၁၄ ဇွန် ၂၀၂၅ - ၀၉:၂၉
အီရန် က ဒုံးကျည်အသစ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုသည် တဲလ်အဗစ် ရှိ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနကို ထိမှန်

အကြမ်းဖက် အစ္စရေး ၏ မြို့တော် တဲလ်အဗစ် ရှိ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနကို အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ မှ ပစ်မှတ်ထား၍ ဒုံးကျည်အသစ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိမှန်ခဲ့ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သိမ်းပိုက်ခံထားရသော နယ်မြေများတွင် အီရန် လက်နက်ကိုင်တပ်ဖွဲ့များက ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအသစ် တစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း မီဒီယာသတင်းရင်းမြစ်များက ဖော်ပြခဲ့ပါတယ်။

အစ္စရေး မြို့တော် တဲလ်အဗစ် ကို အီရန် ဒုံးကျည် အများအပြား ထိမှန်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှုမှာ ပစ်မှတ်တွေထဲမှာ တဲလ်အဗစ် မှာရှိတဲ့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာန လည်း ပါဝင်ပါတယ်။

အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာန ဌာနချုပ်ကိုလည်းထိမှန် ကြောင်း သိမ်းပိုက်ထားသော နယ်မြေများရှိ နိုင်ငံ တကာ မီဒီယာ သတင်းထောက်များက အတည်ပြုခဲ့ပါတယ်။

ဇီယွန်ဝါဒီများသည် တဲလ်အဗစ် မှထွက်ရှိသော ရုပ်ပုံများနှင့် ဗီဒီယိုများကို ဆင်ဆာဖြတ်တောက်မှု အများဆုံးပြု လုပ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အစ္စရေးစစ်တပ်က ဇီယွန်ဝါဒီ အခြေချနေထိုင်သူတွေကို သိမ်းပိုက်ထားတဲ့ နယ်မြေ တွေကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်တဲ့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေကို မရိုက်ဖို့ မတင်ဖို့ တောင်းဆို ထားပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha