အဗ်နာ ။ ။ အေမာမ် ဟာဒီ (အ.စ) ၏ ရှဟာဒသ် ည အချိန်အခါ တွင် သခင်မကြီး မအ်စူမဟ် (စ.အ) ရောင်ဇာတော် ၌ မဂ်ရိဗ် နမာဇ် နှင့် အေရှာနမာဇ် ဝတ်ပြုမှုအပြီး အေမာမ် (အ.စ) အတွက် ရှဟာဒသ် မဂျ်လစ်အားပြုလုပ်ခဲ့ပါတယ်။ ရောင်ဇာတော် ၏ ဝန်ထမ်းများ ဇေယာရသ် ပြုလာသူများတက်ရောက်ပါဝင်ခဲ့ကြပါတယ်။
သတင်းရင်းမြစ်များက ဆီးရီးယားနိုင်ငံ ဟွမ်းစ်မြို့ ဝဒီယိုဇ်ဇဟဗ် ရပ်ကွက်ရှိ ရှီအဟ် ဗလီဝတ် ကျောင်းတော် တစ်ခုတွင် အကြမ်းဖက်ပေါက်ကွဲမှုတစ်ခုကြောင့် လူ ၅ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့ ပါတယ်။