ရေဒီယို တီဟီရန် အူရဒူဌာန ညွှန်ကြားရေးမှူးဟောင်း ပါကစ္စတန်နိုင်ငံမှ ထင်ရှားသော ဘာသာရေး ပညာရှင် တစ်ဦးဖြစ် သည့် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် မိုဟမ္မဒ် ရဇဝီ သည် ကာလ ရှည်ဖျား နာ ပြီး နောက် ပြီး လာဟိုရ် မြို့ တွင် အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော် ခံယူသွားကြောင်း သိရပါတယ်။

၁၄ မေ ၂၀၂၅ - ၁၄:၀၈

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ ဖော်ပြချက်အရ ပါကစ္စတန်နိုင်ငံမှ ထင်ရှားသော ဘာသာရေးပညာရှင်တစ်ဦးဖြစ်ပြီး  ရေဒီယို တီဟီရန်  အူရဒူဌာန ၏ ဒါရိုက်တာ ဟောင်း ဖြစ်သူ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန်  ဆယက်ဒ်  မိုဟမ္မဒ် ရဇဝီ သည် ကာလရှည်ဖျားနာပြီးနောက် လာဟိုရ် မြို့  တွင် အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော် ခံယူသွားပါတယ်။

ကွယ်လွန်သူ မရ်ဟွန်မ် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန်  ဆယက်ဒ်  မိုဟမ္မဒ် ရဇဝီ သည် နဂျဖ် ဖေအရှ်ရဖ် မြို့ တွင် မူဘာသာရေး ပညာသင်ကြားပြီးနောက် ပါကစ္စတန် နိုင်ငံသို့ ပြန်လာပြီး ပညာရေးနှင့် လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများကို အချိန်တိုအတွင်း လုပ်ဆောင်ခဲ့သည်ကို သတိရသင့်ပါတယ်။

မရ်ဟွန်မ် သည် လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဖူလုံရေးတို့အတွက် လူငယ်များအား လူမှုရေးအသင်းအဖွဲ့များ ဖွဲ့စည်းတည်ထောင်ရာတွင် အခြေခံကျသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် ပေးခဲ့ပါတယ်။

မရ်ဟွန်မ် သည် လက်ရှိအခြေအနေနှင့် ခေတ်၏တောင်းဆိုချက်များကို သိရှိစေရန် သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ပြီး မဂ္ဂဇင်းများကို ဆက်တိုက်ထုတ်ဝေခဲ့ပါတယ်။

မရ်ဟွန်မ် သည် အစ္စလာမ်မာဘတ်ရှိ အီရန်သံရုံးလက်အောက်တွင် ထုတ်ဝေသော ဝဲဟ်ဒသ် သေ အစ္စလာမ်မီ မဂ္ဂဇင်း၏ အယ်ဒီတာဖြစ်ပါတယ်။

ကွယ်လွန်သူ မရ်ဟွန်မ် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန်  ဆယက်ဒ်  မိုဟမ္မဒ် ရဇဝီ သည် အာရဘီ ၊ ပါရှန်း နှင့် အူရဒူ ဘာသာစကားများကို ကျွမ်းကျင်စွာ တတ်မြောက်သူ ဖြစ်ပြီး ရေဒီယို တီဟီရန်  အူရဒူဌာန၏  ဒါရိုက်တာအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ သူ ဖြစ်ပါတယ်။

မရ်ဟွန်မ် သည် မီဒီယာများအပြင် ဘာသာပြန်ခြင်းဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက် ခဲ့သူဖြစ် ပါတယ်။ မရ်ဟွန်မ် သည် ဘာသာစကားများစွာကို ကျွမ်းကျင်သောကြောင့် အရေးပါသော အဖွဲ့ အစည်း များ နှင့် လူပုဂ္ဂိုလ်များသည် စာပေများ တည်းဖြစ်ပေးရန် အတွက် မရ်ဟွန်မ် ဘက် လှည့်ကြကြောင်း သိရပါတယ်။

.......................................................

END / 251

Your Comment

You are replying to: .
captcha