အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် အိန္ဒိယနိုင်ငံရှိ ဘာသာရေးခေါင်းဆောင်များ၊ ထင်ရှားကျော်ကြားသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးတွဲကျင်းပသည့် အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ အီရန်ပြည်သူများအပေါ် အမေရိကန်၏ “အမြင့်ဆုံးဖိအားပေးမှု” မူဝါဒများကို ရည်ညွှန်း၍ ပြောကြားခဲ့ပါတယ်။
၎င်းက အမေရိကန်သည် အနိုင်ကျင့်မှုနှင့် အင်အားသုံး၍ အီရန်ပြည်သူများကို လက်ခံအညံ့ခံစေရန် မဖြစ်နိုင်သောကြောင့် ပြည်သူများအနေဖြင့် အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းနှင့် အခြေခံဝန်ဆောင်မှုများ မလုံလောက်မှုကြောင့် လက်နက်ချအညံ့ခံလာစေရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။ သို့သော် အီရန်ပြည်သူများသည် အညံ့ခံမည်မဟုတ်ကြောင်းလည်း အလေးပေးပြောကြားခဲ့ပါတယ်။
အီရန်သမ္မတက အနောက်နိုင်ငံများ၏ ဆန့်ကျင်ဘက်ဖြစ်နေသော လုပ်ရပ်များကို ရှင်းပြရာတွင်လည်း “သူတို့က စစ်တိုက်ချင်တဲ့သူတွေဆိုရင် စစ်သားတွေနဲ့ စစ်တိုက်ပါစေ။ ပြည်သူတွေရဲ့ စီးပွားရေးနဲ့ အခြေခံအဆောက်အအုံတွေနဲ့ သူတို့ ဘာဆိုင်လို့လဲ။ သူတို့က လူသားတွေဆိုရင် ပြည်သူတွေရဲ့ ရေနဲ့ အစားအစာ ရရှိနိုင်တဲ့ လမ်းကြောင်းတွေကို ဘာကြောင့် ပိတ်ဆို့ထားကြတာလဲ” ဟု မေးခွန်းထုတ်ခဲ့ပါတယ်။
“နိုင်ငံတစ်နိုင်ငံက အစိုးရတစ်ရပ်တည်းက ကမ္ဘာတစ်ဝန်းလုံးအတွက် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ပြီး မိမိတို့ရဲ့ မကောင်းသော ဆန္ဒတွေကို အခြားသူတွေအပေါ် အတင်းအကျပ် သတ်မှတ်နိုင်တယ်လို့ ဘယ်သူက ပြောခဲ့တာလဲ” ဟု မေးခွန်းထုတ်ခဲ့ပြီး တရားမျှတသော ကမ္ဘာ့စနစ်တစ်ရပ်ကို ပြန်လည်တည်ဆောက်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က လူသားအားလုံး၏ တန်းတူအခွင့်အရေးများကို ရည်ညွှန်း၍ လူသားအားလုံးသည် တန်းတူအခွင့်အရေးများ ပိုင်ဆိုင်ကြပြီး တရားမျှတမှုနှင့်အညီ အတူတကွ ငြိမ်းချမ်းစွာ နေထိုင်သင့်ကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့ ဆန္ဒက ဒီလိုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့က အဲဒီလို မဖြစ်စေချင်ကြပါဘူး” ဟု ၎င်းက ဆိုပါတယ်။
အီရန်သမ္မတက နောက်ဆုံးတွင် “ကျွန်ုပ်တို့သည် အမှန်တရားနှင့် အခွင့်အရေးရရှိရန်အတွက် တိုက်ပွဲဝင်နေကြပြီး ဖိနှိပ်မှုရှေ့တွင် ခေါင်းငုံ့မည်မဟုတ်ပါ” ဟု ပြောကြားခဲ့သည်။ အီရန်ပြည်သူများသည် မိမိတို့၏ လူသားဆန်မှုနှင့် ယုံကြည်ချက်ဆိုင်ရာ အခြေခံမူများအပေါ် အခြေခံ၍ ဖိအားပေးမှုနှင့် အတင်းအကျပ်ပြုမှုများရှေ့တွင် အညံ့ခံမည်မဟုတ်ကြောင်းလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment