၇ မေ ၂၀၂၆ - ၂၁:၃၄
အီရန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြားရှိ စီးပွားဖြစ်သင်္ဘောများအား အထောက်အကူပစ္စည်းများ ပံ့ပိုးပေးရန် အသင့်ဖြစ်

အီရန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြားနှင့် ဒေသတွင်းရေပြင်များရှိ စီးပွားဖြစ်သင်္ဘောများသည် လိုအပ်ပါက အီရန် ဆိပ်ကမ်းများမှ လောင်စာဆီ၊ အစားအစာ၊ ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများနှင့် နည်းပညာ အကူအညီများကို ရယူနိုင်ကြောင်း ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ သတင်းတစ်ပုဒ်အရ အီရန်နိုင်ငံ၏ ဆိပ်ကမ်းများနှင့် ရေကြောင်းအဖွဲ့အစည်းသည် ဟော်မုဇ် ရေလက်ကြားနှင့် ဒေသတွင်းရေပြင်ရှိ စီးပွားဖြစ်သင်္ဘောများ၏ ကပ္ပတိန်များထံ တရားဝင် သတင်း စကားတစ်ခုတွင် နိုင်ငံအတွင်းရှိ ဆိပ်ကမ်းအားလုံးသည် ရေကြောင်းဝန်ဆောင်မှုများ၊ နည်းပညာအကူအညီများ၊ ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းများနှင့် လိုအပ်သောပြုပြင်ရေးပစ္စည်းများကို ပေးအပ်ရန် အပြည့်အဝပြင်ဆင်ထားကြောင်း ပြောကြားခဲ့ပါတယ်။

ကြေညာချက်အရ ဤအစီအမံ၏ ရည်ရွယ်ချက်မှာ သင်္ဘောသားများကို ကာကွယ်ရန်၊ သင်္ဘောများ၏ ပင်လယ် ရေကြောင်း သွားလာနိုင်စွမ်းကို ထိန်းသိမ်းရန်နှင့် သင်္ဘောသားများ၏ သက်တောင့် သက်သာရှိ စေရန်ဖြစ် ပါတယ်။

အီရန်ရေပိုင်နက်နှင့် နေရာများရှိ သင်္ဘောများသည် လိုအပ်သလို အစားအစာ၊ လောင်စာဆီ၊ ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများနှင့် ခွင့်ပြုထားသော ပြုပြင်ရေးပစ္စည်းများကို ရယူနိုင်ကြောင်း အဖွဲ့အစည်းက ပြောကြားခဲ့ပါတယ်။

အီရန်အရာရှိများ၏ အဆိုအရ ဤအစီအမံကို ရေကြောင်းလုံခြုံရေးနှင့် ဆိပ်ကမ်း ဝန်ဆောင်မှုများ နှင့်ပတ်သက် သည့် အီရန်၏ တာဝန်ဝတ္တရားများဘောင်အတွင်း ဆောင်ရွက်နေပြီး ကမ္ဘာ့အရေးအကြီးဆုံး ပင်လယ် လမ်း ကြောင်း များ တွင် ဘေးကင်းပြီး ရေရှည်တည်တံ့သော စီးပွားဖြစ်အသွားအလာကို သေချာစေရန် ကူညီပေး မည်ဖြစ်ပါတယ်။

ဤသတင်းစကားကို ရေကြောင်းဆက်သွယ်ရေးစနစ်နှင့် VHF ကွန်ရက်မှတစ်ဆင့် တစ်နေ့လျှင် သုံးကြိမ်ဆက် တိုက် သုံးရက်ကြာ ထုတ်လွှင့်သွားမည်ဖြစ်ပြီး သင်္ဘောကပ္ပတိန်များသည် ဝန်ဆောင်မှုရယူရန် အတွက် အနီးဆုံး အီရန်ဆိပ်ကမ်း၏ ရေကြောင်းသွားလာမှုထိန်းချုပ်ရေးစင်တာသို့ ဆက်သွယ်နိုင်ကြောင်း အေဂျင်စီက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha