ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဟာဂျ်အာဂါယေ မွတ်ဂျ်သဗဟ် တီဟီရန်နီ ၏ "အရ်ဖဟ် ည၏ ထူးခြားသည့် ဝိသေသလက္ခဏာများ " ခေါင်းစဉ်ဖြင့် အရ်ဖဟ်နေ့ ရောက်ရှိလာသည့် အခါသမယတွင် မိန့်ခွန်းကို လူကြီးမင်းတို့အား ပါရှန်းဘာသာဖြင့် တင်ပြလိုက်ပါတယ်။ မြန်မာဘာသာဖြင့်လည်း နားလည် အောင်တင်ပြ လိုက်ပါ တယ်။

၅ ဇွန် ၂၀၂၅ - ၀၁:၀၅

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဟာဂျ်အာဂါယေ မွတ်ဂျ်သဗဟ် တီဟီရန်နီ ဟောကြားသည်မှာ ဤညဟာ အရ်ဖဟ် ည ဖြစ်ပါတယ်။ အရ်ဖဟ်ည၏ ထူးခြားသည့် ဝိသေသလက္ခဏာ သုံးရပ် လာရှိပါတယ်။

ပထမ ဝိသေသလက္ခဏာ ရပ် ကတော့ ဤည ၊ အရ်ဖဟ် ညမှာ သောင်ဗဟ် (ဝန်ချတောင်းပန်ခြင်း ) ကဘူလ် ဖြစ်မှာ ဖြစ်ပါတယ်။ ဤ ဝိသေသလက္ခဏာ ရပ် ဟာ အချိန် အားဖြင့် ဖြစ်ပါတယ်။

ဒုတိယ ဝိသေသလက္ခဏာ ရပ် ကတော့ ဒိုအာ ကဘူလ် ဖြစ်သည့် ည ဖြစ်ပါတယ်။ ရီဝါယသ် လာ ရှိပါတယ်။ အရ်ဖဟ် ည တွင် အေဗါဒသ် (ခဝပ်ကိုးကွယ်မှု ပြုခြင်း ) သည် ရလဒ် အား တိုးပွားမှု များပြားမှု ကို ဖြစ်စေပါ တယ်။ဘယ်လို တိုးပွားမှု များပြားမှု ကို ဖြစ်စေလည်းဆိုရင် တော့ ရီဝါယသ်တော် လာ ရှိပါတယ်။ အရ်ဖဟ် ည တွင် အေဗါဒသ် (ခဝပ်ကိုးကွယ်မှု ပြုခြင်း ) သည် နှစ်ပေါင်း ၁၇၀ အေဗါဒသ် (ခဝပ်ကိုးကွယ်မှု ပြုခြင်း ) နှင့် ညီမျှ သည်ဟု လာ ရှိပါတယ်။

ဒိုအာ နှင့် ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင်တော့ သူတစ်ပါးအတွက် ဒိုအာ ပြုပေးပါ။သူတစ်ပါး အတွက် ဒိုအာ ပြုပေးမည်ဆိုရင် အလ္လာဟ် ဟို အရှင်မြတ် ဟာ လူကြီးမင်းအား အဆပေါင်း တစ်သိန်း နှင့် အမျှ ချီးမြှင့် ပေးသနား တော် ဖြစ်ပါတယ်။

တတိယ ဝိသေသလက္ခဏာ ရပ် အနေဖြင့်ကော် မနက်ဖန် အရ်ဖဟ်နေ့ အတွက် ဇေယာရသ်သေ အေမာမ် ဟိုစိုင်းန် (အ.စ) ဖတ်ရွတ် ခြင်း ဖြစ်ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ နှင့် ဆော်ဒီ နိုင်ငံ တွင် အရ်ဖဟ်ည သည် ၂၀၂၅ ခုနှစ် ဇွန်လ ၄ရက်နေ့ ည ဖြစ်ပြီး  ပြည်ထောင်စု မြန်မာ နိုင်ငံ တွင် ၂၀၂၅ ခုနှစ်  ဇွန်လ ၅ ရက်နေ့ ည ဖြစ်ပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha