အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m-mediagroup
ဗုဒ္ဓဟူးနေ့

၂၁ စက်တင်ဘာ ၂၀၂၂

၀၀:၅၅:၂၀
1306805

အာဏာသိမ်းစဥ်က ပြည်သူကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် စစ်ခေါင်းဆောင်ကို တရားရုံးက စစ်ဆေးမည်

အနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဂီနီနိုင်ငံဟာ အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း မူဆာ ဒါဒစ် ကာမာရာကို လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ လာမယ့်တစ်ပတ်မှာ ကြားနာစစ်ဆေးတော့မှာ ဖြစ်ပါတယ်။


 
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဂီနီနိုင်ငံဟာ အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း မူဆာ ဒါဒစ် ကာမာရာကို လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ လာမယ့်တစ်ပတ်မှာ ကြားနာစစ်ဆေးတော့မှာ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်က မြို့တော် ကိုနာကရီ ဘောလုံးကွင်းမှာ ပြည်သူလူထုရဲ့ ဆန္ဒပြမှုကို ကာမာရာရဲ့ တပ်ဖွဲ့တွေက အကြမ်းဖက်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအ၀င် အနည်းဆုံး ၁၅၇ ဦး သေဆုံးခဲ့ပါတယ်။

ဒီအဖြစ်အပျက်မှာ စစ်သားတွေဟာ အမျိုးသမီး ၁၀၀ ကျော်ကိုလည်း အဓမ္မပြုကျင့်ခဲ့ပါတယ်။

ဂီနီတရားရေး၀န်ကြီး ချားလ်စ် အလ်ဖွန်ရိုက်က ဒီကြောက်မယ်ဖွယ်ရာအဖြစ်အပျက် ၁၃ နှစ်ပြည့်မြောက်တဲ့ စက်တင်ဘာ ၂၈ ရက်နေ့မှာ အမှုကို စတင်ကြားနာမယ်လို့ ပြောကြားခဲ့ပါတယ်။

ကာမာရာဟာ ၂၀၀၈ ခုနှစ် ခရစ္စမတ်နေ့မှာ အာဏာသိမ်းခဲ့ပြီး ၂၀၁၀ ခုနှစ် ဇန်န၀ါရီလအထိ သမ္မတအဖြစ် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ဘာကီနာဖာဆိုကို ထွက်ပြေးခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ဂီနီကို ပြန်ရောက်လာခဲ့ပါတယ်။

တရားရုံးက မှန်မှန်ကန်ကန် စီရင်ဆုံးဖြတ်မယ်ဆိုတာကို ယုံကြည်တဲ့အတွက် နိုင်ငံကို ပြန်လာတာလို့ ကာမာရာက ပြောပါတယ်။

အရင်အစိုးရတွေက ၂၀၀၉ ခုနှစ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ကိစ္စအတွက် ကာမာရာနဲ့ အပေါင်းအပါတွေကို တရားစွဲဖို့ ကြိုးစားခဲ့ပေမယ့် ပြင်းပြတဲ့ စိတ်ဆန္ဒမျိုး မရှိဘူးလို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch က ၀ေဖန်ထားပါတယ်။

ဂီနီမှာ ပြီးခဲ့တဲ့နှစ်က စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီး ကာမာရာဟာ သူ့အတွက် ပိုမိုအဆင်ပြေမယ့်အနေအထား ရှိတဲ့အတွက် တိုင်းပြည်ကို ပြန်လာတာလို့ သုတေသီတွေက သုံးသပ်ပါတယ်။

၂၀၀၉ ခုနှစ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာပါ ကာမာရာအပါအ၀င် စစ်အစိုးရအဖွဲ့၀င်ဟောင်း တစ်ဒါဇင်ကျော်လောက် တရားစွဲခံထားရတာ ဖြစ်ပါတယ်။



****************************************************************
END / 251