အဗ်နာ ။ ။ ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ အာဇာနည်အဖြစ် ၄၀ ရက်မြောက် အခမ်းအနားကို ကြာသပတေးနေ့ ဧပြီလ ၉ ရက် နေ့ တွင် အီရန် နိုင်ငံ ၏ မြို့တော် တီဟီရန် ၌ အလွှာ အစုံ နှင့် အဖွဲ့ မျိုးစုံမှ တက်ရောက်ခဲ့ကြပါတယ်။ အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရ၏ အီရန် နိုင်ငံအပေါ် တရားမဝင် ကျူးကျော်မှုအပြီးတွင် ရှဟီးဒ် ဖြစ်ခဲ့သည့် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နှင့် ၎င်း၏ မိသား စုဝင်များ ၊ စစ်ဘက် အရာရှိများစွာ အတွက် အာဇာနည်အဖြစ် ၄၀ ရက်မြောက် အခမ်းအနားကို ကျင်းပ ခဲ့ခြင်း ဖြစ်ပါတယ်။
၁၂ ဧပြီ ၂၀၂၆ - ၀၇:၂၀
News ID: 1801344
Your Comment