၂၅ ဇူလိုင် ၂၀၂၆ - ၂၃:၄၄
ယနေ့ ကမ္ဘာကြီးသည် အာယာသွလ္လာဟ် ခါမေနေအီကဲ့သို့ ကိုယ်ကျင့်တရားမြင့်မားပြီး ပြည်သူဗဟိုပြု ခေါင်း ဆောင်များ ကို ယခင်ကထက် ပိုမိုလိုအပ်နေသည် /ပန်ဒစ် ဗီဂျေး

အိန္ဒိယနိုင်ငံ၏ နာမည်ကြီး ဟိန္ဒူဘာသာရေးခေါင်းဆောင် နှင့် လူမှုရေးလှုပ်ရှားသူ ပန်ဒစ် ဗီဂျေး ကူမာ ရှရ်မာက လက်ရှိခေတ်တွင် ကမ္ဘာကြီးသည် ရိုးရှင်းမှု၊ ကိုယ်ကျင့်တရား၊ တရားမျှတမှုနှင့် လူသားချင်းစာနာမှုတို့ကို မိမိတို့၏ ခေါင်းဆောင်မှုအခြေခံအဖြစ် ခံယူထားသော ခေါင်းဆောင်များကို အလွန်လိုအပ်နေကြောင်း ၎င်း၏အဆိုအရ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ကိုယ်ရည်ကိုယ်သွေး သည် ကမ္ဘာ အတွက် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် လူ့ဂုဏ်သိက္ခာကို ကိုယ်စားပြုသည့် တောက်ပသော စံနမူနာတစ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawzahnews၏အစီရင်ခံစာအရ အိန္ဒိယနိုင်ငံ၏ နာမည်ကြီး ဟိန္ဒူဘာသာရေးပညာရှင်၊ လူမှုရေးလှုပ်ရှားသူနှင့် ပါလက်စတိုင်းပြည်သူများကို ထောက်ခံအားပေးသူ ပန်ဒစ် ဗီဂျေး ကူမာ ရှရ်မာသည် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ သမိုင်းဝင် ဈာပနအခမ်းအနားသို့ တက်ရောက်စဉ် မိမိသည် အိန္ဒိယနိုင်ငံသားတစ်ဦး နှင့် ဟိန္ဒူဘာသာဝင်တစ်ဦးအနေဖြင့် နိုင်ငံအားလုံးသည် အပြန်အလှန်လေးစားမှု၊ တရားမျှတမှုနှင့် လူ့ဂုဏ်သိက္ခာတို့ကို အခြေခံ၍ ဆက်ဆံရေးတည်ဆောက်သင့်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက အင်အားကြီးနိုင်ငံများတွင် အခြားနိုင်ငံများ၏ ကံကြမ္မာကို ဆုံးဖြတ်ပိုင်ခွင့် မရှိသကဲ့သို့ မည်သည့်နိုင်ငံမဆို အင်အား သို့မဟုတ် ဖိအားကို အသုံးပြု၍ မိမိ၏ဆန္ဒကို အခြားသူများအပေါ် အတင်းအကျပ် ချမှတ်ပိုင်ခွင့်လည်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။

ပန်ဒစ် ဗီဂျေး ကူမာ ရှရ်မာက ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ကိုယ်ရည်ကိုယ်သွေး ကို ရိုးရှင်းသော ဘဝနေထိုင်မှုပုံစံနှင့် ဝိညာဉ်ရေးဆိုင်ရာ ခေါင်းဆောင်မှု၏ စံနမူနာ တစ်ရပ် အဖြစ် ဖော်ပြခဲ့ပြီး ၎င်းသည် ပြည်သူများထဲမှ ပေါ်ထွက်လာသော ခေါင်းဆောင်တစ်ဦးဖြစ်ကာ အခွင့် အလမ်းနည်း ပါးသော လူတန်းစားများကို အမြဲထောက်ခံအားပေးခဲ့သည့်အပြင် မိမိနိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ်စောင့်ရှောက်ရန် အမြဲအလေးထားခဲ့ကြောင်း ၎င်း၏ ရိုးရှင်းမှုနှင့် သာမန်ပြည်သူများနှင့် နီးစပ်မှုတို့သည် ကမ္ဘာတစ်ဝန်းရှိ လူများက တန်ဖိုးထားလေးစားသည့် အရည်အသွေးများဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

၎င်းက ပါလက်စတိုင်းပြဿနာနှင့် အရှေ့အလယ်ပိုင်းဒေသ၏ အခြေအနေကို ရည်ညွှန်း၍ ယနေ့ ကမ္ဘာကြီးသည် ပါလက်စတိုင်းပြည်သူများ၏ ဒုက္ခဝေဒနာများနှင့်ပတ်သက်၍ အလေးအနက် မေးခွန်းထုတ်နေကြောင်း ပြောကြားခဲ့သည်။ ၎င်း၏အဆိုအရ ကရ်ဗလာ ဖြစ်ရပ်နှင့် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ မယိမ်းမယိုင်ရပ်တည်မှုသည် ဘာသာမရွေး တရားမျှတမှုကို မြတ်နိုးသူတိုင်းအတွက် ဖိနှိပ်မှုကို ဆန့်ကျင်သော ခုခံမှုနှင့် မတရားမှုရှေ့တွင် အလျှော့မပေးခြင်း၏ သင်္ကေတဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ ဟိန္ဒူဘာသာရေးခေါင်းဆောင်က အီရန်နိုင်ငံအပေါ် ဖြစ်ပွားခဲ့သည့် စစ်ပွဲများနှင့် ပြည်ပ ဝင်ရောက် စွက်ဖက်မှုများကို ဝေဖန်ခဲ့ပြီး သာမန်ပြည်သူများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများသည် စစ်ပွဲမဟုတ်ဘဲ ငြိမ်းချမ်းရေးနှင့် အေးချမ်းတည်ငြိမ်မှုကိုသာ လိုလားကြောင်း လွန်ခဲ့သည့်နှစ်များ၏ အတွေ့အကြုံများအရ နိုင်ငံရေးပဋိပက္ခများနှင့် အာဏာလိုချင်စိတ်တို့ကြောင့် နိုင်ငံအများအပြား ပျက်စီးခဲ့ရပြီး လူသန်းပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသဖြင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တင်းမာမှုကို ပိုမိုမြင့်တက်စေခြင်းထက် ဆွေးနွေးညှိနှိုင်းမှုနှင့် ငြိမ်းချမ်းရေးကို မြှင့်တင်သင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် ၎င်းက ကမ္ဘာ့အင်အားကြီးနိုင်ငံအားလုံး တစ်ဖက်တည်းတွင် ရပ်တည်နေကြသော်လည်း တရားမဝင်၍ မမျှတသော လုပ်ရပ်များအပေါ် တိတ်ဆိတ်စွာ မနေသင့်ကြောင်း၊ ကိုယ်ကျင့်တရားနှင့် လူသားဆန်သော အခြေခံမူများကို နိုင်ငံရေးအကျိုးစီးပွားများအတွက် စွန့်လွှတ်၍ မရနိုင်ကြောင်း မိမိသည် မည်သည့် နိုင်ငံရေးပါတီ နှင့် မျှ မသက်ဆိုင်ဘဲ သန့်ရှင်းသော လူသားဆန်မှု နှင့် ကိုယ်ကျင့်တရားဆိုင်ရာ ရှုထောင့်မှသာ ပြောဆိုခြင်းဖြစ်ကြောင်းလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

နောက်ဆုံးတွင် ပန်ဒစ် ဗီဂျေး ကူမာ ရှရ်မာ က ယနေ့ကမ္ဘာကြီးသည် ရိုးရှင်းမှု၊ မြင့်မားသော ကိုယ်ကျင့်တရားနှင့် ပြည်သူ့အကျိုးပြုဝန်ဆောင်မှုကို မိမိတို့၏ ခေါင်းဆောင်မှုအခြေခံအဖြစ် ခံယူထားသော ခေါင်းဆောင်များကို ယခင်ကထက် ပိုမိုလိုအပ်နေကြောင်း ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ သည် ထိုကဲ့သို့သော ခေါင်းဆောင်မှုပုံစံ၏ ထင်ရှားသော နမူနာတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha