အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂ ဇန်နဝါရီ ၂၀၂၂

၂၀:၂၉:၀၉
1214938

မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဘက်မှ

((ဟကီးကသ် အောင်န် ဂူနေဟ် ဟစ်သ် )) အသံဖိုင် စာအုပ် ဘာသာ သုံးမျိုး ဖြင့် ထွက်ရှိ

မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြိုးပမ်းမှု ဖြင့် ပထမဆုံး အကြိမ် ((ဟကီးကသ် အောင်န် ဂူနေဟ်ဟစ်သ် )) အသံဖိုင် စာအုပ် အား စပိန်ဘာသာ ၊ ပြင်သစ် ဘာသာ နှင့် အင်ဒိုနီးရှား ဘာသာဖြင့် ထုတ်ဝေ ခဲ့ပါတယ်။ စာအုပ်၏ မြန်မာ ဘာသာပြန် အဓိပ္ပာယ် မှာ (( အမှန်တရား ဤကဲ့သို့ ဖြစ်ပါသည် )) ဖြစ်ပါတယ်။ ရေးသားသီး ကုံး သည့် ဆရာမှာ မရ်ဟွန်မ် အာယာသွလ္လာဟ် ဂျအ်ဖရ် အလ်ဟာဒီ ဖြစ်ပြီး ဘာသာ သုံးစကား စပိန် ၊ ပြင်သစ် ၊ အင်ဒိုနီးရှား ဖြင့် ဘာသာ ပြန် ဆိုထားပြီး အသံဖိုင် စာအုပ် အဖြစ် ထုတ်ဝေခဲ့ပါတယ်။


မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြိုးပမ်းမှု ဖြင့် ပထမဆုံး အကြိမ် ((ဟကီးကသ် အောင်န် ဂူနေဟ်ဟစ်သ် )) အသံဖိုင် စာအုပ် အား စပိန်ဘာသာ ၊ ပြင်သစ် ဘာသာ နှင့် အင်ဒိုနီးရှား ဘာသာဖြင့် ထုတ်ဝေ ခဲ့ပါတယ်။ စာအုပ်၏ မြန်မာ ဘာသာပြန် အဓိပ္ပာယ် မှာ (( အမှန်တရား ဤကဲ့သို့ ဖြစ်ပါသည် )) ဖြစ်ပါတယ်။ ရေးသားသီး ကုံး သည့် ဆရာမှာ မရ်ဟွန်မ် အာယာသွလ္လာဟ် ဂျအ်ဖရ် အလ်ဟာဒီ ဖြစ်ပြီး ဘာသာ သုံးစကား စပိန် ၊ ပြင်သစ် ၊ အင်ဒိုနီးရှား ဖြင့် ဘာသာ ပြန် ဆိုထားပြီး အသံဖိုင် စာအုပ် အဖြစ် ထုတ်ဝေခဲ့ပါတယ်။

မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဘက် ဤ အသံဖိုင့် စာအုပ် အား ထုတ်ဝေရခြင်း ၏ ရည်ရွယ်ချက်မှာ စွမ်းရည်သစ်များ ကို အသုံးချပြီး စာဖတ်ပရိသတ်များကို စိတ်ဝင်စားစေ ပြီး အာရုံ စိုက် လာစေရန် ဖြစ်ပါတယ်။

မရ်ဟွန်မ် အာယာသွလ္လာဟ် ဂျအ်ဖရ် အလ်ဟာဒီရေးသား သီးကုံး ထားသည့် ((ဟကီးကသ် အောင်န် ဂူနေဟ်ဟစ်သ် )) စာအုပ် သည် စာအုပ်ပါးပါး၊ စာအရေးအသားပြေပြစ် ပြီး အများနားလည် လွယ်သည့် ပထမဆုံး အသံဖိုင်စာအုပ်ဖြစ်ပြီး ၎င်းအား မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဘက်မှ ထုတ်ဝေခဲ့ပါတယ်။ ဤစာအုပ်အား ((ဖါနူးစ်သရ်ယယီ )) ပုံနှိပ်တိုက် နှင့် ဂျာကာတာ အစ္စလာမ်မစ်စင်တာ တို့မှာ ပူးပေါင်း၍ ထုတ်ဝေခဲ့ခြင်းလည်း ဖြစ်ပါတယ်။

စာရေးဆရာမှ ((ဟကီးကသ် အောင်န် ဂူနေဟ်ဟစ်သ် )) စာအုပ် တွင် ရှီအာအစ်္စနာ အရှ်ရီ ၏ယုံကြည်ချက်များ ကို အကျဉ်းချုံး၍ တင်ပြထားပါတယ်။ ပြီးနောက် စာရေးဆရာမှ အထောက် အထားပြမှု မှန်သမျှ ၊ သံသယဖြစ်စေမည့် အရာများ အစ္စလာမ် ဘာသာအတွင်းရှိ မဇ်ဟဗ် များ ၏ အကွဲအလွဲများ ကို တင်ပြခြင်းမှ ရှောင်ပြီး ရှီအာ အေမာမ်မီယာ ( ၁၂ပါး အေမာမ် (အ.စ) နောက်လိုက်ရှီအာ) ၏ ယုံကြည်ချက်များကိုသာ ခြုံငုံ၍ ဖော်ပြထားပါတယ်။

စာရေးဆရာ မှဆက်လက်ပြီး အကြောင်းအရာ ၄၀ အပါအဝင် မဇ်ဟဗ်ဗေအဲဟ်လေ့ဘိုက် (သ) (အ.စ) အား မဇ်ဟဗ် ဗေ ဂျအ်ဖရ်ရီ ဟု ခေါ်ဆိုရသည့် အကြောင်း ၊ ကမ္ဘာပေါ်တွင် မဇ်ဟဗ် ဗေ အဲဟ်လေ့ဘိုက်(သ) (အ.စ) (ခ) ရှီအာ များနေထိုင်ရာနေရာများ အစ္စလာမ်ဘာသာတွင် ရှီအာ မဇ်ဟဗ် ၏ သမိုင်းဝင် နေရာ အဆင့်အတန်း ၊ အလ္လာဟ်ဟို အရှင်မြတ် ၊ ကျမ်းတော်မြတ် ကုရ်အာန် ၊ သာဝကတော်များ ၊ခေလာဖသ် နှင့်အေမာမ်မသ် ပတ်သက်ပြီး ရှီအာမဖ်ဟဗ် ၏ ယုံကြည်ချက်များ စသည်ဖြင့် တင်ပြထားပါတယ်။ ရှီအာ ယုံကြည်ချက်များ ကို အခြား မဇ်ဟဗ်များ ၏ ယုံကြည်ချက်များ နှင့်ပတ်သက်ပြီး ကွာခြားမှုများ ကို တင်ပြထားရန် ကြိုးစားထားပါတယ်။

တင်ပြသင့်သည့် အချက်မှာ ((ဟကီးကသ် အောင်န် ဂူနေဟ်ဟစ်သ် )) အသံဖိုင့် စာအုပ် သည် မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဘက်မှ ပထမဦးဆုံး ထုတ်ဝေ မှု ဖြစ်ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့ ၂၀၂၀ ခုနှစ်တွင် ကျင်းပ သည့် (( ဗရ်ရစီယေ အောင်ဝလီယသ် ဟာ ဝ ရဟ် ကာရ် ဟာယေ နရှ်ရေ မအာရေဖ် အဲဟ်လေ့ဘိုက်(သ) (အ.စ) ဒဲရ် အရ်စေဟေဘိုင်နိုလ်မေလလ် )) ဆိုသည့် ညီလာခံ တွင် စတင် ထုတ်ဝေ ခဲ့ခြင်း ဖြစ်ပါတယ်။ ဤညီလာခံ တွင် မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူး အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ နှင့် အိန္ဒိယ နိုင်ငံဆိုင်ရာ ဝလီယေ ဖကီးဟ် ၏ကိုယ်စားလှယ် တော် H.I မဲဟ်ဒီ မဲဟ်ဒီပူးရ် လည်း တက်ရောက် ခဲ့ပါတယ်။

စိတ်ဝင်စားသူများ အနေဖြင့် အောက်ဖော်ပြ ဓာတ်ပုံပါ လင်းခ်များ အတိုင်း အသံဖိုင့် စာအုပ် များ ကို ဒေါင်းလုဒ် ဆွဲ ယူနိုင်ပါတယ်။

 

အင်ဒိုနီးရှား ဘာသာဖြင့် ((ဟကီးကသ် အောင်န် ဂူနေဟ်ဟစ်သ် )) အသံဖိုင့် စာအုပ်

စပိန်ဘာသာဖြင့် ((ဟကီးကသ် အောင်န် ဂူနေဟ်ဟစ်သ် )) အသံဖိုင့် စာအုပ်

ပြင်သစ်ဘာသာ ဖြင့် ((ဟကီးကသ် အောင်န် ဂူနေဟ်ဟစ်သ် )) အသံဖိုင့် စာအုပ်****************************************************************

END / 251