၄ နိုဝင်ဘာ ၂၀၂၅ - ၁၆:၂၂
တီဟီရန်တွင် နိုဝင်ဘာ ၄ ရက် နေ့ ၍ ကမ္ဘာ့ အာဏာရှင် ဝါဒကို ဆန့်ကျင်ရေး အမျိုးသားနေ့ကို ကျင်းပ/လူအများ အပြား ပါဝင်

ကမ္ဘာ့ အာဏာရှင် ဝါဒကို ဆန့်ကျင်ရေး အမျိုးသားနေ့ဖြစ်သော နိုဝင်ဘာလ ၄ ရက်နေ့တွင် နိုင်ငံတစ်ဝှမ်း၌ စတင်ကျင်း ပနေပြီဖြစ်ပါတယ်။ တီဟီရန်အပါအဝင် အီရန်နိုင်ငံ၏ မြို့အများအပြားတွင် ဆန္ဒပြမှုများ ပြုလုပ် လျက်ရှိပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNA အစီရင်ခံစာ အရ ကမ္ဘာ့အာဏာရှင် ဝါဒကို ဆန့်ကျင်ရေး အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် တီဟီရန်မြို့ရှိ ပါလက်စတိုင်းရင်ပြင်မှ စတင်ခဲ့သော လူထုချီတက်ပွဲသည် တီဟီရန်မြို့ရှိ သူလျှိုစခန်း (ယခင်အမေရိကန်သံရုံး) သို့ ရွေ့လျားခဲ့ပြီး ချီတက်ပွဲသည် ကြီးမားသော စုဝေးမှုတစ်ခု ဖြစ်လာမည်ဖြစ်ပါတယ်။

ချီတက်ဆန္ဒပြသူများသည် ဆိုင်းဘုတ်အမျိုးမျိုး ကို ကိုင်ဆောင်ထားပြီး အမေရိကန်နှင့် အခြား အာဏာရှင် ကြီးနိုင်ငံများကို ဆန့်ကျင်သော ကြွေးကြော်သံများကို ကြွေးကြော်နေကြပါတယ်။

ပါဝင်သူများသည် အေမာမ် ခိုမေနီ  (ရ.ဟ) ၊ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နှင့်  အာဇာနည်များ၏ ဓာတ်ပုံများကိုလည်း ကိုင်ဆောင်ထား ကြပါ တယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha