အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၅ မတ် ၂၀၂၀

၁၆:၄၇:၃၁
1015035

စူရဟ် ဟူးဒ် (علیه السّلام)နှင့် စူရဟ် ယူစွဖ်(علیه السّلام)အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ဟူးဒ် (علیه السّلام) နှင့် စူရဟ် ယူစွဖ်(علیه السّلام) အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


 

စူရဟ် ဟူးဒ် အကြောင်း သိကောင်းစရာအမည် - ဟူးဒ် (علیه السّلام) အဓိပ္ပာယ် - နဘီ တစ်ပါး ၏ အမည်

ဤ အမည်ထွင်ရသည့် အာယသ်တော် -အပါး ၅၀ မြောက်အာယသ်တော်ဟူးဒ် ဆိုသည့်စကားလုံး ဤစူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၄ ကြိမ်ဟူးဒ် ဆိုသည့်စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၁၀ ကြိမ်အစောင် - ၁၁၊၁၂ရကူအပိုဒ်တော်ပေါင်း - ၁၀အာယသ်တော်ပေါင်း - ၁၂၃

စကားလုံးတော်ပေါင်း - ၁၉၄၇

အက္ခရာတော်ပေါင်း - ၇၈၂၀ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၃၈ ကြိမ်ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့ တော် ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း) ၊မြောက်များစွာသော သဖ်စီးပညာရှင်များ မှ စူရဟ် တစ်ပိုဒ်လုံး ကျရောက်ခဲ့ကြောင်း ဆိုထားကြပါသည်။ကျရောက်သည့်အမှတ်စဉ် - ၅၂ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ်ယူနွတ်စ် (علیه السّلام) ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ယူစွဖ် (علیه السّلام) အမည့်ထွင်ရသည့်အကြောင်း - ဟဇရသ် ဟူးဒ် (علیه السّلام) ၏ အကြောင်း တင်ပြထားသည့် အတွက်ကြောင့် ဖြစ်ပါတယ်။ ထူးခြားသည့်ကြင်အင်လက္ခဏာ - တမန်တော်မြတ်ကြီး (صلی الله علیه وآله ) မိန့်တော်မူသည် စူရဟ် ဟူးဒ် သည် ကျွန်ုပ်အား အဖိုးအို ဖြစ်စေခဲ့ပါသည်။ အကြောင်းမှာ ဤ စူရဟ် သည် ကျွန်ုပ် နှင့် ကျွန်ုပ် ၏ မိတ်ဆွေများ ကို ဇွဲရှိရန် ကြံ့ကြံ့ခံနိုင်ရန် အမိန့် ပေးခဲ့သည့် အတွက်ကြောင့် ဖြစ်ပါသည်။

အကျိုးအာနိသင် - အေမာမ် မိုဟမ္မဒ် ဘာကဲရ် (علیه السّلام) မိန့်တော်မူသည်။ “အကြင်မည်သူမဆို သောကြာနေ့တိုင်း စူရဟ် ဟူးဒ် အား သေလာဝသ်ပြုမည်ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် ၎င်း အား ကေယာမသ် နေ့တွင် အန်ဗယာ နှင့်မိုအ်မေနီ၏ လိုင်းတွင် ပါဝင်ပေမည်။ ၎င်း၏ စာရင်းအင်းအလွန်အလျင်အမြန်ပြီးစေမည်ဖြစ်ပါသည်။ ၎င်း၏ လုပ်ရပ်များ တွင် မည်သို့မျှ အမှား ရှိမည် မဟုတ်ချေ။ ” (သဖ်စီးအရာရှီကျမ်း ကျမ်း အတွဲ ၂ စာမျက်နှာ ၂၉၉ )

 

စူရဟ် ယူစွဖ်(علیه السّلام) အကြောင်း သိကောင်းစရာအမည် - ယူစွဖ် (علیه السّلام) အဓိပ္ပာယ် - နဘီ တစ်ပါး ကို အဆွဲပြု၍ ခေါ်ဆိုပါတယ် ဤ အမည်ထွင်ရသည့် အာယသ်တော် - ၄ပါး မြောက်အာယသ်တော်ယူစွဖ် ဆိုသည့်စကားလုံး ဤစူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၂၅ ကြိမ်ယူစွဖ် ဆိုသည့်စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၂၇ ကြိမ်အစောင် - ၁၂၊၁၃

ရကူအပိုဒ်တော်ပေါင်း - ၁၂အာယသ်တော်ပေါင်း - ၁၁၁စကားလုံးတော်ပေါင်း - ၁၇၉၆အက္ခရာတော်ပေါင်း - ၇၃၀၉

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၄၄ ကြိမ်ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့ တော် ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း) ကျရောက်သည့်အမှတ်စဉ် - ၅၃ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ်ဟူးဒ် (علیه السّلام)ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ဧဂ်ျရ်ဤစူရဟ်၏ အခြားအမည်များ - (၁) ယူစွဖ် (علیه السّلام) (၂) အာဆန်နိုကဆက်ဆ်အမည့်ထွင်ရသည့်အကြောင်း - ဟဇရသ် ယူစွဖ် (علیه السّلام) ၏ အကြောင်း တင်ပြထားသည့် အတွက်ကြောင့် ဖြစ်ပါတယ်။ ထူးခြားသည့်ကြင်အင်လက္ခဏာ - ဤစူရဟ် အား အကောင်းတကာ အကောင်းဆုံး ဖြစ်ရပ်မှန်ဟုဆိုထားပါတယ်။

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာ ဒစ် (علیه السّلام)မိန့်တော်မူသည်။ “အကြင်မည်သူမဆို နေ့စဉ် နှင့် ညတိုင်း စူရဟ် ယူစွဖ် (علیه السّلام) ၏ သေလာဝသ် ပြုမည်ဆိုလျှင် ကေယာမသ်နေ့ တွင် အလ္လာဟ် ဟို အရှင်မြတ် သခင် သည် ၎င်း၏ ယူစွဖ် (علیه السّلام) ၏ အလှ ကို ချီးမြှင့်ပေးသနားတော် မူမည် ။၎င်းအတွက် မည်သူပူဆွေး သောက မှ ဖြစ်မည် မဟုတ်ချေ။ အလ္လာဟ်ဟို အရှင်မြတ် သခင်၏ သူတော်စင်များတွင် ပါဝင်ပေမည်။ ” (မဂ်ျမအိုလ်ဗရန်း(န)ကျမ်း အတွဲ ၅ စာမျက်နှာ ၃၅၄)

===========================

END / 251