အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၄ နိုဝင်ဘာ ၂၀၂၁

၂၀:၁၃:၀၃
1198526

မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဘက်မှ

(( အန်ဒီရှေဟေ စီယာစီ ယေ အစ္စလာမ် )) အူရ်ဒူဘာသာပြန် စာအုပ် ထွက် ရှိ

မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြိုးပမ်းမှု ဖြင့် ((အန်ဒီရှေဟေ စီယာစီ ယေ အစ္စလာမ် )) အူရ်ဒူဘာသာပြန် စာအုပ် ပုံနှိပ် ထုတ်ဝေ ခဲ့ပါတယ်။ စာအုပ်၏ မြန်မာ ဘာသာပြန် အဓိပ္ပာယ် မှာ ((အစ္စလာမ် ဘာသာ ၏ နိုင်ငံ ရေး အတွေးအမြင် )) ဖြစ်ပါတယ်။ ရေးသားသီး ကုံး သည့် ဆရာမှာ အာယာသွလ္လာဟ် မိုဟမ္မဒ် သကီ မစ်ဗါဟ် ယဇ်ဒီ (ရ.ဟ) ဖြစ်ပြီး ဘာသာပြန်ဆို သူမှာ H.I အစ်္ကဘာလ် ဟိုင်ဒဲရ် ဟိုင်ဒရီ မှ အူရ်ဒူဘာသာဖြင့် ဘာသာပြန် ရေးသားခဲ့ပြီး အုပ်ရေ ၁၀၀၀ ဖြစ်ပြီး အိန္ဒိယ နိုင်ငံ တွင် ပုံနှိပ် ထွက်ရှိခဲ့ပါတယ်။


မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြိုးပမ်းမှု ဖြင့် ((အန်ဒီရှေဟေ စီယာစီ ယေ အစ္စလာမ်)) အူရ်ဒူဘာသာပြန် စာအုပ် အိန္ဒိယ နိုင်ငံ တွင် ပုံနှိပ် ထုတ်ဝေ ခဲ့ပါတယ်။

ဤ ((အန်ဒီရှေဟေ စီယာစီ ယေ အစ္စလာမ်)) စာအုပ်တွင် နိုင်ငံရေး အယူအဆိ နယ်ပယ်တွင် ဥပဒေ နှင့် ဥပဒေပြုရေးဆိုင်ရာ အစ္စလာမ် ဘာသာ၏ အမြင် ကို ဖော်ပြထားပါတယ်။ ဤစာအုပ်၏ ရလာဒ်မှာ အာယာသွလ္လာဟ် မိုဟမ္မဒ် သကီ မစ်ဗါဟ် ယဇ်ဒီ (ရ.ဟ) ၏ အစ္စလာမ် ဘာသာ၏ နိုင်ငံရေး အမြင် ဆိုသည့် ခေါင်းစဉ် ဖြင့် တီဟီရန် မြိုက သောကြာနမာဇ် ခွသ်ဗာ မတိုင်ခင် ဟောပြောခဲ့သည့် တရား များ ဖြစ်ပါတယ်။ အခန်းပေါင်း ၂၃ ခန်းပါဝင်ပြီး အစ္စလာမ့်နိုင်ငံရေး နယ်ပယ် တွင် ကိုင်တွယ် ဖြေရှင်းရသည့် ကိစ္စရပ်များ ကို ဖော်ပြထားပါတယ်။

ဤစာအုပ် တွင် နိုင်ငံရေး ၊ လွတ်လပ်ရေး နှင့် အစိုး တည်ဆောက်ပုံ ၊ ဒီမိုကရေစီ နှင့် ဘာသာရေး စနစ်ဆိုင်ရာ ဥပဒေများကိုဆွေးနွေးခြင်း ၊ အစ္စလာမ် ဘာသာနှင့်အနောက်နိုင်ငံများ အကြား စံနှုန်း များ ၊ တန်ဖိုးရှိမှုများ နှင့် ဥပဒေများ အပေါ် ခြားနားသည့် အခြေခံ အုတ်မြစ်များ ၊ အနောက်နိုင်ငံများ ၏ ရုပ်ပိုင်းဆိုင်ရာ သဘော ထားကို အကဲဖြစ်သုံးသပ်ခြင်း တို့ ဖြစ်ပါတယ်။

စာရေးဆရာမှ နိဂုံးတွင် ဥပဒေပြုရေး အာဏာ နှင့် အချုပ်အခြာ အာဏာ ကြား ဆက်စပ်မှု ၊ ဥပဒေရေးဆွဲရေး ၊ နိုင်ငံရေး နှင့် အစိုးရ နယ်ပယ် တွင် အစ္စလာမ် ဘာသာ၏ ထူးခြားချက်များ လူသားခြင်း ဆိုင်ရာ နှင့် နိုင်ငံသား ဖြစ်ခြင်းတို့တွင် အတူတူ ဖြစ်ခြင်း အဓိက ထား စိစစ်လေ့လာခြင်း တို့ကို တင်ပြထားပါတယ်။

အထက်ပါ စာအုပ် အား H.I အစ်္ကဘာလ် ဟိုင်ဒဲရ် ဟိုင်ဒရီ မှ အူရ်ဒူဘာသာဖြင့် ဘာသာပြန် ခဲ့ပါတယ်။ စာမျက်နှာ ၃၉၅ မျက်နှာပါရှိပြီး မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြိုးပမ်းမှုဖြင့် အိန္ဒိယ နိုင်ငံ ဝေလာယသ် ပုံနှိပ် တိုက် မှ အုပ်ရေ ၁၀၀၀ ပုံနှိပ် ထုတ်ဝေ ခဲ့ပါတယ်။

စိတ်ဝင်စားသူများ အနေဖြင့် လူကိုယ်တိုင် မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) တည်ရှိသည့်နေရာ ဖြစ်သည့် ဂျွန်မ်ဟူရီ ရေ အစ္စလာမ်မီ လမ်း ၊လမ်းသွယ် ၆ ကွမ်းမြို့ ၊ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သို့သွားရောက် ဝယ်ယူနိုင်ပြီး လူကိုယ်တိုင် မသွား လိုသူများ အနေဖြင့် ဖုန်းနံပါတ် ၀၂၅၃၂၁၃၁၀၃၀၇ သို့ ဆက်သွယ်၍ ဝယ်ယူနိုင် ကြောင်း တင်ပြအပ်ပါတယ်။

****************************************************************

END / 251