အဗ်နာ ။ ။ အမျိုးသမီးများအတွက် ရည်ရွယ်သည့် ပဉ္စမမြောက် အများပြည်သူဆိုင်ရာ စစ်ရေးလေ့ကျင့်ရေးစင်တာဖြစ်သော “ဂျာန်ဖဒါ”(စွန့်လွှတ်အနစ်နာခံခြင်း၊ ပေးဆပ်ခြင်း) စင်တာဖွင့်ပွဲအခမ်းအနားကို အီရန်နိုင်ငံ၊ တီဟီရန်မြို့တွင် ဂျာန်ဖဒါလှုပ်ရှားမှု၌ ပါဝင်ကြသည့် အမျိုးသမီးများနှင့် မိန်းကလေးများစွာ တက်ရောက်ခဲ့ကြပြီး ကျင်းပခဲ့ပါတယ်။ အခမ်းအနားအတွင်း ဂျာန်ဖဒါအဖွဲ့ဝင် အမျိုးသမီးအချို့သည် ကျွမ်းကျင်မှုဆိုင်ရာ လေ့ကျင့်ခန်းများနှင့် သရုပ်ပြလှုပ်ရှားမှုများကို ပြုလုပ်ကာ မိမိတို့၏ အသင့်အနေအထားနှင့် စွမ်းရည်များကို ပြသခဲ့ကြပါတယ်။ ထိုသို့ စွမ်းရည်သရုပ်ပြမှုများတွင် အဆောက်အအုံပေါ်မှ ကြိုးဖြင့်လျှောဆင်းသည့် ရက်ပဲလ် (Rappel) လေ့ကျင့်ခန်းနှင့် အဆောက်အအုံနှစ်ခုအကြား ကြိုးကိုအသုံးပြု၍ အလျားလိုက် ဖြတ်ကူးသည့် လေ့ကျင့်ခန်းတို့လည်း ပါဝင်ခဲပါတယ်။
၁၁ နိုဝင်ဘာ ၂၀၂၆ - ၂၂:၁၃
News ID: 1889689
Your Comment