အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၆ ဒီဇင်ဘာ ၂၀၂၃

၁၈:၃၈:၄၃
1424017

အလ်မိုရာဂျအားသ် စာအုပ် မြန်မာဘာသာပြန် ထွက်ရှိ

မြန်မာရှီအဟ် လောက အတွက် ဘာသာပြန် စာအုပ်များ အများအပြား လိုအပ်နေသည့် အချိန်မှာ အခုလိုဘာသာပြန် စာအုပ် တစ်အုပ်ထပ်ထွက်လာ သည့် အတွက် ပီတိဖြစ်မိပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အလ်မိုရာဂျအားသ် စာအုပ်သည် အကျော် အမော် ရှီအဟ် ပညာရှင် အာယာသွလ္လာဟ် တစ်ပါး ဖြစ်သည့် ဆယက်ဒ် အဗ်ဒိုလ်ဟိုစိုင်းန် ရှရ်ဖွတ်ဒ်ဒီးန် မူစဝီ အာမလီ ( ဟီဂျရီ ၁၂၉၀ မွေးဖွား - ဟီဂျရီ ၁၃၇၇ သေဆုံး ) နှင့် အကျော် အမော် အလ်အဇ်ဟရ်တက္ကသိုလ် ၏ ကျောင်းအုပ် ဆရာကြီး စွန်နီ အာလင်မ် ကြီး ရှိက်ခ် စလီးမ် ဘေရှ်ရီ စာအပြန်အလှန် ရေးသားထားသည့် စာပေါင်းချုပ် စာအုပ်ကြီး ဖြစ်ပါတယ်။
အာယာသွလ္လာဟ် ဆယက်ဒ် အဗ်ဒိုလ်ဟိုစိုင်းန် ရှရ်ဖွတ်ဒ်ဒီးန် မူစဝီ အာမလီ သည် ဟီဂျရီ ၁၃၂၉ ခုနှစ် နှောင်းပိုင်းတွင် မွတ်စလင်မ် များအကြား တင်းမာမှုကို လျှော့ချရန် နှင့် စည်းလုံးညီညွတ်မှု ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် အီဂျစ်နိုင်ငံသို့ သွားရောက်ခဲ့ပါတယ်။မြို့တော် ကိုင်ရိုတွင် တွင် အကျော် အမော် အလ်အဇ်ဟရ်တက္ကသိုလ် ၏ ကျောင်းအုပ် ဆရာကြီး စွန်နီ အာလင်မ် ကြီး ရှိက်ခ် စလီးမ် ဘေရှ်ရီ နှင့် တွေ့ဆုံ စကားပြောခဲ့ပါတယ်။ စကားပြောဆိုမှု ဟာ အာယာသွလ္လာဟ် ဆယက်ဒ် အဗ်ဒိုလ်ဟိုစိုင်းန် ရှရ်ဖွတ်ဒ်ဒီးန် မူစဝီ အာမလီ  အီဂျစ် မှ ပြန်သွား ပြီးနောက် တွင်လည်း စာများ ဖြင့် အပြန်အလှန် ရေးခဲ့ကြပါတယ်။ နောက် ဆုံး ရလာဒ် ကတော့ အလ်မိုရာဂျအားသ် ဆိုသည့် စာအုပ် အဖြစ် ထွက်လာပါတယ်။

ဤစာအုပ်တွင် စာအပြန်အလှန် ပေါင်း ၁၁၂ စောင် ပါဝင်ပါတယ်။ အကြောင်းအရာများကို အပိုင်းနှစ်ပိုင်းဖြင့် ဖော်ပြထားပါသည်။ ပထမပိုင်းကတော့ အေမာမ်မသ် နှင့် မဇ်ဟဗ် အကြောင်း ဖြစ်ပြီး ဤကိစ္စ အတွက် စာအပြန်အလှန် ၁၆ စောင်ပါဝင်ပါတယ်။ ဒုတိယ  ပိုင်းကတော့ အေမာမ်မသ် နှင့် ခလီဖဟ် အကြောင်း ဖြစ်ပါတယ်။ စာအပြန်အလှန် ၉၃ စောင် ဖြစ်ပါတယ်။

ဤစာအုပ်ကို ဟီဂျရီ  ၁၃၅၅ ခုနှစ် တွင် လက်ဘနွန် နိုင်ငံ ဆီဒဟ် တွင် ထုတ်ဝေ ခဲ့ပါတယ်။ ပြီးနောက် အီရန်၊ အီဂျစ် နှင့် အီရတ် နိုင်ငံများတွင် ထုတ်ဝေခဲ့ကြ ပါတယ်။
ဤ စာအုပ်အစစ် သည် အာရဘီ ဘာသာဖြစ်ပါတယ်။ ဤစာအုပ်ကြောင့် ရှီအဟ် မဗ်ဟဗ် ဝင် မဟုတ်သူ အများ အပြား ရှီအဟ် ဖြစ်ခဲ့ကြပါတယ်။ ဤစာအုပ်အား ပါရှန်းဘာသာစကား )(ဖွာရစီ ဘာသာစကား) ဖြင့်  ၅ ကြိမ်ခန့် ဘာသာပြန်ဆိုခဲ့ပြီး ဖြစ်ပါတယ်။ 

အူရ်ဒူ ဘာသာစကား ဖြင့်လည်း လွန်ခဲ့သောနှစ်ပေါင်း ၂၆ ခန့်က ဘာသာ ပြန်၍ ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) မှ ဤစာအုပ်ကို စပိန်၊ ရဝမ်ဒါ၊ ရုရှ၊ ပြင်သစ်၊ အူရ်ဒူ ၊ တာဂျစ်၊ တူရကီ၊ ဖူလာနီနှင့် ဆူရာနီ ၊ ကာ့ဒ်ဘာသာဖြင့် ဘာသာပြန်ပြီး ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။
တခြားသူများ မှ လည်း အင်္ဂလိပ် ၊ဂျာမန် ၊ အင်ဒိုနီးရှား ဘာသာစကားများ ဖြစ်လည်း ဘာသာပြန်ဆိုထားပြီး ဖြစ်ပါတယ်။ 

အခုအခါ မြန်မာဘာသာဖြင့်လည်း ဘာသာပြန်ထားပြီး ဖြစ်ပါတယ်။  မြန်မာဘာသာပြန်ဆိုသူ ကတော့ ဟွတ်ဂျ် ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ယူစွဖ်မဲဟ်ဒီ (မော်လမြိုင်) ဖြစ်ပါတယ်။

စာအုပ် ရနိုင်သည့် နေရာကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ရတနာနှစ်ပါးစာပေဖြန့်ချိရေး
အမှတ်(၄၈၇/၄၉၃)၊ မဟာဗန္ဓုလလမ်းမကြီး၊ မဂိုခန်းမ၊
(၂၉)လမ်းနှင့်(၃၀)လမ်းထိပ်၊  ပန်းဘဲတန်းမြို့နယ်၊
ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး။
ဖုန်း – ၀၉၉၆၁၄၂၉၄၀၅၊ ၀၉၇၉၆၉၆၁၂၉၇၊ ၀၉၉၆၁၄၂၉၈၄၄
Email:  [email protected]
တန်ဖိုး - ၂၀၀၀၀ ကျပ်

***************************************************************
END / 251