၁၂ စက်တင်ဘာ ၂၀၂၆ - ၀၇:၂၆
အိန္ဒိယဝန်ကြီးချုပ် က အီရန်သမ္မတ နှင့် တွေ့ဆုံမှု အပေါ် ဝမ်းမြောက်ကြောင်း ပြောကြားပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိသော ချစ်ကြည်ရေးကို အလေးပေး

အိန္ဒိယဝန်ကြီးချုပ် နရင်ဒါ မိုဒီသည် ဒေလီမြို့၌ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း နှင့် တွေ့ဆုံခဲ့ရသည့်အပေါ် ဝမ်းမြောက်ကြောင်း မိမိ ၏ Instagram ပို့စ်တွင် ဖော်ပြခဲ့ပြီး အိန္ဒိယနှင့် အီရန်အကြား နှစ်ဦးနှစ်ဖက် အကျိုးရှိသော (win-win) ချစ်ကြည်ရေးကို အလေးပေးပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNAသတင်းဌာန ၏ အစီရင်ခံစာအရ  အိန္ဒိယဝန်ကြီးချုပ် နရင်ဒါ မိုဒီ က မိမိ ၏ Instagram ပို့စ်တွင်  “ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း  ၊ အီရန်သမ္မတ နှင့် ဒေလီတွင် တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းမြောက်မိပါသည်” ဟု ရေးသားခဲ့ပါတယ်။

၎င်းက ဆက်လက်၍ အိန္ဒိယ နှင့် အီရန်တို့၏ ချစ်ကြည်ရေးကို ရေရှည်မဟာဗျူဟာနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသော (win-win) ပုံစံဖြင့် ပိုမိုတိုးတက်အောင် ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။

နရင်ဒါ မိုဒီ  “ဒေသတွင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရေးအတွက် အိန္ဒိယ၏ ကတိကဝတ်ကို မပြောင်းလဲဘဲ ဆက်လက်ခိုင်မာစွာ လိုက်နာသွားမည်” ဟုလည်း ပြောကြားခဲ့ပါတယ်။

ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် ဒေလီမြို့၌ ကျင်းပသည့် BRICS ထိပ်သီးအစည်းအဝေး၏ အပြင်ဘက်တွင် အိန္ဒိယဝန်ကြီးချုပ်နှင့် တွေ့ဆုံရာ၌ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မဟာဗျူဟာမြောက် သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်ရေးတို့၏ အရေးကြီးမှုကို အလေးပေးပြောကြားခဲ့ပါတယ်။

ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က ဒေသတွင်းနိုင်ငံများအကြား ဆက်သွယ်မှုများကို တိုးချဲ့ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး အီရန်နှင့် အိန္ဒိယတို့အကြား ဘုံအကျိုးစီးပွားနှင့် တူညီချက်များစွာ ရှိကြောင်း၊ ထိုတူညီချက်များသည် ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူပြုနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က BRICS အစည်းအဝေးကို အိန္ဒိယက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့ခြင်းကို ရည်ညွှန်း၍ BRICS အဖွဲ့ဝင်နိုင်ငံများအကြား ဆက်သွယ်မှုများကို ကဏ္ဍပေါင်းစုံတွင်၊ အထူးသဖြင့် စီးပွားရေးနှင့် ဘဏ္ဍာရေးကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်စေရေးသည် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ အလေးထားသည့် ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha