အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အီရန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် မိုဟမ္မဒ် အက်ကရာမီနီယာက ရေတပ်နေ့အထိမ်းအမှတ်အဖြစ် ပထမအကြိမ် အတင်းအကျပ်ဆင်နွှဲစေခဲ့သည့် စစ်ပွဲနှင့် လက်ရှိဖြစ်ပွားနေသော စစ်ပွဲအတွင်း ရေတပ်၏ စွမ်းဆောင်ရည်များကို ပြောကြားခဲ့ပါတယ်။
၎င်းက မိမိ၏ လူမှုကွန်ရက်အကောင့်တွင် ရေးသားဖော်ပြရာ၌ ပထမအကြိမ် အတင်းအကျပ်ဆင်နွှဲစေခဲ့သည့် စစ်ပွဲ စတင်ပြီး ၆၇ ရက်အကြာတွင် အီရန်စစ်တပ်ရေတပ်သည် ဘအ်စ်အစိုးရ၏ ရေတပ်ကို အပြီးတိုင် ချေမှုန်းနိုင်ခဲ့ကြောင်း၊ ထို့နောက် စစ်ပွဲပြီးဆုံးသည့်အချိန်အထိ ဘအ်စ်ရေတပ်သည် မည်သည့်စစ်ဆင်ရေးကိုမျှ လုပ်ဆောင်နိုင်ခြင်း မရှိတော့ကြောင်း ဖော်ပြခဲ့ပါတယ်။
၎င်းက ဆက်လက်၍ လက်ရှိဖြစ်ပွားနေသော စစ်ပွဲတွင်လည်း အီရန်စစ်တပ်ရေတပ်သည် အပြည့်အဝ စွမ်းအားဖြင့် ဟော်မုဇ်ရေလက်ကြား အရှေ့ဘက်မှ အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်းဒေသအထိ စောင့်ကြည့်ထိန်းချုပ်လျက်ရှိကြောင်း ရေးသားထားပါတယ်။
ရဲရင့်ပြီး ဂုဏ်ယူဖွယ်ကောင်းသော ရေတပ်ရဲဘော်ရဲဘက်များခင်ဗျာ။ အာဇာနည်နေ့ဖြစ်သော အာဇာရ်လ ၇ ရက်နေ့ ( နိုဝင်ဘာလ ၂၈ ရက်နေ့ ၂၀၂၆ခုနှစ် ) တွင် ကျရောက်သည့် ရေတပ်နေ့ကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုအပ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment