အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Tasnim သတင်းဌာန ၏ အစီရင်ခံစာအရ အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ရေတပ်ပြည်သူ့ဆက်ဆံရေးဌာနက ဟော်မုဇ်ရေလက်ကြားတောင်ဘက် ရေပြင်တွင် စည်းကမ်းဖောက်ဖျက်သည့် တတိယမြောက် ရေနံတင်သင်္ဘော ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ရေတပ်ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့ညနေပိုင်းတွင် အဆိုပါရေနံတင်သင်္ဘောသည် ဂန်မ်ကျွန်းကမ်းခြေမှ နှစ်ကီလိုမီတာအကွာ၌ ပင်လယ်ရေမိုင်းနှင့် တိုက်မိခဲ့ပြီး ပြင်းထန်စွာ ပေါက်ကွဲကာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ရေတပ်ထုတ်ပြန်ချက်တွင် အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
အဆိုပါသင်္ဘောသည် ဟော်မုဇ်ရေလက်ကြားတောင်ဘက်ရှိ အတုအယောင်ရေလမ်းကြောင်းသည် လုံခြုံမှုမရှိသည့်အပြင် တရားမဝင်ကြောင်း သိရှိထားသော်လည်း အမေရိကန်အရာရှိများ၏ မမှန်ကန်သော ပြောဆိုချက်များနှင့် ကတိကဝတ်များကို ယုံကြည်ကာ ဟော်မုဇ်ရေလက်ကြားတောင်ဘက် ကမ်းရိုးတန်းနှင့် ကပ်လျက်ရှိသော ရေပြင်ကို ဖြတ်သန်းသွားလာခဲ့ပါတယ်။
ထို့အပြင် ဂန်မ်ကျွန်းမှ နှစ်ကီလိုမီတာအကွာတွင် လျှို့ဝှက်စွာ ဖြတ်သန်းနေစဉ် ပင်လယ်ရေမိုင်းနှင့် တိုက်မိခဲ့တာဖြစ်ပါတယ်။
အဆိုပါထုတ်ပြန်ချက်အရ ပြင်းထန်သော ပေါက်ကွဲမှုနှင့် မီးလောင်မှုဖြစ်ပွားပြီးနောက် ရေနံတင်သင်္ဘောကို ဟော်မုဇ်ရေလက်ကြားတောင်ဘက် ရေပြင်တွင် စွန့်ပစ်ထားခဲ့ကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment