အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ဆော်ဒီအာရေဗျ၏ စစ်လေယာဉ်များသည် ယီမင်နိုင်ငံမြောက်ပိုင်းရှိ တအစ်ဇ်ပြည်နယ်၊ အလ်မိုခါခရိုင်ကို လေကြောင်းမှ ၈ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
သတင်းဖော်ပြချက်အရ အဆိုပါဒေသ၏ ကောင်းကင်ယံတွင် စစ်လေယာဉ်များ ပျံသန်းမှုသည် ယခုအချိန်အထိ ဆက်လက်ရှိနေကြောင်း သိရပါတယ်။
ယီမင်အစိုးရ၏ ပြောကြားချက်အရ ဆော်ဒီအာရေဗျ၏ တိုက်ခိုက်မှုများကြောင့် ပြည်သူပိုင်ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့သည့်အပြင် ယီမင်ပြည်သူအများအပြားလည်း ရှဟီးဒ်ဖြစ်ခဲ့ကြပြီး ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။ ထိခိုက်သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်များလည်း ပါဝင်ကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment