-
အေမာမ်ခါမေနာအီ (ရ.ဟ)ကို ရှဟီးဒ်လုပ်ခဲ့သည့်အတွက် ကြီးမားသော ပေးဆပ်မှုကို ပေးဆောင် ရမည် ဖြစ် ကြောင်း ထရမ့် အား လာရီဂျာနီ ပြောကြား
အီရန် အမျိုးသား လုံခြုံရေးကောင်စီ ဥက္ကဋ္ဌက ဒေါ်နယ် ထရမ့်အား အေမာမ်ခါမေနာအီ (ရ.ဟ)ကို ရှဟီးဒ် လုပ်ခဲ့ သည့် အတွက် ကြီးမားသော ပေးဆပ်မှုကို ပေးဆောင် ရမည် ဖြစ်ကြောင်း သတိပေးပြောကြားခဲ့ပါတယ်။
-
ရှဟီးဒ် H.I မိုဟ်စင် မဲဟ်ဒဝီ ကလာသေဟ် ၏ စျာပန အခမ်းအနား ၊ ကွမ်း ။ ။ Photos
အဗ်နာ ။ ။ အမေရိကန်၊ ဇီယွန်နစ် တို့၏ နိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်မှုများကြောင့် ရှဟီးဒ် ဖြစ်သွားသည့် အမိပြည်ကို ကာကွယ်သူ ရှဟီးဒ် H.I မိုဟ်စင် မဲဟ်ဒဝီ ကလာသေဟ် ၏ စျာပန အခမ်းအနား ကို ဗုဒ္ဓဟူးနေ့ (၁၃ မတ်လ ၄ ရက်နေ့ ၂၀၂၆ခုနှစ် မွန်းလွဲ အချိန် တွင် ကွမ်းမြို့ရှိ ဝမ်းနည်းကြေကွဲနေသော ပြည်သူများ ပါဝင်ကာ အေမာမ် ဟစန် အက္စ်ကရီ (အ.စ) မတ်စ်ဂျစ်ဒ် မှ ဟဇရသ် မအ်စူမဟ်ကွမ်း (စ.အ) ၏ရောင်ဇာတော် အထိ ချီတက်ပြီး ပြုခဲ့ကြပါတယ်။
-
နောက်ထပ် ကျွန်ုပ်တို့၏ စစ်သားများ သေဆုံးနိုင်ကြောင်း အမေရိကန် စစ်ဗိုလ်ချုပ် ပြောကြား
အီရန်နှင့် ဆန့်ကျင်သော စစ်ပွဲနှင့် ပတ်သက်၍ အမေရိကန် စစ်တပ်၏ ခေါင်းဆောင်မှ ထုတ်ပြန်သည့် ပြောကြား ချက်အရ အမေရိကန်၏ စစ်ရေး လှုပ်ရှားမှုသည် တစ်ညတည်းဖြင့် အဆုံးသတ်မည် မဟုတ်ကြောင်းနှင့် မိမိတို့ဘက်တွင် လူဆုံးရှုံးမှု ပိုမို ဖြစ်ပေါ်လာနိုင်ကြောင်း ပါဝင်ပါတယ်။
-
အီရန်၊ရန်သူကြေးစားအဖွဲ့မှ တစ်ဦးကို တီဟီရန် တွင် ဖမ်းမိ ။ ။ video
အီရန် ထောက်လှမ်းရေး ဝန်ကြီးဌာနက အမေရိကန် ၊ ဇီယွန် နစ်တို့၏ ကြေးစား အဖွဲ့ မှ တစ်ယောက်အား မိမိ ၏ ဆရာသခင်များ အမိန့်ကို လုပ်ဆောင်ရန် စီမံကိန်းရေးဆွဲနေစဉ်အေမာမ် မဲဟ်ဒီ (အ.ဂျ) ၏ အမည်မဖော်နိုင်သော စစ်သားများက ဖမ်းဆီးနိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ဖမ်းဆီးရမိသော ကြေးစား ထံမှ ကလားရှ်နီကော့ဖ် စစ်သုံးလက်နက် ၁၁ လက်၊ ကျည်ဆံအမြောက်အများနှင့် မြို့ပြစစ်ရေး ကိရိယာများ၊ ယူရိုနှင့် ဒေါ်လာ ငွေပမာဏများအပြင် စတားလင့်ခ် စက်တစ်လုံးကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
-
မဂျ်လစ် စေ ခိုဘ်ရ်ဂန် နေရဲဟ်ဗရီ ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ကော်မရှင် ၁၀၉ ၏ အဖွဲ့ဝင် ၊ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ်
မဂျ်လစ် စေ ခိုဘ်ရ်ဂန် နေရဲဟ်ဗရီ ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ကော်မရှင် ၁၀၉ ၏ အဖွဲ့ဝင် ၊ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ (ရ.ဟ) ၏ အီရတ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗာ ဟိုစိုင်းန်နီ က နောက်ထပ်ခေါင်းဆောင်သစ် ရွေးချယ်ရေး လုပ်ငန်းစဉ် မည်မျှကြာမည်ကို မသိရသေးကြောင်း နောက်ထပ် ခေါင်းဆောင်သစ် ရွေးချယ်မည့်အချိန်ကို မသိရသေး မိန့်ကြားခဲ့ပါတယ်။
-
အစ္စလာမ်မစ် တော်လှန်ရေးခေါင်းဆောင်ကြီး ရှဟီးဒ် ဖြစ်ပြီးနောက် မရှ်ဟဒ် မြို့ တွင် ဝမ်းနည်းကြေကွဲနေသော ပြည်သူများ ၏ စုဝေးပွဲ ။ ။ Photos
အဗ်နာ ။ ။ မရှ်ဟဒ်မြို့ရှိ သစ္စာရှိပြည်သူများသည် တနင်္ဂနွေနေ့ညနေ (မတ်လ၂ရက်၊၂၀၂၆ခုနှစ် ) တွင် မြို့၏ ကဏ္ဍအသီးသီး၌ မကြုံစဖူး များပြားသော လူအုပ်ကြီးဖြင့် လမ်းမများပေါ်သို့ ထွက်ပေါ်လာခဲ့ပြီး ရှဟီးဒ် ဖြစ် သွားသည့် ခေါင်းဆောင်ကြီး အတွက် ဝမ်းနည်းပူဆွေးရင်း အီရန် တပ်မတော် အနေဖြင့် အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရထံမှ ပြင်းထန်သော လက်စားချေမှုပြုရန် တောင်းဆိုခဲ့ကြပါတယ်။
-
အမေရိကန်နှင့် အစ္စရေးတို့က အီရန်၏ မိန်းကလေးကျောင်းတစ်ကျောင်းကို ထပ်မံ လေကြောင်းမှ တိုက်ခိုက်
မီနာဗ်ရှိ မိန်းကလေးကျောင်းကို အမေရိကန်နှင့် အစ္စရေးတို့က လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ကလေးငယ် ၁၆၅ ဦးကို အစုလိုက်အပြုံလိုက် ရှဟီးဒ် ဖြစ်ခဲ့ပါတယ်။ ဤရက်စက် ယုတ်မာသည့် သတ်ဖြတ်မှုအား အီရန်ပြည်သူတို့၏ စိတ်ထဲမှ မေ့ပျောက်နိုင်ခြင်း မရှိသေးမီ မတ်လ၄ရက်နေ့ ၂၀၂၆ခုနှစ် တွင်လည်း အူရူမီယာရှိ မိန်းကလေး ကျောင်းတစ်ကျောင်းကို ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။
-
အာဇာနည်ခေါင်းဆောင် အတွက် အဇါဒါရီ ပြုရန် ပြည်သူများ၏ ညပိုင်းစုဝေးပွဲ / ကွမ်းမြို့ မိုဖီးဒ်ရင်ပြင် ။ ။ Photos
အဗ်နာ ။ ။ မတ်လ ၂ရက်နေ့ ၂၀၂၆ခုနှစ် ညနေပိုင်းတွင် ဇီယွန်ဝါဒီ နှင့် အမေရိကန်တို့၏ မိမိတို့နိုင်ငံ အား ကျူးကျော် တိုက်ခိုက်မှု နှင့် အီရန်တော်လှန်ရေးခေါင်းဆောင်ကြီး၏ (ရှဟာဒသ် ) ကျဆုံးမှု အတည်ပြုပြီးနောက် ကွမ်းမြို့ရှိ ပြည်သူများသည် နိုင်ငံတဝန်းရှိ အခြားနေရာများနှင့် တစ်ချိန်တည်းမှာပင် မြို့တွင်းရှိ လမ်းမကြီးများနှင့် အဓိ ကရင်ပြင်များသို့ စုဝေးရောက်ရှိကာ ဝမ်းနည်းပူဆွေးပွဲများ ပြုလုပ်ခဲ့ကြပါတယ်။ ထို့အပြင် ဤချီတက်ပွဲတွင် မီနာဗ် မြို့ ရှိ မိန်းကလေး ကျောင်း မှ ကျဆုံးသွားသော ကျောင်းသူလေးတစ်ဦး၏ စျာပန အခမ်းအနားကိုလည်း ကျင်းပခဲ့ကြပါတယ်။
-
အီရန် နိုင်ငံခြားရေးဝန်ကြီး နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီး ဖုန်းဖြင့် စကားပြောဆို
အီရန် နိုင်ငံခြားရေးဝန်ကြီး နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး သည် ဖုန်းမှတစ်ဆင့် စကားပြောကြားခဲ့ကြပြီး ရုရှား နိုင်ငံခြားရေးဝန်ကြီးက အမေရိကန် နှင့် အစ္စရေးတို့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အီရန်တော်လှန် ရေးခေါင်းဆောင်ကြီး၏ ကျဆုံးမှု (ရှဟာဒသ်) အတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။
-
ယနေ့ ထရမ့် နှင့် ဇီယွန်များ ကို သတ်ရန် ဝါဂျစ်ဗ် ဖြစ်ကြောင်း အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒ်ဒီ အာမိုလီ ဖသ်ဝါပေး ။ ။ video
အဗ်နာ ။ ။ မရ်ဂျအ်များ မှ တစ်ပါးဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒ်ဒီ အာမိုလီ မှ ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ရှဟာဒသ် အတွက် ဝမ်းနည်းကြေကွဲကြောင်းထပ်လောင်းမိန့်ကြားပြီး ထရမ့်၊၎င်းကဲ့သို့သူများ နှင့် ဇီယွန်များ ကို သတ်ရန် ဝါဂျစ်ဗ် ဖြစ်ကြောင်းမိန့်ကြားခဲ့ပါတယ်။