အဗ်နာ ။ ။ အိန္ဒိယ နိုင်ငံ လက်ခနောင်း မြို့ ၏ ဟိုစိုင်းန်နဗါဒ် ရှိ ချိုတာ အေမာမ်ဘာရာ တွင် အကြမ်းဖက် အစ္စရေး ၊ အကြမ်းဖက် အမေရိကန် တို့၏ ယောက်ကျားမပီသသည့် လုပ်ကြံမှုကြောင့် ရှဟီးဒ် ဖြစ်သွားသည့် ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နှင့် ရှိုဟာဒါ အီရန် အတွက် ကျဲဟ်လွန်မ်မဂျ်လစ် ကို ကျင်းပခဲ့ပါတယ်။ ဤမဂျ်လစ်တွင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ၏ အိန္ဒိယ နိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ်တော် အာယာသွလ္လာဟ် အဗ်ဒွလ်မဂျီးဒ်ဟကီးမ် အေလာဟီ မှ တက်ရောက်ပြီး တရားလည်းဟောကြားခဲ့ပါတယ်။ အခြားအရေးပါအရာရောက်သည့် ပုဂ္ဂိုလ်များ မှလည်း မိမိတို့ ၏ ခံစားချက်များကိုတင်ပြခဲ့ကြပါတယ်။
၂ ဧပြီ ၂၀၂၆ - ၀၉:၁၈
News ID: 1797383
Your Comment