အဗ်နာ ။ ။ ဟဇရသ် မအ်စူမဟ် (စ.အ) ဝဖါသ် ညတွင် ဖယောင်းတိုင်ထွန်းဂါရဝပြုခြင်း နှင့် ခွသ်ဗဟ် (တရားဓမ္မမိန့်ခွန်း) ဖတ်ကြားခြင်း အခမ်းအနားကို အင်္ဂါနေ့ည (စက်တင်ဘာလ ၂၂ ရက်နေ့ ၂၀၂၆ ခုနှစ် ) တွင် ကျင်းပခဲ့ပါတယ်။ အဆိုပါ အခမ်းအနားကို ဟဇရသ် မအ်စူမဟ် (စ.အ) ၏ သန့်ရှင်းမြင့်မြတ်သော ရောင်ဇာတော် မြတ် ရှိ အေမာမ် ခိုမေနီ (ရ.ဟ) ခန်းမတွင် ကျင်းပခဲ့ပြီး၊ ရောင်ဇာတော် အား အုပ်ချုပ်စောင့်ရှောက်သူ အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ် စအီဒီ ၊ မြင့်မြတ်သည့် ဂျန်မ်ကာရန် ဗလီ၏ အုပ်ချုပ်စောင့်ရှောက်သူ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် အဂျာက် နီဇာဒ် နှင့်အတူ အစ္စလာမ်ဘာသာရေးပညာရှင်များ၊ ဝန်ထမ်း/အမှုထမ်းများနှင့် ကွမ်းမြို့မှ ပြည်သူများ အများအပြား တက်ရောက်ခဲ့ကြပါတယ်။

၂၆ စက်တင်ဘာ ၂၀၂၆ - ၁၀:၁၅

Tags

Your Comment

You are replying to: .
captcha