အဗ်နာ ။ ။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်၊ နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ် အစ္စလာမ့်ရေးရာကောင်စီ (Islamic Religious Affairs Council Shan State) ၏ တောင်ကြီးမြို့ရှိ ရုံးခန်းသစ်၌ နာယက ဒေါက်တာ ဒေါ်နှင်းရီအေး ဦးဆောင်မှုဖြင့် ကုရ်အာန်ဖတ်အဖွဲ့များ၊ အမျိုးရေးရာအဖွဲ့များနှင့် ပန်းသေးအမျိုးသမီးအဖွဲ့များ ပါဝင်ကာ အန္တရာယ်ကင်း ဖွသေဟဟ် ကို ကျင်းပခဲ့ကြပါတယ်။ အခမ်းအနားသို့ ရှမ်းပြည်နယ် အစ္စလာမ့်ကောင်စီဥက္ကဋ္ဌ ဦးထွန်းညွန့်မော် နှင့် အမှုဆောင်လူကြီးများ တက်ရောက်ခဲ့ကြပြီး ရုံးခန်းနေရာအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြပါတယ်။ ထို့ပြင် တက်ရောက်လာသူများအား အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး ၂၀၂၇ ခုနှစ် အစ္စလာမ့်ကောင်စီပြက္ခဒိန်များကိုလည်း အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ Photos Credit - Myo Myint Swe

၁၀ အောက်တိုဘာ ၂၀၂၆ - ၁၇:၄၆

Tags

Your Comment

You are replying to: .
captcha