(၇) စူရဟ် အအ်ရာဖ် အကြောင်း သိကောင်းစရာ
အမည် - အအ်ရာဖ်
အဓိပ္ပာယ် - အမြင့်နေရာတစ်ခု ၊ ဂျန္နသ် နှင့်ဂျဟန္နမ် အကြား ရှိ အကွာအဝေးအတိုင်းအတာ
ဤ အမည်ထွင်ရသည့် အာယသ်တော် - ၄၆ ပါး မြောက်အာယသ်တော်
အအ်ရာဖ် ဆိုသည့်စကားလုံး ဤစူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၂ ကြိမ်
အအ်ရာဖ် ဆိုသည့်စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၂ ကြိမ်
အစောင် - ၈၊၉
ရကူအပိုဒ်တော်ပေါင်း - ၂၄
အာယသ်တော်ပေါင်း - ၂၀၆
စကားလုံးတော်ပေါင်း - ၃၃၄၁
အက္ခရာတော်ပေါင်း - ၁၄၄၃၇
ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၆၁ ကြိမ်
ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့ တော်
ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)
ကျရောက်သည့်အမှတ်စဉ် - ၃၉
ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ဆွာဒ်
ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ဂျင်န်
ဤစူရဟ်၏ အခြားအမည်များ - (၁) အအ်ရာဖ် (၂) အလ်မဆွ်
အမည့်ထွင်ရသည့်အကြောင်း - (၁) ကျမ်းတော်မြတ်ကုရ်အာန် တစ်အုပ်လုံးတွင် အအ်ရာဖ် ဆိုသည့် စကားလုံး ကြိမ် သာ လာရှိပြီး ၂ကြိမ်လုံး ဤ စူရဟ်တော် အတွင်းလာရှိပေသည်။ဤအတွက်ကြောင့် ဖြစ်ပါတယ်။
(၂) အအ်ရာဖ် ဆိုင်ရာ သာဝကတော်များ အကြောင်း ကို စူရဟ် တွင် ဖော်ပြထားသည့် အတွက်ကြောင့် ဖြစ်ပါတယ်။
ထူးခြားသည့်ကြင်အင်လက္ခဏာ - ပထမဆုံး မွတ်စ်သဟဗ် စဂ်ျဒဟ် မှာ ဤစူရဟတွင်ပါရှိပါသည်။ အာယာသ်တော်အမှတ် ၂၀၆ ဖြစ်ပါသည်။
အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) မိန့်တော်မူသည်။
“အကြင်မည်သူမဆို စလစဉ်လတိုင်း ဤစူရဟ် (အအ်ရာဖ်) အား သေလာဝသ် ပြုမည်ဆိုလျှင် ၎င်းအတွက် ကေယာမသ် နေ့တွင် ကြောက်မက်ဖွယ် အမျိုးမျိုး နှင့် သောကဖြစ်ဖွယ်အမျိုးမျိုး ဖြစ်မည်မဟုတ်ချေ။ွှာကင်မည်သူမဆို သောကြာနေ့တိုင်း ဤ စူရဟ်အား သေလာဝသ် ပြုမည်ဆိုလျှင် ကေယာမသ်နေ့ တွင် စာရင်းဇယား အမျိုးမျိုး ရှင်းရမည် မဟုတ်ချေ။ ”
(သဖ်စီးရ် အယာ ရှီ ကျမ်း အတွဲ ၂ စာမျက်နှာ ၁၃၅ )
ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ - ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ
A.F.H.M
=================
251 / End
၇ ဒီဇင်ဘာ ၂၀၁၇ - ၁၇:၅၄
News ID: 871486

ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် အအ်ရာဖ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။