အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m-mediagroup
စနေနေ့

၁ အောက်တိုဘာ ၂၀၂၂

၁၈:၄၆:၂၃
1309529

အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖြုတ်ချပြီး စစ်တပ်က အာဏာပြန်သိမ်းမှုဖြစ်

အနောက်အာဖရိက ဘာကီနာဖာဆိုမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖြုတ်ချတဲ့ စစ်အာဏာသိမ်းမှုတစ်ခု မနေ့က ဖြစ်ပွားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


-အနောက်အာဖရိက ဘာကီနာဖာဆိုမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖြုတ်ချတဲ့ စစ်အာဏာသိမ်းမှုတစ်ခု မနေ့က ဖြစ်ပွားခဲ့ပါတယ်။

ကြည်းတပ်ဗိုလ်ကြီး အီဗရာဟင် ထရာအိုယေးဟာ စစ်ခေါင်းဆောင် ပေါလ် ဟင်နရီ ဒမ်ဘီဘာကို ဖြုတ်ချခဲ့သလို အစိုးရအဖွဲ့နဲ့ အခြေခံဥပဒေကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

ဒါဟာ ဘာကီနာဖာဆိုမှာ ၈ လအတွင်း စစ်တပ်က ဒုတိယမြောက် အာဏာသိမ်းမှု ဖြစ်ပါတယ်။

ထရာအိုယေးက ဒမ်ဘီဘာဟာ နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ မငြိမ်သက်မှုတွေကို မထိန်းသိမ်းနိုင်တဲ့အတွက် အခုလို အာဏာသိမ်းရတာလို့ ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဇန်န၀ါရီလ သမ္မတ ရော့ချ် ကာဘိုရီကို ဖြုတ်ချအာဏာသိမ်းစဥ်က စစ်ခေါင်းဆောင် ဒမ်ဘီဘာ ပြောကြားခဲ့တဲ့ စွပ်စွဲမှုကိုပဲ ထရာအိုယေးက ပြန်သုံးတာ ဖြစ်ပါတယ်။

ဘာကီနာဖာဆိုဟာ IS အကြမ်းဖက်အဖွဲ့ အပါအ၀င် လက်နက်ကိုင် တော်တော်များများ ကြီးစိုးတဲ့တိုင်းပြည်ဖြစ်ပြီး နိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကိုသာ ဗဟိုအစိုးရက ထိန်းချုပ်ထားနိုင်ပါတယ်။

****************************************************************
END / 251