အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : MIZZIMA
စနေနေ့

၂၈ မေ ၂၀၂၂

၁၉:၂၉:၂၉
1261862

ဒွန်ဘတ်စ်ဒေသတွင် ရုရှက ‘လူမျိုးတုံး သတ်ဖြတ်မှု’ ကျူးလွန်နေဟု ဇယ်လန်စကီး ပြော

ယူကရိန်းနိုင်ငံ၏ အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသတွင် ‘လူမျိုးတုံး သတ်ဖြတ်မှု မြင်သာသည့် ပေါ်လစီ’ ကို ရုရှက ကျူးလွန်ဆောင်ရွက်နေသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ကြာသပတေးနေ့တွင် ပြောသည်။

 


ယူကရိန်းနိုင်ငံ၏ အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသတွင် ‘လူမျိုးတုံး သတ်ဖြတ်မှု မြင်သာသည့် ပေါ်လစီ’ ကို ရုရှက ကျူးလွန်ဆောင်ရွက်နေသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ကြာသပတေးနေ့တွင် ပြောသည်။

ဒွန်ဘတ်စ်ဒေသတွင် ရုရှ၏ ထိုးစစ်သည် ‘လူသူကင်းမဲ့သွားခြင်း’ ဖြစ်သည့်အခါမှ ရပ်တန့်သွားနိုင်ကြောင်း ၎င်းက ပြောပြီး ရုရှသည် မြို့များကို ပြာချပစ်လိုနေသည်ဟု စွပ်စွဲသည်။

“ကျွန်တော်တို့ရဲ့ ပြည်သူတွေကို ပြည်နှင်ဒဏ်ပေးတာနဲ့ အရပ်သားတွေကို အစုလိုက် သတ်ဖြတ်တာတွေ အပါအဝင် အရာအားလုံးဟာ ရုရှက ဖော်ဆောင်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှု မြင်သာတဲ့ ပေါ်လစီပဲ ဖြစ်တယ်”ဟု နေ့စဉ် ရုပ်သံမိန့်ခွန်း၌ ၎င်းက ပြောသည်။

အနောက်လိုလားသော ယူကရိန်းနိုင်ငံတွင် ရုရှစကားပြော ပြည်သူများကို ‘လူမျိုးတုံး သတ်ဖြတ်နေခြင်း’ ရပ်တန့်ရန် ရည်ရွယ်ချက်ကြောင့်ဟု ပြောဆိုလျက် ရုရှသမ္မတ ပူတင်သည် ယူကရိန်းသို့ ဖေဖော်ဝါရီ နှောင်းပိုင်း၌ တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံအတွင်း ရုရှတပ်များ၏ လုပ်ရပ်များက ‘လူမျိုးတုံး သတ်ဖြတ်မှု’ အဖြစ် မှတ်ယူသော ဆုံးဖြတ်ချက်တစ်ရပ်ကို ဧပြီလအတွင်း၌ ယူကရိန်း လွှတ်တော်က ထောက်ခံခဲ့သည်။

ယူကရိန်း ပြည်သူတစ်ဦးအဖြစ် ဖြစ်လိုသော စိတ်ကူးကိုပင် ပျောက်ပျက်သွားစေရန် ကြိုးစားလိုသည့် ရည်ရွယ်ချက် ပူတင်၌ ရှိနေပုံရသည်ဟု ပြောဆိုလျက် အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်ကလည်း အလားတူ ဖော်ထုတ်ပြောဆိုခဲ့သည်။

ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်း ထရူဒိုကလည်း ရုရှသည် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်သည်ဆိုသော ပြောဆိုချက်များကို ထပ်တူပြု ပြောဆိုခဲ့သည်။

****************************************************************
END / 251