၁၁ နိုဝင်ဘာ ၂၀၁၉ - ၁၅:၀၆
ေတာင္ႀကီးၿမိဳ႕တြင္ ၿမိဳ႕လုံးကြၽတ္ဘုံကထိန္ပြဲ က်င္းပ

ေတာင္ႀကီးၿမိဳ႕၏ (၇၂)ႀကိမ္ေျမာက္ ၿမိဳ႕လုံးကြၽတ္ မဟာဘုံကထိန္ကို ႏိုဝင္ဘာ ၁၀ ရက္ နံနက္တြင္ က်င္းပၿပီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း လမ္းတစ္ ေလွ်ာက္ စီတန္းလွည့္လည္ခဲ့ၾကသည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ေတာင္ႀကီးၿမိဳ႕၏ (၇၂)ႀကိမ္ေျမာက္ ၿမိဳ႕လုံးကြၽတ္ မဟာဘုံကထိန္ကို ႏိုဝင္ဘာ ၁၀ ရက္ နံနက္တြင္ က်င္းပၿပီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း လမ္းတစ္ ေလွ်ာက္ စီတန္းလွည့္လည္ခဲ့ၾကသည္။

အဆိုပါ ၿမိဳ႕လုံးကြၽတ္ကထိန္ ပြဲတြင္ ေတာင္ႀကီးၿမိဳ႕နယ္အတြင္း ရွိ ရွမ္း၊ ပအိုဝ္း၊ ဓႏု၊ ေတာင္႐ိုး၊အင္းႏွင့္ အျခားတိုင္းရင္းသား ေပါင္းစုံႏွင့္ ေဒသခံျပည္သူ ခန႔္မွန္းဦးေရ တစ္သိန္းခန႔္ႏွင့္ ကထိန္ ပေဒသာပင္ ၂,၀၀၀ ခန႔္ ပါဝင္လွည့္လည္ခဲ့သည္။

 ‘‘ၿမိဳ႕လုံးကြၽတ္ကထိန္မွာ ကြၽန္ေတာ္တို႔ ဓႏုတိုင္းရင္းသား ေတြ စုေပါင္းၿပီး ပါဝင္ဆင္ႏြဲွတာ ႏွစ္စဥ္ႏွစ္တိုင္းပါ’’ဟု ကထိန္ပြဲတြင္ ပါဝင္သည့္ ဓႏုတိုင္းရင္းသား တစ္ဦးက ေျပာသည္။

 ၿမိဳ႕လုံးကြၽတ္ကထိန္ပြဲတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ ပေဒ သာပင္မ်ား၊ အစိုးရဌာနဆိုင္ရာ ပေဒသာပင္မ်ား၊ အရပ္ဘက္အဖြဲ႕အစည္းမ်ား၏ ပေဒသာပင္ မ်ား၊ လူမႈအသင္းအဖြဲ႕မ်ား၊ ကုမၸဏီမ်ားႏွင့္ တိုင္းရင္းသားျပည္သူ မ်ား၏ ပေဒသာပင္မ်ား ပါဝင္ လွည့္လည္ခဲ့သည္။

အဆိုပါ ကထိန္လွည့္လည္ပြဲမွ အလႉပေဒသာပင္မ်ားကို ေတာင္ႀကီး ၿမိဳ႕လယ္ဓမၼာ႐ုံတြင္ လက္ခံထားရွိၿပီး ေက်ာင္းတိုက္ ၉၁ ေက်ာင္းသို႔ လႉဒါန္းေပးပို႔မည္ျဖစ္ေၾကာင္း ေတာင္ႀကီးၿမိဳ႕လယ္ ဓမၼာ႐ုံေဂါပကအဖြဲ႕က ဆိုသည္။


Unicode

တောင်ကြီးမြို့တွင် မြို့လုံးကျွတ်ဘုံကထိန်ပွဲ ကျင်းပ

တောင်ကြီးမြို့၏ (၇၂)ကြိမ်မြောက် မြို့လုံးကျွတ် မဟာဘုံကထိန်ကို နိုဝင်ဘာ ၁၀ ရက် နံနက်တွင် ကျင်းပပြီး ဗိုလ်ချုပ်အောင်ဆန်း လမ်းတစ် လျှောက် စီတန်းလှည့်လည်ခဲ့ကြသည်။

အဆိုပါ မြို့လုံးကျွတ်ကထိန် ပွဲတွင် တောင်ကြီးမြို့နယ်အတွင်း ရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊အင်းနှင့် အခြားတိုင်းရင်းသား ပေါင်းစုံနှင့် ဒေသခံပြည်သူ ခန့်မှန်းဦးရေ တစ်သိန်းခန့်နှင့် ကထိန် ပဒေသာပင် ၂,၀၀၀ ခန့် ပါဝင်လှည့်လည်ခဲ့သည်။

 ‘‘မြို့လုံးကျွတ်ကထိန်မှာ ကျွန်တော်တို့ ဓနုတိုင်းရင်းသား တွေ စုပေါင်းပြီး ပါဝင်ဆင်နွဲှတာ နှစ်စဉ်နှစ်တိုင်းပါ’’ဟု ကထိန်ပွဲတွင် ပါဝင်သည့် ဓနုတိုင်းရင်းသား တစ်ဦးက ပြောသည်။

 မြို့လုံးကျွတ်ကထိန်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပဒေ သာပင်များ၊ အစိုးရဌာနဆိုင်ရာ ပဒေသာပင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ပဒေသာပင် များ၊ လူမှုအသင်းအဖွဲ့များ၊ ကုမ္ပဏီများနှင့် တိုင်းရင်းသားပြည်သူ များ၏ ပဒေသာပင်များ ပါဝင် လှည့်လည်ခဲ့သည်။

အဆိုပါ ကထိန်လှည့်လည်ပွဲမှ အလှူပဒေသာပင်များကို တောင်ကြီး မြို့လယ်ဓမ္မာရုံတွင် လက်ခံထားရှိပြီး ကျောင်းတိုက် ၉၁ ကျောင်းသို့ လှူဒါန်းပေးပို့မည်ဖြစ်ကြောင်း တောင်ကြီးမြို့လယ် ဓမ္မာရုံဂေါပကအဖွဲ့က ဆိုသည်။

====================================

END / 251