အစ္စရေးလေကြောင်း တိုက်ခိုက်မှုများ သည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းသာမက ဂါဇာကို တရားဝင် စစ်ကြေငြာခြင်းလည်းဖြစ်ပြီး လူနေရပ်ကွက်များနှင့် ဒုက္ခသည်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ သတင်းတစ်ပုဒ်အရ အာရပ်ရုပ်မြင်သံကြားလိုင်း အလ်မယာဒီးန် ၏ ကိုယ်စား လှယ်တစ်ဦး က မနေ့ညကတည်းက ဖြစ်ပွားနေသော ဇီယွန်ဝါဒီတိုက်ခိုက်မှုများကို အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းဟု မခေါ်ဆိုနိုင်တော့ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းမှဆက်လက်ပြီး ဒီတိုက်ခိုက်မှုတွေဟာ တကယ်တော့ စစ်ကြေငြာချက်တစ်ခုသာ ဖြစ် ကြောင်း ဘာလို့ လဲဆိုတော့ သိမ်းပိုက်ထားတဲ့ အစ္စရေးလေယာဉ်တွေက လူနေရပ်ကွက်တွေနဲ့ ပါလက်စတိုင်း ဒုက္ခသည် စခန်းတွေကို ဗုံးကြဲခဲ့လို့ ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
အစ္စရေးစစ်တပ်က မနေ့ညကတည်းက ဖြစ်ပွားနေတဲ့ ဂါဇာကမ်းမြောင်ဒေသအပေါ် အဓိကတိုက်ခိုက်မှုတွေကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း မကြာသေးခင်က ပြောဆိုခဲ့ပါတယ်။
အာရပ်ရုပ်မြင်သံကြားလိုင်း အလ်မယာဒီးန် ကိုယ်စားလှယ်၏ အဆိုအရ ယခုအချိန်အထိ ဤတိုက်ခိုက်မှုများ တွင် ပါလက်စတိုင်းလူမျိုး ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်း ဖြစ်ပါတယ်။
အကြမ်းဖက် အစ္စရေး နှင့် ၎င်း၏ ဆရာဆိုလည်း ဟုတ်၊ အဖေဆိုလည်း မမှား ဖြစ်သည့် အမေရိကန် တို့သည် ပေးထား သည့် ကတိ ကို မတည် ကြသည့် နိုင်ငံများ ဖြစ်ပါတယ်။ အကြမ်းဖက် အစ္စရေး သည် အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်ခြင်း ကို တစ်ကြိမ် သာ မကြာကြိမ် ပေါင်းများစွာ ကျူးကျော်နေသည့် အကြမ်းဖက် ၊ ကြီးနိုင် ငယ်ညှဥ်း ပြုနေသည့် တရား မဝင် နိုင်ငံဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment