အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၉ ဒီဇင်ဘာ ၂၀၂၃

၂၀:၃၀:၂၂
1421739

ပင်လယ်နီတွင် သင်္ဘောများ လုံခြုံရေးအတွက် နိုင်ငံတကာ စစ်မဟာမိတ်အဖွဲ့ ဖွဲ့စည်းခဲ့ / အမေရိကန်

ယီမင်စစ်တပ်၏ ခြိမ်းခြောက်မှုများကို တန်ပြန်ရန် ပင်လယ်နီတွင် နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းရန် အမေရိကန် ကာကွယ်ရေးဝန်ကြီးက ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပင်လယ်နီမှာ ယီမင်စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်  မှ နိုင်ငံတကာ စစ်ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းထားတယ်လို့ ရုရှား အလ်ယောင်းမ်၏  ဖော်ပြထားပါတယ်။ ၎င်း နိုင်ငံတကာ  စစ်ညွန့်ပေါင်း အဖွဲ့ တွင် ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ နော်ဝေး ဟော်လန်၊ ကနေဒါနှင့် ဘာရိန်းတို့ ပါဝင်သည့် နိုင်ငံများပါဝင်ပါတယ်။

အစ္စရေးခရီးစဉ်အတွင်း နေတန်ယာဟု နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အီရန်သည် ယီမင်စစ်တပ်မှ ဗါဘိုလ် မန်ဒါဗ် သင်္ဘောများကို တိုက်ခိုက်ရာတွင် ပါဝင်ပတ်သက်ကြောင်း စွပ်စွဲ ပြောကြားခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးက အစ္စရေး၏ ထောက်ခံမှုကို ထပ်လောင်းပြောကြားခဲ့ပြီး စစ်ရေး မဟာမိတ် အဖွဲ့တွင် ပါဝင်သော နိုင်ငံများမှ တပ်ဖွဲ့ဝင်များသည် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့တို့ကို ကင်းလှည့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်က အစ္စရေးကို လက်နက်တွေ ဆက်လက် ထောက်ပံ့ပေးသွားမယ်လို့လည်း သူက ပြောပါတယ်။ ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားများကို တိုက်ခိုက်ခြင်းမှ ရှောင်ကြဉ်ရန် အစ္စရေးအား တောင်းဆိုခဲ့ပါတယ်။

အမှန်တကယ် အမေရိကန် နှင့်  ၎င်း၏ မဟာမိတ်များသည် ကမ္ဘာ့ ကြီး ကို မငြိမ်းမချမ်း ဖြစ်အောင် ပြဿနာ မကြီး၊ ကြီး အောင် အပြစ်မဲ့ ပြည်သူတွေ သေအောင် လုပ်နေသည့် လူ့အခွင့်‌ရေး ၊ အကြမ်းဖက် နိုင်နင်းရေး ဆိုသည့် မင်းသား ခေါင်းစောင်းသည့်  အမှန်တကယ်လူအခွင့်အရေး ချိုးဖောက်နေသည့် ကိုယ်တိုင် အကြမ်းဖက် နေပြီး အကြမ်းသမားများ ကို အားပေး ကူညီနေသည့် ဘီးလူးသာ ဖြစ်ပါတယ်။

****************************************************************

END / 251