အဗ်နာ ။ ။ အေမာမ် ရေဇာ (အ.စ) ရှဟာဒသ် ဖြစ်သည့် နှစ်ပတ်လည်နေ့မတိုင်မီ တစ်ရက်အလိုတွင် မရှ်ဟဒ်မြို့သို့ ဦးတည်သွားလာသည့် လမ်းကြောင်းများသည် ရေဇာ (အ.စ) ၏ လမ်းစဉ်ဖြစ်သော “သရီးကွတ်ရ်ရေဇာ” လမ်းမှတစ်ဆင့် ရေဇာဝီရင်ပြင်တော်သို့ ခြေလျင်ခရီးဖြင့် သွားရောက်နေကြသည့် ဇေယာရသ် ပြုသူ များဖြင့် ပြည့်နှက်လျက်ရှိပါတယ်။ ဤဇေယာရသ် ပြုသူအျား အဖွဲ့များသည် နီရှာပူရ်မှ မရှ်ဟဒ်သို့ ဆက်သွယ်ထားသည့် လမ်းကြောင်းပေါ်တွင် အေမာမ် ရေဇာ (အ.စ) ၏ သန့်ရှင်းမြင့်မြတ်သော ရောင်ဇာ တော်မြတ် သို့ ရောက်ရှိကာ ဇေယာရသ် ပြု၍ ကောင်းချီးမင်္ဂလာများ ရရှိနိုင်ရန် အသင့်ပြင်ဆင်လျက်ရှိကြပါတယ်။ ထို့အပြင် မိမိတို့၏ အေမာမ် (အ.စ) အတွက် ဝမ်းနည်းပူဆွေးခြင်းဖြင့် အလွမ်းအမှတ်ပြုရန်လည်း ခရီးဆက်လျက်ရှိကြပါတယ်။
၁၂ ဩဂုတ် ၂၀၂၆ - ၁၇:၀၈
News ID: 1851830
Your Comment