အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၃၀ ဇန်နဝါရီ ၂၀၂၁

၂၀:၂၉:၃၂
1110740

ကျမ်းတော်မြတ်ကုရ်အာန်သည် ပြုပြင်ပြောင်းလဲမှုအမျိုးမျိုးမှ သန့်ရှင်းစင်ကြယ်ကြောင်း သိကောင်းစရာ

ကျမ်းတော်မြတ်ကုရ်အာန်သည် ပြုပြင်ပြောင်းလဲမှုအမျိုးမျိုးမှ သန့်ရှင်းစင်ကြယ်ကြောင်း နှင့် ပတ်သက်ပြီး အထင်မှား အမြင်မှားနေသည့် သူများ အတွက် တင်ပြလိုက်ရပါတယ်။တင်ပြထားသည် ကို အသေအချာ ဖတ်ရန်မေတ္တာ ရပ်ခံအပ်ပါတယ်။


ကျမ်းတော်မြတ်ကုရ်အာန်သည်ပြုပြင်ပြောင်းလဲထားမှုကင်းကြောင်း

 

ရှီအာများနှင့်ပတ်သက်ပြီး မဟုတ်မတရား စွပ်စွဲသာသနာပြုနေကြ ပါသည်။ ကျွန်တော်တို့ ရှီအာများအနေဖြင့်ယနေ့လက်ရှိကျွန်တော်တို့နှင့် မွတ်စလင်များအားလုံးအကြားရှိကျမ်းတော်မြတ်ကုရ်အာန်သည်တမန်တော်မြတ် ကြီး မိုဟမ္မဒ်(ဆွ)အပေါ် ချပေးတော်မူသည့် အတိုင်း နဂို ပကတိအတိုင်း အပြောင်းအလွဲ မရှိကြောင်း သက်ဝင်ယုံကြည်ပါသည်။ ယုတ်စွအဆုံး အက္ခရာ တစ်လုံးမျှပင် မတိုး၊မလျှော့ဟု သက်ဝင်ယုံကြည်ပါ၏။

            အရည်အတွက် များစွာသော သဖ်စီးကျမ်းဂန်များ၊ အစူလ်လေ ဖေကဟ်ကျမ်း စာအုပ်များ၊ ၎င်းကဲ့သို့သော ကျမ်းဂန်များ၌ ဤကိစ္စနှင့် ပတ်သက်ပြီး နကလီ(ရီဝါယတ်၊ဟဒီးစ်၊…)အထောက်အထား၊ အကဲလ်လီ(အသိဉာဏ်) အထောက်အထားများဖြင့် ရှင်းလင်းတင်ပြထားပြီးဖြစ်ပါသည်။

မွတ်စလင်အိုလမာများအနေဖြင့် ရှီအာဖြစ်စေ၊ စွန္နီဖြစ်စေ၊ အဂ်ျမာ(အိုလမာ အများစု၏ ဆုံးဖြတ်ချက်)အရ ကျမ်းတော်မြတ်ကုရ်အာန်၌ အရာတစ်ခု မှ ပြောင်းလဲထားခြင်းမရှိကြောင်း ကျွန်တော်တို့အနေဖြင့် ယုံကြည်လက်ခံထား သည်။ အများစုသော နှစ်ဘက်သော သုတေသီများက ညီညွတ်စွာဆိုထားသည် မှာ ၎င်း(ကျမ်းတော်မြတ်ကုရ်အာန်)၌မည်သို့သော အရာမှ လျှော့ထားခြင်းမရှိပေ။

            နှစ်ဘက်စလုံးအတွင်း၌ ကျမ်းတော်မြတ်ကုရ်အာန်၌် တစ်ခုခု လျှော့ထား ကြောင်း ယုံကြည်သူများ မပြောပသလောက်ရှိပါသည်။ ၎င်းတို့၏ အဆိုအမိန့်များ ကို အကျော်အမော် အစ္စလာမ်သုခမိန်ကြီးများက မထောက်ခံထားပေ။

 

နှစ်ဖက်စလုံး၏စာအုပ်နှစ်အုပ်

အိုလာမာအလ်လေ စွန္နတ်မှ ပညာရှင်တစ်ပါးဖြစ်သောအဗ်နုလ် ခါသီး(ဗ) မစ္စရီအနေဖြင့်الفرقان فى تحريفالقرآن) (ရေးသားခဲ့၏။ ၎င်းစာအုပ်အား

၁၉၄၈ခုနှစ်(ဟီဂျရီ၁၃၆၈ခုနှစ်)တွင် ပုံနှိပ်ထုတ်ဝေခဲ့ပေသည်။ အလ်အဇ်ဟဲရ် တက္ကသိုလ်မှ ဤစာအုပ်အား သိလျှင်သိချင်းလိုက်၍ သိမ်းဆည်းခဲ့သည်။

သို့သော် အချို့သောသူများထံ ခွင့်မပြုသည့်ကြားမှရောက်ရှိသွား၏။

            ထိုနည်းတူစွာ စာအုပ်အမည် (فصل الخطاب فى تحريف كتاب ربّ الأرباب)စာအုပ်အား ရှီအာဟဒီးစ်ပါရဂူများ အနက်မှ တစ်ပါးဖြစ်သော ဟာဂျီနူရ်ရီ

ရေးသားခဲ့ပြီး ဟီဂျရီ၁၂၉၁ခုနှစ်၌ ပုံနှိပ်ထုတ်ဝေခဲ့သည်။ (ဤစာအုပ်အား)ဟောင်ဇေအေလ်မီးယေနဂျဖ်၏ သာသနာသုခမိန်အကြီးအကဲများက ကန့်ကွက်

သိမ်းဆည်းပိတ်ပင်ရန်အမိန့်ပေးခဲ့ကြသည်။ အရေအတွက်များစွာသော စာအုပ်များ ၎င်းစာအုပ်၏အဖြေအဖြစ် ရေးသားခဲ့ကြ၏။ ဤစာအုပ်فصل الخطاب فى تحريف كتاب ربّ الأرباب၏အဖြေအဖြစ်ရေးသားခဲ့ကြသော သုခမိန်ကြီးများမှာ-

၁။ထိပ်တန်းဖကီး(မိုဂ်ျသဟစ်(ဒ))တစ်ပါးဖြစ်သော မရ်ဟွမ်ရှိက်ခ်မဟ်မိုဒ်

ဗင် အဘူလ်ကာစင်(မ)၊ နာမည်ကျော်ကြားသော မိုအာရဗ်တီဟီရန်နီး (ကွယ်လွန် ၁၃၁၃ဟီဂျရီ)က«كشف الإرتياب فى عدم تحريف الكتاب»အမည်ရှိစာအုပ်အား ရေးသား ခဲ့ပေသည်။

၂။မရ်ဟွမ်အလ္လာမာဆရက်(သ)မိုဟမ္မဒ်ဟိုစိုင်း(န)ရှဟ်ရေစ်သာနီး(ကွယ်​လွန်၁၃၁၃ဟီဂျရီ)က «حفظ الكتاب الشريف عن شبهة القول بالتحريف»

အမည်ဖြင့်فصل الخطاب فى تحريف كتاب ربّ الأربابစာအုပ်၏ အဖြေပေးစာအုပ် အဖြစ်ရေးသားခဲ့ပေသည်။

၃။ ဟောင်ဇေအေလ်မီးယေနဂျဖ်၏ သုတေသီများအနက်မှ တစ်ပါးဖြစ်ပြီး၊ ကျော်ကြားသော «تفسير آلاء الرّحمان»အမည်ရှိသဖ်စီးကျမ်း၏ ပိုင်ရှင်ကျမ်းပြုသူ ဖြစ်သော

မရ်ဟွမ် အလ္လာမာ ဗလာဂီး (ကွယ်လွန်၁၃၅၂ဟီဂျရီ)သည် မိမိ၏ သဖ်စီးကျမ်း၌ ကျမ်းတော်မြတ်ကုရ်အာန်အတွင်း မည်သို့မျှ ပြောင်းလဲမှု မရှိ ကြောင်း

အခန်းကဏ္ဍတစ်ခုဖြစ် ရေးသားထားသည်မှ လေ့လာမှတ်သားထိုက် ပေသည်။ (၎င်းအခန်းကဏ္ဍအား)[1]၌လေ့လာမှတ်သားနိုင်ပေသည်။

၃။ ကျွန်ုပ်အနေဖြင့်လည်း မိမိ၏စာအုပ် «انوارالاصول»၌ ကျမ်းတော်မြတ် ကုရ်အာန် အတွင်းမည်သို့မျှ ပြောင်းလဲမှုမရှိကြောင်း အခန်းကဏ္ဍကို အကျယ်တဝင့်

တင်ပြ ထားပြီး ဤအခန်းကဏ္ဍနှင့်ပတ်သက်၍ မေးမြန်းချက်များ၊ သံသယဒွိဟများကို ငြင်းမရနိုင်အောင် တုံ့ပြန်ဖို့လမ်းမရှိအောင် အဖြေပေးထားပါသည်။

            တကယ်တမ်း မရ်ဟွမ်ဟာဂျီနူရ်ရီသည် သာသနာပညာရှင်တစ်ပါးဖြစ် ပါသည်။ သို့သော် အလ္လာမာဗလာဂီး၏ အဆိုအရ အားနည်းသော၊ ရီဝါယတ်တော်

များကို အကိုးအကားပြုမိခဲ့သဖြင့် ပုံနှိပ်ထုတ်ဝေပြီးနောက် မိမိကိုယ်တိုင် နောင်တရ မိလေသည်။ ဟောင်ဇေအေလ်မီးယေနဂျဖ်၏ သာသနာသုခမိန် အကြီးအကဲများက

ဤလုပ်ရပ်အား ၎င်း၏ ထင်ရှားသော မှားယွင်းမှုအဖြစ် သတ်မှတ်ထားပေသည်။[2]

စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ဟာဂျီနူးရ်ရီ၏ စာအုပ် فصل الخطاပုံနှိပ်ထုတ်ဝေပြီးနောက် အဘက်ဘက်မှ စောဒကတက်မှုများ၊ ဝေဖန်မှုများ ပြုလုပ်လာရာ နောက်ဆုံး၌

မိမိကိုယ်ကို ကာကွယ်ကာ၊ ကျွန်တော်ဆိုလိုချက်က ကျမ်းတော်မြတ်ကုရ်အာန်အတွင်း မည်သို့မျှ ပြောင်းလဲမှု ဟုဆိုလိုကြောင်း၊ ကျွန်တော်တင်ပြတာလွဲ သွားတာဟူ၍

စာအုပ်တစ်ခုထပ်ရေးခဲ့၏။[3]

မရ်ဟွမ် အလ္လာမာဆရက်(သ) ဟဗ်သိုဒီး(န)ရှဟ်ရေစ်သာနီးတင်ပြ သည်မှာ ကျွန်တော် စမရာမြို့၌ နေခဲ့တုန်းက မရ်ဟွမ်မေရ်ဇာယေရှီးရာဇီး ဤ နယ်မြေ၏

အကြီးအကဲဖြစ်ပြီး ၎င်း၏ကြိုးပမ်းမှုဖြင့် ဤမြို့သည် ရှီအာတို့၏ အချက်အချာ ဗဟိုသာသာနာတက္ကသိုလ်ဖြစ်နေပေသည်။ကျွန်တော်သွားသည့် မဂျလစ်တိုင်း

ဟာဂျီနူးရ်ရီး၏ စာအုပ်နှင့်ပတ်သက်ပြီး မကျေနပ်မှု၊ ခံစားရမှုနှင့် အတူဆန့်ကျင်ပြောဆိုကြသည်။ အချို့ဆိုလျှင် ပြင်းထန် ဆိုးရွားသော စကားလုံးများဖြင့်

၎င်းအားပြောဆိုခဲ့ကြသည်။[4]

ဒီလိုအခြေအနေ ရောက်နေတာတောင်မှ ဟာဂျီနူးရ်ရီ၏ အဆိုအမိန့်များ၊ (အရေး အသားများ)ကို ရှီအာယုံကြည်မှုဟု မလွဲမသွေ ပြောနိုင်ပါသလား? ယခုအခါ၌

အယူသည်းသော၊ ဝဟာဘီအချို့က-   ဒီစာအုပ်فصل الخطابကို အကြောင်းပြပြီး၊ ရှီအာတွေဟာ ကျမ်းတော်မြတ်ကုရ်အာန်၌ ပြောင်းလွဲမှု ရှိပါတယ်ဟု

လက်ခံယုံကြည်ကြပါသည်ဟု အကြိမ်ကြိမ် ပြောဆို ရေးသား နေကြသည်။

တကယ်တမ်း ပြောရမည်ဆိုလျှင်-

၁။အကယ်၍စာအုပ်တစ်အုပ်တည်းကို ရှီအာများရဲ့ အကီသာယုံကြည်မှု အဖြစ် သက်သေထူမည်ဆိုလျှင်၊ မလွဲမသွေကျမ်းတော်မြတ် ကုရ်အာန်၌

ပြောင်းလွဲမှု ရှိကြောင်း စွန္နီအိုလမာများက လက်ခံကြောင်း ပြောဆိုရေးသားရပေမည်။ အကြောင်းသည်ကား အဗ်နုလ်ခါသီး(ဗ) မစ္စရီက الفرقان فى تحريف) (القرآن ရေးသား

ထားပေသည်။

အကယ်၍အိုလမာအဇ်ဟဲရ်၏ ပြစ်တင်ရှုံ့ချမှုအား ကျမ်းတော်မြတ် ကုရ်အာန်၌ ပြောင်းလွဲမှုမရှိကြောင်း သက်သေအထောက်အထားဖြစ်နိုင် လျှင် အိုလမာ

နရဖ်အနေဖြင့်فصل الخطاب فى تحريف كتاب ربّ الأربابအားပြစ် တင်ရှုံ့ချမှုကို လည်း ကျမ်းတော်မြတ်ကုရ်အာန်၌ ပြောင်းလွဲမှုမရှိကြောင်း သက်သေအထောက်

အထား အဖြစ် လက်ခံရလိုက်မည်။

၂။ အဟ်လေစွန်န္နတ်၏ အကျော်အမော် သဖ်စီးစာအုပ်ကြီး နှစ်အုပ်ဖြစ်သော၊«قرطبى» و «درّالمنثور» ၌ဟဇရတ်(သ)အာအေရှာ(တမန်တော်မြတ်ကြီး(ဆွ)၏ ကြင်ယာတော်)ထံမှဆင့်ပြန်ရေးသားထားသည်။ပြောကြားသည်မှာ- « انّها ـ اى سورة الأحزاب ـ كانت مأتى آية فلم يبق منها إلاّ ثلاث و سبعين! »[5]စူရာဟ်အဲဟ်ဇာ(ပ)

အာယတ်တော် အပါး၂၀၀ရှိရာမှ၊ ၇၃ပါးအာယတ်တော်သာလျှင် ကျန်ရစ်တော်မူ၏။

ဒီထက်မြင့်သော စဟီးဘုခါရီကျမ်းနှင့် စဟီးမွတ်စလင် ကျမ်းတော် မြတ်ကုရ်အာန်၌ ပြောင်းလွဲမှုရှိကြောင်းကို ဖော်ပြနေသော ရီဝါယတ်တော်ကို ရှုစား နိုင်ပေသည်။[6]

သို့သော်လည်း ကျွန်ုပ်တို့အနေဖြင့် စာရေးဆရာတစ်ယောက် ကြောင့်ဖြစ်စေ၊ အားနည်းသော မမှန်ကန်သော ရီဝါယတ်တော်အချို့ကြောင့် ဖြစ်စေ စွန္နီညီနောင်များကို

ကျမ်းတော်မြတ်ကုရ်အာန်၌ ပြောင်းလွဲမှုကို လက်ခံ ထားသူများဟု ပုဒ်မတပ်၊ စွပ်စွဲ၍ လုံးဝမရပေ။ ညီနောင်များ ကလည်း စာရေးဆရာ တစ်ယောက်ကြောင့်ဖြစ်စေ၊

တချို့မမှန်ကန်သောအဆို၊ ရှီအာ အကြီးအကဲ အိုလမာများ မနှစ်သက်သည့် အားနည်းသော ဟဒီးစ်တော် အချို့ကြောင့် ဖြစ်စေ၊ ရှီအာတွေဟာ ကျမ်းတော်မြတ်

ကုရ်အာန်၌ အပြောင်း အလွဲရှိကြောင်း လက်ခံထားသူများဟု မစွပ်စွဲသင့်ပေ။

၃။فصل الخطاب فى تحريف كتاب ربّ الأربابရေးသားသူ ဟာဂျီနူရ်ရီက ရီဝါယတ်တော်များကို ဆင့်ပြန်သူ သုံးဦးဆီမှတစ်ဆင့် ဆင့်ပြန်ထားပေသည်။

(အဆိုပါသုံးဦးမှာ အစ္စလာမ့် ယုံကြည်မှုများကို ချိုးဖေါက်သူ၊ (သို့)မုသားဆိုသူ၊ (သို့)အခြေအနေ အတိအကျမသိရသူ၊(အဟ်မဒ်ဗင်မိုဟမ္မဒ်အလ်စယာရီး။

အစ္စလာမ်ယုံကြည်မှု များကိုချိုးဖောက်သူ၊ အလီဗင်အဟ်မဒ်ကူဖီး မုသားဆိုသူ၊ အဘီးလ်ဂျရူးဒ် အခြေအနေ အတိအကျမသိရသူ၊(သို့)မိစ္ဆာကောင်)ဖြစ်ပေသည်။[7]

 

အစ္စလာမ့်ဂိုဏ်းဏနများ၏ ကွဲလွဲမှုများကိုအခြေပြု၍ အစ္စလာမ် အတွက် ထိခိုက်နစ်နာမှုမဖြစ်သင့်ပေ။

၎။ ရှီအာများအနေဖြင့် အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်မြတ်၌ အပြောင်းအလဲ ရှိပါသည်ဟု ယုံကြည်ကြောင်းစွပ်စွဲနေသူများ သတိမပြုမိသောအချက်မှာ

အစ္စလာမ့် ဂိုဏ်းကွဲများ၏ ကွဲလွဲမှု၊ စွပ်စွဲမှုပြဿနာများသည် အစ္စလာမ်အား ထိခိုက် နစ်နာစေသော အချက်ပင်ဖြစ်ပေသည်။ အကြောင်းသည်ကားအစ္စလာမ်

မဟုတ်သူများက မွတ်စလင်များအကြား၌ ကုရ်အာန်ကျမ်းတော်မြတ်၌ အပြောင်းအလဲ မရှိသော ယုံကြည်မှုသည် တညီတညွတ်တည်း မဟုတ်ကြောင်း

ပြောဆိုနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် မွတ်စလင်များ၏ ကြီးမားသော အုပ်စုအနေဖြင့် ကျမ်းတော်မြတ်ကုရ်အာန်၌ အပြောင်းအလဲရှိကြောင်း

သက်ဝင် ယုံကြည်လျက်ရှိကြပေသည်။

ကျွန်တော်အနေဖြင့် ဤမွတ်စလင်ညီနောင်များကို သတိပေး နှိုးဆော်လို သည်မှာ ဂိုဏ်းဏနများနှင့် ကွဲလွဲမှုပြဿနာအား အစ္စလာမ်၏နှလုံးသည်းပွတ်

(ဆိုလိုသည်မှာ)ကျမ်းတော်မြတ်ကုရ်အာန် အားဖြင့် မရည်ရွယ်ကြ ရန်ဖြစ်ပါသည်။

အားလုံး စုပေါင်း၍ ကျမ်းတော်မြတ်ကုရ်အာန်အား ထောက်ထားကြပါစို့။ မိမိ၏ဟောကြားချက်များ၌ ကျမ်းတော်မြတ်ကုရ်အာန်တွင် အပြောင်းအလဲရှိသည်

ဟု ထည့်သွင်းဟောပြော၍ အစ္စလာမ့်ရန်သူများအား အားပေးကူညီမှု မပြုပါနှင့်။

၅။ကျမ်းတော်မြတ်ကုရ်အာန်၌ အပြောင်းအလဲရှိသည်ဟူသောကိစ္စသည် မည်မျှ အထိ ကျယ်ပြန့်သွားသည်ဆိုလျှင် ကျွန်တော်၏ခရီးများအနက်မှ

တစ်ခုဖြစ်သော အွမ်မရာပြုရန်အတွက် အလ္လာဟ်အရှင်မြတ်၏ အိမ်တော်သို့သွားရောက်ရာဆော်ဒီ အာရေဗီးယားနိုင်ငံသို့ခရီးထွက်ခဲ့ပြီး

ဆော်ဒီသာသနာရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့ရာ၌ သိရှိခဲ့ရပေသည်။ ၎င်းအနေဖြင့်ကျွန်တော်တို့အား ကြိုဆို၏။ ၀န်ကြီးက ပြောကြား

သည်မှာလူကြီးမင်းတို့ထံရှိသော ကျမ်းတော်မြတ်ကုရ်အာန်သည် ကျွန်တော် တို့ထံ၌ ရှိသောကုရ်အာန်နှင့် မတူကြောင်း သိထားရပါတယ်။

( !! سمعت أنّ لكم مصحفاً غير مصحفنا)

ကျွန်တော်ကပြန်လည် ဖြေကြားသည်မှာ ဤကိစ္စအတွက် စစ်ဆေးဖို့ အရမ်းလွယ်ကူပါတယ်။ လူကြီးမင်းကိုယ်တိုင်ဖြစ်စေ၊

ဒါမှမဟုတ် ကိုယ်စားလှယ် တစ်ဦးအား ကျွန်တော်တို့နှင့်အတူ (ကျွန်တော်တို့၏ စရိတ်ဖြင့်) လိုက်ခဲ့ပါ။ တီဟီရန် ရောက်လျှင်(ဒီကိစ္စအတွက်)

အဖြေထွက်လာပါလိမ့်မယ်။ (တီဟီရန်ရှိ) ဗလီများ အားလုံး၊ အိမ်များအားလုံး၌ ကျမ်းတော်မြတ်ကုရ်အာန် ရှိပါတယ်။ ထောင်နှင့်ချီသော

ဗလီဝတ်ကျောင်းတော်များ၊ ထောင်ပေါင်းများသောအိမ်များ တီဟီရန်မြို့၌ တည်ရှိပါတယ်။ ဗလီနှင့်အိမ်ကို ရွေးချယ်ဖို့တာဝန်လူကြီးမင်းနဲ့

ကိုယ်စားလှယ်ကို အပ်ပါတယ်။ ကြိုက်တဲ့အိမ်ကို တံခါးခေါက်ပြီး ကုရ်အာန် ကျမ်း တော်မြတ်ကို တောင်းယူစစ်ဆေးကြည့်ပါ။ ကမ္ဘာ့ဘယ်နေရာက

ကုရ်အာန်နဲ့မဆို အက္ခရာတစ်လုံး တစ်ပါဒမျှပင် ကွဲလွဲခြားနားမှုမရှိကြောင်း တွေ့ရပါလိမ့်မယ်။ လူကြီးမင်းကဲ့သို့ ပညာတတ် လူကြီးမင်း

တစ်ဦးအနေနဲ့ ဤသို့သော ကောလဟလ လိမ်လည်မှုများကို မယုံကြည်သင့်ပေ။

၆။ကျွန်တော်တို့ရဲ့ မြောက်များစွာသော ကာရီများဟာ အပြည်ပြည်ဆိုင်ရာကုရ်အာန် ဖတ်ရွတ်ပြိုင်ပွဲများ၌ ပထမဆုများကို ဆွတ်ခူးခဲ့ကြပါသည်။

ကျွန်တော် တို့ရဲ့ ဟာဖစ်အာဂုံဆောင်များ၊ အထူးသဖြင့် ကလေးငယ်များဟာ အစ္စလာမ့် နိုင်ငံများက အံ့သြချီုးသွားရအောင် အစွမ်းပြခဲ့ကြပါသည်။

နှစ်စဉ်နှစ်တိုင်း ကျွန်တော်တို့မှာ အာဂုံဆောင် ဟာဖစ်များ၊ကာရီများ ထောင်နှင့်ချီပြီး ထွန်းပေါက်ပါသည်။ ကျွန်တော်တို့နိုင်ငံ(အီရန်)၌ အာဂုံဆောင်

သင်တန်းများ၊ ကေရအတ်၊ သဖ်စီရ်သင်တန်းများ၊ ကုရ်အာန်ပညာပေး သင် တန်းကျောင်းများ နေရာအနှံလွမ်းမိုးနေပါပြီ။ ဤအစီအစဉ်၏ မှန်ကန်မှု

အတွက် အားလုံးအနေဖြင့် အနီးကပ် လွယ်ကူစွာ လေ့လာနိုင်ပေသည်။

ဤနေရာများအားလုံး၌ မွတ်စလင်လောကတွင် ထင်ပေါ်ကျော်ကြား သော ကျမ်းတော်မြတ်ကုရ်အာန်သာ ဖြစ်ပေသည်။ ဘယ်သူမှ ကျမ်းမြတ်

ကုရ်အာန်မှအပ အခြားကျမ်းတော်မြတ် ကုရ်အာန်ကိုလက်မခံကြပေ။ ထို့အပြင် မဂျလစ်၊ မဲဟ်ဖေလ်များကျင်းပရာ၌ ကျမ်းတော်မြတ်ကုရ်အာန်၌

အပြောင်းအလဲ ရှိကြောင်း မည်သည့်အခါမျှ မပြောဆိုကြပေ။

 

ကျမ်းတော်မြတ်ကုရ်အာန်အတွင်းအပြောင်းအလဲမရှိကြောင်း

အကလီ(عقلى ) နှင့် နကလီ(نقلى ) အထောက်အထားများ

၇။ကျမ်းတော်မြတ်ကုရ်အာန်အတွင်း အပြောင်းအလဲမရှိကြောင်းအပေါ် ရှာရီအီး၊ အကလီး အထောက်အထားမြောက်များစွာရှိကြောင်း

ယုံကြည်ပါသည်။ အကြောင်း သည်ကား ကျမ်းတော်မြတ်ကုရ်အာန်တွင် ဖော်ပြတော်မူသည်မှာ

(إِنَّا نَحْنُ نَزَّلْنَا الذِّكْرَ وَإِنَّا لَهُ لَحَافِظُونَ)

ငါ(အလ္လာဟ်)အနေဖြင့် ကျမ်းတော်မြတ်ကုရ်အာန်အား ချပေးတော်မူပြီး ကိုယ်တော်တိုင် ၎င်းကျမ်း တော်မြတ်အားထိန်းသိမ်းစောင့်ရှောက်တော်မူ ပေသည်။[8]

တစ်ဖန် အခြားတနေရာ၌ မိန့်ကြားထားတော်မူသည်မှာ-

(وَإِنَّهُ لَكِتَابٌ عَزِيزٌ * لاَ يَأْتِيهِ الْبَاطِلُ مِنْ بَيْنِ يَدَيْهِ وَلاَ مِنْ خَلْفِهِ تَنزِيلٌ مِّنْ حَكِيم حَمِيد)

ဤစာအုပ်အား လုံးဝအောင်နိုင်မည်မဟုတ်ချေ။ လမ်းမှားအနေဖြင့် ရှေ့မှဖြစ်စေ၊ နောက်မှဖြစ်စေ မဖျက်ဆီး နိုင်ပေ။ အကြောင်းသည်ကား

ဟကီးမ် နှင့်ဟမီး(ဒ) ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ် ထံတော်မှချတော်မူ ထားသော ကြောင့်ဖြစ်ပေသည်။[9]

အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင် ထိန်းသိမ်းစောင့်ရှောက်တော်မူရန် တာဝန်ယူထားသော ဤကဲ့သို့သော ကျမ်းစာအုပ်အတွင်း မည်သူက

အပြောင်း အလဲ ပြုရဲပါသနည်း။ အပြောင်းအလဲပြုနိုင်ပါမည်နည်း။?

ကျမ်းတော်မြတ် ကုရ်အာန်သည် ပစ်ထားရမည့်၊ မေ့သွားရမည့်ကျမ်း မဟုတ်သည့်အတွက် မည်သူမဆို ၎င်းကျမ်းမြတ်အတွင်း လျှော့ခြင်း၊ တိုးခြင်း ပြုနိုင်စွမ်း မရှိပေ။

(ဝဟီကျမ်းစာအုပ်) ကျမ်းတော်မြတ်ကုရ်အာန်အား ရေးသားသူများ၏ အရေအတွက်မှာ ၁၄ယောက်မှစ၍ အယောက်၄၀၀အထိရှိပါသည်။ ထိုသူများ

သည် အာယတ်တော်တစ်ပါးကျရောက်ချိန်တိုင်း ရေးသားသူများဖြစ်ကြပေသည်။

ရာပေါင်းများစွာသော အာဂုံဆောင်ဟာဖစ်များ ကိုယ်တော်တမန်တော် မြတ်ကြီး(ဆွ)၏လက်ထက်တော်၌ ရှိခဲ့ပေသည်။ ၎င်းတို့အနေဖြင့်

ကျရောက်လာ သော အာယတ်တော်များကို အာဂုံဆောင်ခဲ့ကြပေသည်။

ကျမ်းတော်မြတ်ကုရ်အာန်အား ဖတ်ရွတ်သရဇ္ဇုယ်ခြင်းသည် ထိုခေတ် ကာလ၌ ၎င်းတို့အတွက် အရေးအကြီးဆုံး အေဗာဒတ်(သ)တစ်ခုအဖြစ် ပြဆို

ထားပါသည်။ ထို့အပြင် နေ့နှင့်ညမပြတ် ဖတ်ရွတ်သရဇ္ဈာယ်ခဲ့ကြပေသည်။

ကျမ်းတော်မြတ်ကုရ်အာန်သည် ထိုအချိန်ကာလ၌ပင် အစ္စလာမ့် အခြေခံ ဥပဒေများနှင့် မွတ်စလင်ဘဝအတွက် ဥပဒေ ဖြစ်ခဲ့ပေသည်။ ၎င်းတို့၏

ဘဝတစ်လျှောက်လုံး၌ တည်ရှိခဲ့ပေသည်။ ၎င်းတို့၏ဘ၀တည်ဆောက်ရာ လမ်းစဉ်ဖြစ်ခဲ့သည်။

အသိဉာဏ်ဦးနှောက်ဖြင့် စဉ်းစားမည်ဆိုလျှင်လည်း ဤကဲ့သို့သော ကျမ်းစာအုပ်အတွင်း လိုတိုးပိုလျှော့လုပ်ဖို့ရမဖြစ်နိုင်ချေ။

မာစူးမ်အေမာမ်များ(အ.စ)မှ တစ်ဆင့်ကျွန်တော်တို့ထံရောက်ရှိလာ သော အစ္စလာမ်မီး ရီဝါယတ်များ၌လည်း ကျမ်းတော်မြတ်ကုရ်အာန်၏ ပြီး ပြည့်စုံမှု၊

အပြောင်းအလဲကင်းမှုကို ဖော်ပြထားပါသည်။

အမီးရွလ်မိုမေနီးမောင်လာအလီ(အ.စ)က နဟ်ဂျိုဗလာဂါကျမ်း၌ ရှင်းလင်း ပြတ်သားစွာ မြွက်ဟထားသည်မှာ-

أنْزَلَ عَلَيْكُمُ الْكِتَابَ تِبْيَاناً لِكُلِّ شَىْء وَ عَمَّرَ فِيكُمْ نَبِيَّهُ أزْمَاناً حَتَّى أكْمَلَ لَهُ وَ لَكُمْ فِيمَا أنْزَلَ مِنْ كِتَاب، دِينَهُ الَّذِي رَضِىَ لِنَفْسِهِ

အလ္လာဟ်ဟိုအရှင်မြတ်သခင်သည် အရာရာကိုတင်ပြနိုင်သော ကျမ်းတော်မြတ် ကုရ်အာန်အား ချပေးသနားတော်မူထားသည်။ အလ္လာဟ်ဟို အရှင် မြတ်သခင်

သည် တမန်တော်မြတ်ကြီး(ဆွ)အား မိမိ၏ သာသနာတော်အား အသင်တို့အတွက် ကျမ်းတော်မြတ်ကုရ်အာန်၏ အကူအညီဖြင့် ပြီးပြည့်စုံအောင်

လုပ်ရန်အထိ သက်တော်ချီးမြှင့်ထားပေသည်။[10]

မြောက်များစွာသောနဟ်ဂျိုဗလာဂါကျမ်း၏ခွသ်ဗာများ၌ ကျမ်းတော်မြတ် ကုရ်အာန်နှင့် ပတ်သက်ပြီးလာရှိပါသည်။ သို့သော် မည်သည်နေရာ၌မျှ

ကျမ်းတော်မြတ် ကုရ်အာန်တွင် အပြောင်းအလဲရှိကြောင်းနှင့် ပတ်သက်၍ မမြွက်ဆို ထားပေ။ ကျမ်းတော်မြတ်ကုရ်အာန်၏ ပြီးပြည့်စုံမှုကိုသာ

လျှင် မြွက်ဆို ထားပါသည်။

ဟဒီးစ်တော်တစ်ပါး နဝမမြောက်အေမာမ် ဟဇရတ်(သ)အေမာမ် မိုဟမ္မဒ်ဗင် အလီယိုလ်သကီး(အ.စ) သခင်က မိမိ၏သာဝကတော်တစ်ပါးအား လူထုအနေဖြင့် အလ္လာဟ်ဟိုအရှင်မြတ်၏ လမ်းတော်မှ လမ်းလွဲသွားစေသည့် အကြောင်းအရာနှင့်ပတ်သက်၍ မိန့်ဆိုချက်ကိုကျွန်တော်တင်ပြရမည်ဆိုလျှင်-

( وَ كَانَ مِنْ نَبْذِهِمُ الْكِتَابَ أَنْ أقَامُوا حُرُوفَهُ وَ حَرَّفُوا حُدُودَهُ )

မွတ်စလင်လူထုအတွင်းမှ အုပ်စုတစ်စုသည် ကျမ်းတော်မြတ်ကုရ် အာန်အား မျက်ကွယ်ပြု စွန့်လွတ်ထားကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည်

ကျမ်းတော်မြတ်ကုရ်အာန်၏ စာသားများကိုသာ ယူထားကြသည်။ သို့သော် (အာယတ်တော်များ၏) ဆိုလိုချက် အနက်အဓိပ္ပာယ်ကို ပြောင်းလဲကြကုန်၏။[11]

ဤဟဒီးစ်တော်နှင့် ၎င်းကဲ့သို့သော ဟဒီးစ်တော်များတွင် မီးမောင်း ထိုးပြနေသည့် အချက်မှာ ကျမ်းတော်မြတ်ကုရ်အာန်သည် အက္ခရာနှင့် ပြောင်းလွဲ မှု၊

ပြောင်းလဲမှုမရှိခဲ့ဘဲ ကျန်ရှိနေခြင်းဖြစ်ပါသည်။ ၎င်း၏ အဓိပ္ပာယ်ကို အုပ်စုတစ်စု အနေဖြင့် မိမိတို့၏ အကျိုးအမြတ်၊ နဖ်စ်အတွက် ပြောင်းလဲပစ်ကြ သည်။

၎င်း၏အာယတ်တော်များကို သဖ်စီရ် အစစ်မှ လွဲချော်ကာ (မိမိလိုရာ) ပြန်ဆိုကြသည်။

ဤနေရာ၌ အရေးကြီးသော အချက်တစ်ချက် ထင်ရှားပြတ်သားသွား၏။ အကယ်၍ အချို့ ရီဝါယတ်တော်များ၌ ပြောင်းလွဲမှု၊ ပြောင်းလဲမှုဟု လာရှိခဲ့ ပါသည်။

အဓိပ္ပာယ်ဆိုလိုချက်ကို ပြောင်းလဲခြင်း၊ မိမိစိတ်ကြိုက် သဖ်စီရ် ဖွင့်ဆိုကြခြင်း ကို ဆိုလိုခြင်းဖြစ်ပါသည်။ စာသားနှင့် အက္ခရာပြောင်းလဲခြင်းကို ဆိုလိုချက် မဟုတ်ချေ။

အခြားတစ်ဖက်တွင် ကျွန်တော်တို့ထံ မာစူးမ်အေမာမ်များမှတဆင့် စစ်မှန်သော ရီဝါယတ်တော်များရောက်ရှိလာသည်ကို တင်ပြရမည်ဆိုလျှင်

ရီဝါယတ်တော်များ မှန်၊မမှန်အထူးသဖြင့် ရီဝါယတ်တော်များကြား၌ ဆန့်ကျင်ဘက် တွေ့ရချိန်တွင် ၎င်းရီဝါယတ်တော်များကို ကျမ်းတော်မြတ်

ကုရ်အာန်ဖြင့် ညှိကြည့်ရန် ဖြစ်ပေသည်။ ကျမ်းတော်မြတ် ကုရ်အာန်နှင့် ညီလျှင် မှန်ကန်ပြီး ၎င်းအပေါ် လက်တွေ့လိုက်နာ ကျင့်သုံးရပေမည်။

ထို့အပြင် ကျမ်းတော်မြတ်ကုရ်အာန်နှင့် မညီညွတ်ပါက စွန့်လတ်ရပေမည်။

[12] اللهِ فَرُدُّوهُ ) عَلَى كِتَابِ اللهِ فَمَا وَافَقَ كِتَابَ اللهِ فَخُذُوهُ وَ مَا خَالَفَ كِتَابَ اعرِضُوهُمَا (

ဒီ(ဟဒီးစ်တော်)သည် ကျမ်းတော်မြတ်ကုရ်အာန်အတွင်း ပြောင်းလဲမှု မရှိကြောင်း ထင်ရှားရှင်းလင်းသော သက်သေအထောက်အထား ဖြစ်ပါသည်။

အကြောင်းသည်ကား အကယ်၍ ဤကဲ့သို့သာ မဖြစ်ပါက အမှားအမှန်ကို ချိန် သော ချိန်ခွင်ဖြစ်မည် မဟုတ်ချေ။

ဤအားလုံးသော ဟဒီးစ်တော်များအပြင်ကျော်ကြားလှသော ဟဒီးစ်စေ စကာလိုင်း(န) စွန်န္နီ ရှီအာကျမ်းများ၌ အကျယ်တဝင့်လာရှိပေသည်။[13] တင်ပြသည်မှာ တမန်တော်မြတ်ကြီး(ဆွ)မိန့်ကြားတော်မူသည်မှာ-

فِيكُمُ الثِّقْلَيْنِ كِتَابَ اللهِ وَ عِتْرَتي أَهْلَ بَيْتي مَا إِنْ تَمَسَّكْتُمْ بِهِمَا لَنْ تَضِلُّوا )إِنّي تَارِكٌ)

အကျွန်ုပ်အနေဖြင့် အသင်တို့အကြား၌ အဖိုးမဖြတ်နိုင်သော အရာနှစ်ခုအား အမှတ်တရ ထားပေးခဲ့မည်။ အလ္လာဟ် အရှင်မြတ်၏

ကျမ်းတော် (ကုရ်အာန်)နှင့် ကျွန်ုပ်၏ အနွယ်တော်မွန် အဟ်လေ့ဘိုက်(အ.စ) ဖြစ်ချေသည်။ အကယ်၍ ၎င်းတို့အား မြဲမြံစွာ

ဆုပ်ကိုင်၊ အဆက်အသွယ် ပြုထားမည် ဆိုလျှင် လုံးဝမုချ လမ်းလွဲမှားလိမ့်မည်မဟုတ်ချေ။

ဤဟဒီးစ်တော်တွင် ကျမ်းတော်မြတ်ကုရ်အာန်နှင့် တမန်တော်မြတ် ကြီး၏ အဟ်လေ့ဘိုက်(အ.စ)သည် လူထုအတွက်

အရမ်းစိတ်အချရဆုံး ခိုလှုံရာ နေရာနှင့် ကေယာမတ်(သ)အထိ လူထုလမ်းညွှန်ဖြစ်ကြောင်း ဖော်ပြထားပေ သည်။

အကယ်၍ ကျမ်းတော်မြတ် ကုရ်အာန်အတွင်း ပြောင်းလဲမှုရှိပါက လူထု အတွက် စိတ်ချရသော ခိုလုံရာနေနှင့် လမ်းလွဲ၊လမ်းမှားမှ

ကယ်တင်ပေးနိုင်မည် မဟုတ်ချေ။[14]

 

အနှစ်ချုပ်စကား

၈။ နောက်ဆုံးစကားသည်ကား သူတစ်ပါး လုံးဝမပြောထားသော၊ မလုပ်ထား သော အရာကို စွပ်စွဲခြင်းသည် အလ္လာဟ်အရှင်မြတ်

အထံတော်၌ ကြီးမားသော ဂိုနာများမှ တစ်ခုဖြစ်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် နေရာတိုင်း၌ ပြောခဲ့ပါသည်။ ပြောပါမည်။ ရှီအာသုတေသီများ၊ ကြီးမားသော သုခမိန်များမှာ

မည်သူ တစ်ဦးတစ်ယောက် မျှပင် မိမိတို့၏စာအုပ်များ၌ ကျမ်းတော်မြတ်ကုရ်အာန် အတွင်း ပြောင်းလဲမှု၊ ပြောင်းလွဲမှုရှိသည်ဟု

လက်မခံခဲ့ကြောင်း သက်သေပြထားပါသည်။ သို့သော် အချို့အယူသည်း၊ ပညာမဲ့အုပ်စုတစ်စုသာ အကြိမ်ကြိမ် စွပ်စွဲလျက်ရှိပေသည်။

ကေယာမတ်(သ)နေ့၌ ယင်းစွပ်စွဲမှုနှင့် ကုရ်အာန်ကျမ်းတော်မြတ်အား မယုံကြည်အောင်လုပ်မှုများအတွက် မည်သို့အဖြေပေးကြမည်မသိပေ။

အကယ်၍ အသင်၏အကြောင်းပြချက်က အားနည်း မမှန်ကန်သော ဟဒီးစ်တော်များ အချို့ကျွန်ုပ်တို့စာအုပ်များ၌ လာရောက်မှုကို အခြေခံခဲ့မည်

ဆိုလျှင် ဤကဲ့သို့သော ဟဒီးစ်တော်များသည် အသင်တို့၏ဟဒီးစ်ကျမ်းကိုး စာအုပ်များ သဖ်စီရ်များ၌လည်း လာရှိကြောင်း ကျွန်တော် အစကတည်းက

လမ်းညွှန်ပြီးသာဖြစ်ပါသည်။

မည်သည့် ဂိုဏ်းပင် ဖြစ်ပါစေ အားနည်းသော မမှန်ကန်သော ဟဒီးစ် တော်များကို အခြေမခံကြပေ။ ကျွန်တော်တို့အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန်

အတွင်း ပြောင်းလဲမှုရှိကြောင်းကို ပြဆိုထားသော အားနည်းမမှန်ကန်သော ရီဝါယတ်များကို သုံးထားသည့်အဗ်နိုလ်ခါသီး(ဗ)မစ္စရီရေးသားထား သော الفرقان فى تحريفالقرآن)

( စာအုပ်ကိုအခြေပြု၍ အသင်တို့အား လုံးဝ ဧကန်စွပ်စွဲမည် မဟုတ် ပေ။ ကျွန်တော်တို့အနေဖြင့် အယူသည်းမှုဖြင့် ကျမ်း တော်မြတ်ကုရ်အာန် အပျက် အစီး မခံနိုင်ပေ။

            ကျမ်းတော်မြတ်ကုရ်အာန်၌ ပြောင်းလွဲမှုရှိပါသည်ဟ၍ မဆိုကြပါနှင့်။ အစ္စလာမ်၊ မွတ်စလင်နှင့် ကျမ်းတော်မြတ်ကုရ်အာန်အပေါ် မနှိပ်စက်ပါနှင့်။

ကမ္ဘာ့မွတ်စလင်များ၏ ပင်မအရင်းအမြစ်ဖြစ်သော ကျမ်းတော်မြတ်အပေါ် ယုံကြည်သက်ဝင်မှုအား ပြောင်းလွဲမှုရှိပါသည်ဟသော စကားလုံး အကြိမ်ကြိမ်

သုံး၍ မဖျက်စီးကြပါနှင့်။ (အစ္စလာမ်)ရန်သူအား အခွင့်အရေး မပေးကြပါနှင့်။ အသင်သည် ဤသို့သော နည်းလမ်းမျာဖြင့် ရှီအာ၊ အဟ်လေ့ဘိုက်(.)

နောက်လိုက်များကို လက်စားချေမည်ဆိုလျှင်၊ အစ္စလာမ်အုတ်မြစ်ကိုသာ တုန်လှုပ်စေခြင်း ဖြစ်မည့်အကြောင်း အသေအချာ သဘောပေါက်ထား သင့်ပေ သည်။

အကြောင်းသည်ကား မွတ်စလင်အုပ်စုကြီး တစ်စုသည် ကျမ်းတော်မြတ် ကုရ်အာန်အတွင်း ပြောင်းလဲမှုရှိကြောင်း လက်ခံယုံကြည်ကြသည်ဟု ဆိုကြပေ မည်။

ဤအချက်သည် ကျမ်းတော်မြတ် ကုရ်အာန်အပေါ် ကြီးမားသော နှိပ်စက် ညှဉ်းပန်းမှု တစ်ခုဖြစ်ပေသည်။

နောက်ဆုံး၌ ထပ်၍ တစ်ကြိမ်ရှင်းရှင်းလေး ပြောပါရစေ။ မည်သည်ရှီအာ၊ စွန္နီသုတေသီတစ်ဦး တစ်ယောက်မျှပင် ကျမ်းတော်မြတ် ကုရ်အာန် အတွင်း

ပြောင်းလဲမှုရှိကြောင်း လက်မခံခြင်းဖြစ်ပေသည်။ ယနေ့မွတ်စလင်များ လက်ဝယ်ရှိ ကျမ်းတော်မြတ် ကုရ်အာန်သည် တမန်တော်မြတ်(ဆွ) အပေါ်

ကျရောက်ခဲ့သည်သာလျှင် ဖြစ်ကြောင်းလုံးဝ အပြည့်အဝလက်ခံထားပါသည်။  

ကျမ်းတော်မြတ်ကုရ်အာန်မှ မိန့်ကြားသည်အတိုင်း ကျမ်းတော်မြတ် ကုရ်အာန်အား အမျိုးမျိုးသော ပြောင်းလဲမှုများမှ ကင်းအောင် အလ္လာဟ်ဟိုအရှင် မြတ်

ကိုယ်တော်တိုင် တာဝန်ယူ ထိန်းသိမ်းထားကြောင်းကိုပါ သက်ဝင်ယုံကြည် ကြပေသည်။ သို့သော်ဝမ်းနည်းဖွယ် ကောင်းလေစွ- နှစ်ဖက်စလုံးမှ အယူသည်း၊

သတင်းမရှိ၊ မသိနားမလည်သူ အချို့သည် တစ်ဦးကိုတစ်ဦး အပြန်အလှန် စွပ်စွဲနေကြသည်။အလ္လာဟ်ဟိုအရှင်မြတ်သခင် ၎င်းတို့အား လမ်းမှန် ညွှန်ပြ တော်မူပါ။

 

VVV

[1] آلاء الرّحمان، جلد 1، صفحه 25

 

[2] آلاء الرحمان، جلد 2، صفحه 311
[3] لذريعه، جلد 16، صفحه 231
[4] برهان روشن، صفحه 143
[5] تفسير قرطبى، جلد 14، صفحه 113 و تفسير الدرّ المنثور، جلد 5، صفحه 180
[6] صحيح بخارى، جلد 8، صفحه 208 تا 211 و صحيح مسلم، جلد 4، صفحه 167 و جلد 5، صفحه 116
[7] رجال نجاشى و فهرست شيخနှင့်အခြားကျမ်းများ၌ဤသုံးယောက်အကြောင်းလေ့လာနိုင်ပေသည်။

 

[8] سوره حجر، آيه 9
[9]سوره فصّلت، آيه 41 و 42
[10] نهج البلاغه، خطبه 86

 

[11] كافى، جلد 8، صفحه 53

 

[12] وسائل الشيعه، جلد 18، صفحه 80

 

[13] بحارالانوار، جلد 36، صفحه 331

 

[14]ပိုမို၍လေ့လာလိုရင်အကျွန်ုပ်၏«انوارالاصول» စာအုပ်ကိုလေ့လာပေးပါ။

 

********************************************

END / 251