ပေးရန်မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်သည်” ဟု ၎င်းက ဆိုပါတယ်။
ပြဿနာများ ဖြေရှင်းရန် ချုပ်ဆိုခဲ့သည့် သဘောတူညီချက်များကို ရည်ညွှန်း၍ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က အီရန်သည် ထိုသဘောတူညီချက်များအရ မိမိတို့၏ တာဝန်များကို အမြဲတမ်း လိုက်နာခဲ့သော်လည်း အမေရိကန်ဘက်က မိမိတို့၏ ကတိကဝတ်များကို အကောင်အထည်ဖော်ခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။
သို့သော်လည်း ယခုအချိန်အထိ သဘောတူညီချက်နှင့် နားလည်မှုရရှိရေး လမ်းကြောင်းကို ဖော်ဆောင်ရန် ဆက်လက် ကြိုးပမ်းနေကြောင်း၊ အကြောင်းမှာ စစ်ပွဲဆက်လက်ဖြစ်ပွားခြင်းသည် အီရန်အတွက်လည်း အကျိုး မရှိ၊ ဒေသအတွက်လည်း အကျိုးမရှိသကဲ့သို့ လူသားမျိုးနွယ်အတွက်လည်း အကျိုးမရှိဟု ယုံကြည် ကြောင်း ၎င်းက ပြောပါတယ်။
ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က “အသိဉာဏ်နှင့် ယုတ္တိဗေဒအရ စစ်ပွဲနှင့် စစ်လိုလားသည့် လုပ်ရပ် များကို ရှောင်ရှားရန် လိုအပ်သည်” ဟု ပြောကြားခဲ့ပါတယ်။
ထို့အပြင် “ဝမ်းနည်းစွာဖြင့် အမေရိကန်နိုင်ငံအတွင်း စစ်ပွဲဆက်လက်ဖြစ်ပွားနေခြင်းမှ မိမိတို့၏ အကျိုးစီးပွား များကို မြင်နေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားစေလိုသည့် အုပ်စုများ ရှိနေပါတယ်။ သို့သော် ငြိမ်းချမ်းရေး လိုလားသည့် အင်အားစုများ၏ ဆုံးဖြတ်ချက်နှင့် စိတ်ဓာတ်ကို ခိုင်မာအောင် ပြုလုပ်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးဘက်သို့ ဆက်လက်ဦးတည်သင့်သည်” ဟု ၎င်းက ပြောကြားခဲ့ပါတယ်။
အီရန်သမ္မတက အိန္ဒိယနိုင်ငံသည် ဒေသတွင်းနှင့် ကမ္ဘာ့အရေးတွင် အရေးပါသည့် အနေအထားရှိခြင်း၊ ကျယ်ပြန့်သော စွမ်းရည်များ ပိုင်ဆိုင်ခြင်းတို့အပြင် အီရန်နှင့် အိန္ဒိယ ပြည်သူနှစ်ရပ်အကြား ရှည်လျား နက်ရှိုင်း သည့် သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်မှုများ ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ထို့နောက် အိန္ဒိယဝန်ကြီးချုပ်အား မတူညီသည့် အဖွဲ့အစည်းများနှင့် နိုင်ငံများအပေါ်ရှိ မိမိတို့၏ ဆက်ဆံရေးနှင့် သြဇာလွှမ်းမိုးမှုများကို အသုံးချကာ ၎င်းတို့အား စစ်ပွဲနှင့် သွေးထွက်သံယိုမှုများမှ ထွက်ခွာပြီး ဆွေးနွေး ညှိနှိုင်းမှုနှင့် သဘောတူညီချက်ရရှိရေး လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိစေရန် အခန်းကဏ္ဍတစ်ရပ်မှ ပါဝင် ပေး ရန် တောင်းဆိုခဲ့ပါတယ်။
ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်းက ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်းရှိ အသိဉာဏ်ရှိသူအားလုံး၏ ဆန္ဒနှင့် ဆုံးဖြတ်ချက်မှာ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ စိတ်အေးချမ်းမှုနှင့် စစ်ပွဲကို ရှောင်ရှားရေးပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိပြဿနာများ၏ ဖြေရှင်းချက်မှာ ဆွေးနွေးညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် ရှိပြီး မလုံခြုံမှုနှင့် တင်းမာမှုများ ပျံ့နှံ့လာခြင်းကို တားဆီးရန် ရရှိနိုင်သမျှ စွမ်းရည်အားလုံးကို အသုံးချသင့်ကြောင်း ၎င်းက ဆိုပါတယ်။
အီရန်နှင့် အိန္ဒိယအကြား ကာလရှည်ကြာ ရင်းနှီးဖော်ရွေသော ဆက်ဆံရေးကို ရည်ညွှန်းကာ အီရန်နိုင်ငံသည် ကဏ္ဍအားလုံးတွင် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုကျယ်ပြန့်နက်ရှိုင်းလာစေရန် အဆင်သင့်ရှိကြောင်းလည်း ပီဇက်ရှ်ကီယန် က ပြောကြားခဲ့ပါတယ်။
အီရန်နှင့် အိန္ဒိယအကြား နိုင်ငံရေး၊ စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာ၊ ယဉ်ကျေးမှုနှင့် နှစ်နိုင်ငံအကျိုးစီးပွားဆိုင်ရာ အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အလားအလာများစွာ ရှိကြောင်း ၎င်းက ပြောပါတယ်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေပြီး ပိတ်ဆို့အရေးယူမှုများ၏ သက်ရောက်မှုများကို ကျော်လွှား နိုင်ပါက နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြင့်မားသော အဆင့်သို့ တိုးမြှင့်နိုင်မည်ဟု ဆိုပါတယ်။
အီရန်နိုင်ငံက အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အမေရိကန်နှင့် အစ္စရေးအစိုးရတို့က အတားအဆီး များနှင့် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် ကြိုးပမ်းနေကြောင်း ရည်ညွှန်း၍ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က အီရန်နှင့် အခြားနိုင်ငံများအကြား ဆက်ဆံရေးကို ကန့်သတ်ရန် ဖိအားများနှင့် အတားအဆီးများ ဖန်တီးရန် ကြိုးပမ်းမှုများ ရှိနေသော်လည်း တီဟီရန်အနေဖြင့် အိန္ဒိယနှင့် ကဏ္ဍအသီးသီးတွင် ပူးပေါင်း ဆောင်ရွက် မှုများကို ဆက်လက်ချဲ့ထွင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ထို့အပြင် နှစ်နိုင်ငံအာဏာပိုင်များအကြား ဆက်သွယ်မှုနှင့် တိုင်ပင်ဆွေးနွေးမှုများကို ပိုမိုခိုင်မာစေရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး “သင်၏ အထူးအာရုံစိုက်မှုနှင့် ထောက်ခံမှုဖြင့် အီရန်နှင့် အိန္ဒိယအကြား ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေပြီး ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းကြောင်းအသစ်များ ဖန်တီးနိုင်မည်” ဟု ပြောကြားခဲ့ပါတယ်။
ထိုအခါ အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာ မိုဒီက အီရန်သမ္မတနှင့် တွေ့ဆုံရခြင်းအတွက် ဝမ်းမြောက်ကြောင်း ပြောကြား ခဲ့ပြီး မကြာသေးမီက ခက်ခဲသောကာလအတွင်း အိန္ဒိယသည် အီရန်နှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်ဆံ ရေးများကို ဆက်လက်ထိန်းသိမ်းကာ ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းခဲ့ကြောင်း ဆိုပါတယ်။
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ပီဇက်ရှ်ကီယန်၏ အတွေ့အကြုံများနှင့် အမြင်များကို ရည်ညွှန်း၍ မိုဒီက “သင်နှင့် ရင်းနှီးသိကျွမ်းခွင့်ရရှိထားသည့်အပေါ် အခြေခံပြီး သင်ဟာ ငြိမ်းချမ်းရေးလိုလားသူတစ်ဦးဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်ရေး လမ်းကြောင်းမှာ သင်ဟာ ထိရောက်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ သင်၏ ကြိုးပမ်းမှုများသည် နောက်ဆုံးတွင် လိုချင်သော ရလဒ်များကို ရရှိစေမည်ဟု ကျွန်တော် ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment