၂ အောက်တိုဘာ ၂၀၂၆ - ၂၃:၅၆
သောကြာနမာဇ်သည် လူမှုအသိုင်းအဝိုင်းအသိစိတ်နှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုအတွက် အရေးကြီးသော နည်းလမ်းဖြစ်/H.I ရှိက်ခ် သွာလစ်ဗ် ဟိုစိုင်းန် စိုဗ်ဟာနီ

ကာဂေးလ်မြို့၏ ဗဟိုသောကြာနမာဇ် ဒုတိယရှေ့ဆောင်ဖြစ်သူ H.I ရှိက်ခ် သွာလစ်ဗ် ဟိုစိုင်းန် စိုဗ်ဟာနီက သောကြာနမာဇ်သည် တစ်ဦးချင်းဝတ်ပြုမှုတစ်ရပ်သာမက ဘာသာရေးအသိစိတ်၊ လူမှုအသိုင်းအဝိုင်းစည်းလုံးညီညွတ်မှုနှင့် လူမှုရေးပြုပြင်တိုးတက်မှုအတွက် အရေးကြီးသည့် စုပေါင်းဝတ်ပြုမှုတစ်ရပ်ဖြစ်ကြောင်း သောကြာနေ့ခွသ်ဗဟ်တွင် မိန့်ကြားခဲ့ပါတယ်။ ထို့အပြင် ဆိုရှယ်မီဒီယာကို တာဝန်ရှိစွာ အသုံးပြုရန်၊ အချင်းချင်းလေးစားမှုနှင့် လာဒက်ရှ်ဒေသတွင် ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် ညီရင်းအစ်ကိုစိတ်ကို ထိန်းသိမ်းရန် တိုက်တွန်းခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawzahnews ၏ အစီရင်ခံစာအရ အိန္ဒိယနိုင်ငံ၊ လာဒက်ရှ် ပြည်နယ် ၊ ယူနီယံနယ်မြေ ကာဂေးလ်မြို့ တွင် သောကြာနမာဇ် ခွသ်ဗဟ်ဖတ်ကြား စဉ် H.I ရှိက်ခ် သွာလစ်ဗ် ဟိုစိုင်းန် စိုဗ်ဟာနီက ကုရ်အာန်ကျမ်းတော်မြတ် ၏ စူရဟ် အလ်ဂျူမ်အအ်ကို ကိုးကား၍ သောကြာနမာဇ်၏ အရေးပါမှုကို ရှင်းလင်းမိန့်ကြားခဲ့ပါတယ်။

အလ္လာဟ်အရှင်မြတ်၏ အမိန့်အရ သောကြာနေ့အဇာန်ကြားပြီးနောက် လောကီရေးရာအလုပ်များနှင့် အရောင်းအဝယ်များကို ခေတ္တစွန့်လွှတ်ကာ အလ္လာဟ်အရှင်မြတ်အား အောက်မေ့သတိရခြင်းနှင့် ဝတ်ပြုခြင်းသို့ ဦးတည်သင့်ကြောင်း မိန့်ကြားခဲ့ပါတယ်။ 

သောကြာနမာဇ်သည် လူတစ်ဦးချင်း၏ ဝတ်ပြုမှုသာမက ယုံကြည်သူများ စုဝေးကာ ဘာသာရေးအသိစိတ်၊ ကိုယ်ကျင့်တရားနှင့် လူမှုအသိုင်းအဝိုင်းဆိုင်ရာ ပြဿနာများကို သိရှိနားလည်စေသည့် စုပေါင်းဝတ်ပြုမှုတစ်ရပ်ဖြစ်ကြောင်းလည်း ရှင်းပြခဲ့ပါတယ်။ 

ထို့အပြင် တမန်တော် မိုဟမ္မဒ် (ဆွ) ၏ သွန်သင်ချက်များကို ကိုးကား၍ သောကြာနမာဇ်သို့ ငြိမ်သက်တည်ငြိမ်မှုနှင့် ဂုဏ်သိက္ခာရှိစွာ လာရောက်ရန် တိုက်တွန်းခဲ့ပါတယ်။  စီးပွားရေး၊ အလုပ်အကိုင်နှင့် လောကီရေးရာတာဝန်များ အရေးကြီးသော်လည်း ဘာသာရေးတာဝန်များကို လောကီရေးရာအလုပ်များအတွက် စွန့်လွှတ်၍ မရကြောင်းလည်း အလေးထားပြောကြားခဲ့ပါတယ်။

ဒုတိယခွသ်ဗဟ်တွင် ဆိုရှယ်မီဒီယာအသုံးပြုမှုနှင့် လူမှုရေးကိုယ်ကျင့်တရားများကို အထူးအလေးထား ဆွေးနွေးခဲ့ပါတယ်။ လူတစ်ဦး၏ စကားနှင့် လက်ကဲ့သို့ပင် ယနေ့ခေတ်တွင် မိုဘိုင်းဖုန်းနှင့် ဆိုရှယ်မီဒီယာအသုံးပြုမှုသည်လည်း တာဝန်ရှိမှုနှင့် သက်ဆိုင်ကြောင်း မိန့်ကြားခဲ့ပါတယ်။  ထို့ကြောင့် တစ်စုံတစ်ရာကို ရေးသားခြင်း၊ မျှဝေခြင်း သို့မဟုတ် ဓာတ်ပုံ၊ ဗီဒီယိုများကို ဖြန့်ဝေခြင်းမပြုမီ ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို စဉ်းစားရန် တိုက်တွန်းခဲ့ပါတယ်။ 

တစ်စုံတစ်ဦးကို လှောင်ပြောင်ခြင်း၊ အရှက်ရစေခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်များ ဖြန့်ဝေခြင်း၊ ဂုဏ်သိက္ခာထိခိုက်စေသည့် အကြောင်းအရာများကို ပျံ့နှံ့စေခြင်းနှင့် ဘာသာရေးဝတ်ပြုမှု သို့မဟုတ် ဒုအာပြုခြင်းများကို ဟာသပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ရန် ၊ သဘောထားကွဲလွဲမှုများကိုလည်း ရန်ငြိုးရန်စအဖြစ် မပြောင်းလဲဘဲ ယဉ်ကျေးမှု၊ အကြောင်းပြချက်နှင့် အချင်းချင်းလေးစားမှုတို့ဖြင့် ဖြေရှင်းသင့်ကြောင်း အလေးထား မိန့်ကြားခဲ့ပါတယ်။

လာဒက်ရှ်ဒေသနှင့်ပတ်သက်၍ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်မှု၊ ညီရင်းအစ်ကိုစိတ်နှင့် အချင်းချင်းလေးစားမှုတို့ကို ထိန်းသိမ်းရန် တိုက်တွန်းခဲ့ပါတယ်။  လူမှုအသိုင်းအဝိုင်းဆိုင်ရာ ကွဲပြားမှုများကို ရန်ငြိုးအဖြစ် မပြောင်းလဲဘဲ ကုရ်အာန်နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ သွန်သင်ချက်များနှင့်အညီ အချင်းချင်း၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်လည်း အလေးထားမိန့်ကြားခဲ့ပါတယ်။

ထို့အပြင် ကာဂေးလ် ဘားအသင်းက တောင်းဆိုထားသည့် ကာဂေးလ်တွင် ဂျမ္မူနှင့် ကက်ရှ်မီးယား–လာဒက်ရှ် အထက်တရားရုံး၏ ပူးတွဲခုံရုံးတည်ထောင်ရေးကိစ္စကိုလည်း ခွသ်ဗဟ်အတွင်း ထည့်သွင်းမိန့် ကြားခဲ့ပါတယ်။ 

သောကြာနမာဇ်သည် လူမှုအသိုင်းအဝိုင်းအသိစိတ်နှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုအတွက် အရေးကြီးသော နည်းလမ်းဖြစ်/H.I ရှိက်ခ် သွာလစ်ဗ် ဟိုစိုင်းန် စိုဗ်ဟာနီ

ပြည်သူများအတွက် တရားမျှတမှုနှင့် ဥပဒေရေးရာဝန်ဆောင်မှုများ လွယ်ကူစွာရရှိနိုင်ရေးသည် အရေးကြီးသဖြင့် သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် အလေးအနက်ထား စဉ်းစားပေးရန် တောင်းဆိုခဲ့သည်။ ထိုကဲ့သို့သော လူမှုအသိုင်းအဝိုင်းဆိုင်ရာ ပြဿနာများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေနှင့်အညီ ငြိမ်းချမ်းသောနည်းလမ်းများဖြင့် တင်ပြသင့်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ခွသ်ဗဟ်အဆုံးတွင် ယုံကြည်သူများအား အလ္လာဟ် ဟို အရှင်မြတ် သခင်အား ကြောက်ရွံ့ရိုသေမှု၊ ရိုးသားဖြူစင်မှု၊ စည်းလုံးညီညွတ်မှု၊ အချင်းချင်းချစ်ခင်မှုနှင့် ကောင်းမွန်သောကိုယ်ကျင့်တရားများကို လက်တွေ့ကျင့်သုံးရန် တိုက်တွန်းမိန့်ကြားခဲ့ပါတယ်။

မရ်ဂျအ်ယေ သက္က်လီးဒ်တော်များ ၊ ဘာသာရေးပညာရှင်များ၊ ကျောင်းသားများ၊ လူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မွတ်စလင်မ် ကမ္ဘာတစ်ဝန်းလုံးအတွက် ဒုအာပြုခဲ့ပြီး အီရန် အစ္စလာမ်မစ်သမ္မတနိုင်ငံနှင့် အစ္စလာမ်မစ်တော်လှန်ရေးခေါင်းဆောင်အတွက်လည်း ဒုအာပြုခဲ့ပါတယ်။ 

ထို့အပြင် လာဒက်ရှ်ဒေသတွင် ငြိမ်းချမ်းရေးနှင့် ညီညွတ်မှုတည်မြဲရေး၊ ယုံကြည်သူများ၏ လိုအပ်ချက်များ ပြည့်စုံရေး၊ နာမကျန်းသူများ ကျန်းမာလာရေးနှင့် အခက်အခဲကြုံတွေ့နေရသူများ သက်သာရာရရှိရေးတို့အတွက် ဆုတောင်းခဲ့ပြီး အေမာမ် အဆ်ရ် (အ.ဂျ) ၏ ဇူဟူးရ် အလျင်အမြန်ဖြစ်ပေါ်လာရန်လည်း ဒုအာပြုခဲ့ကြပါတယ်။ 


++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha