အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၂ ဖေဖော်ဝါရီ ၂၀၂၄

၂၀:၃၃:၄၄
1439722

အာယသ်သေ အင်ဇါရ် အကြောင်းလေ့လာကြပါစို့

စူရဟ်ရှိုအ်ရာအ် ၊ အာယသ်တော်အမှတ် ၂၁၄ တွင် အလ္လာဟ်ဟို အရှင်မြတ် မှ တမန်တော်မြတ် (ဆွ ) အား မိမိ၏ ဆွေမျိုးရင်းချာများ ကို သတိပေးကာ ၎င်းတို့အား အစ္စလာမ် ဘာသာ သို့ လူသိရှင်ကြား ဖိတ်ခေါ်ရန် မိန့်ကြားထားပါတယ်။ဤအာယသ်တော် အား အာယသ်သေ အင်ဇါရ် ဟုခေါ်ပါတယ်။ ဤအကြောင်း နှင့်ပတ်သက်ပြီး အနည်းငယ်လေ့လာ ကြည့်ပါမည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စူရဟ်ရှိုအ်ရာအ် ၊ အာယသ်တော်အမှတ် ၂၁၄ တွင် အလ္လာဟ်ဟို အရှင်မြတ် မှ တမန်တော်မြတ် (ဆွ ) အား  မိမိ၏ ဆွေမျိုးရင်းချာများ ကို သတိပေးကာ ၎င်းတို့အား အစ္စလာမ် ဘာသာ သို့ လူသိရှင်ကြား ဖိတ်ခေါ်ရန် မိန့်ကြားထားပါတယ်။ဤအာယသ်တော် အား အာယသ်သေ အင်ဇါရ် ဟုခေါ်ပါတယ်။ ဤအကြောင်း နှင့်ပတ်သက်ပြီး အနည်းငယ်လေ့လာ ကြည့်ပါမည်။

အာယသ်တော် ကျရောက်ပြီးနောက် အလ္လာဟ် ၏ ရစူလ်တမန်တော်မြတ် (ဆွ) သည် မိမိ ၏ ဆွေမျိုး သားချင်း အယောက် လေးဆယ်ကို ဖိတ်ကြားပြီး ၎င်းတို့အား အစ္စလာမ် ဘာသာ သို့ လူသိရှင်ကြား ခေါ်ဆိုပြီး နောက် အလီဘင်န် အဘ္သွာလစ်ဗ်(အ.စ) အား မိမိ၏ အရိုက်အရာကိုဆက်ခံသူအဖြစ် မိတ်ဆက် ပေးခဲ့ပါ တယ်။

 ရှီအဟ် မိုသကလင်မ်များ (အကီဒဟ်ဆိုင်ရာ ပါရဂူများ) အနေဖြင့် ဤအာယသ်တော်၏ ရှာနေနိုဇူလ် (ခ) အာယသ်တော်  ကျရောက်ရသည့် သမိုင်း အဖြစ် အပျက် လာရီဝါယသ်တော်များကို ကိုးကားပြီး ဤအာယသ် တော် အား အေမာမ် အလီ (အ.စ) အား  ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏   အရိုက်အရာကိုဆက်ခံသူ ဖြစ်ကြောင်း သက်သေ အထောက် အထားပြု ကြပါ တယ်။

ရှီအဟ် သဖ်စီးရ် ပညာရှင်များသည် အာယသ်သေ အင်ဇါရ် တွင် ဆွေမျိုးသားချင်းများအပေါ် ခွဲခြားဆက်ဆံခြင်း သံသယကို ရှောင်ကြဉ်ကြပြီး ဘာသာရေးတွင် အခြားသူများကို ပေါ့ဆမနေစေရန် သတိ ပေးခြင်း အပြင် ဆွေမျိုးသားချင်း တို့အား ဖိတ်ခေါ်ရခြင်း၏ အကြောင်းရင်းအဖြစ် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ သန့်ရှင်းသော မှတ်တမ်းကို ဆွေမျိုးများ၏ သိရှိနားလည်ထားမှုတို့ကို ထည့်သွင်းဖော်ပြထား ကြပါတယ်။

ဤအာယသ်တော်အား အေမာမ်အလီ (အ.စ) ၏ အေမာမ်မသ် အတွက်ပထမဆုံး စနဒ် အဖြစ်သုံးခြင်း

စူရဟ်ရှိုအ်ရာအ် ၏ အာယသ်တော်အမှတ် ၂၁၄ အကျော်ကြားဆုံး အာယသ် တော်ဖြစ်ပြီး အာယသ်သေ အင်ဇါရ်ဟုခေါ်ဆိုပါတယ်။ အာယသ်သေ နဖရ် စူရဟ်ရှိုရာ ၏အာယသ်တော် အမှတ် ၇ နှင့် စူရဟ် မိုသစေရ် ၏ အာယသ်တော် အမှတ် ၁ နှင့် ၂ အားလည်းဤ အမည်ဖြင့် ခေါ်ဝေါ်ကြပါတယ်။ ဤအာယသ်တော်တွင်  အလ္လာဟ်ဟိုအရှင်မြတ် သည် တမန်တော်မိုဟမ္မဒ် (ဆွ) ၏ ဆွေမျိုးရင်းချာများအား သတိပေးရန်နှင့် သဖ်စီးရ် နမူနာ၏ ဖော်ပြချက်အရ  ‌ရှေးရ်က် နှင့် အလ္လာဟ်ဟို အရှင်မြတ် အားဆန့်ကျင်မှုကို ကြောက်ရွံ့ရန် မိန့်ကြား ထားကြောင်း ဖြစ်ပါတယ်။

ဤအာယသ်တော်သည် အစ္စလာမ်သာသနာကို ပြန့်ပွားစေရန်အတွက်လူသိရှင်ကြား ဖိတ်ခေါ်မှုပြုရန်  တမန်တော်မြတ်(ဆွ)အား ချပေးတော်မူခဲ့သည့်  ပထမဆုံးအာယသ်တော် ဖြစ်ပါတယ်။ အချို့ပညာရှင် များ မှ အာယသ်သေ အင်ဇါရ် ၏ ရှာနေနိုဇူလ် (အာယသ်တော်  ကျရောက်ရသည့် သမိုင်း အဖြစ် အပျက်) လာရီဝါယသ်တော်များကို ကိုးကားပြီး ဤအာယသ်တော် အား အေမာမ် အလီ (အ.စ) အားကိုယ်တော် မြတ် မိုဟမ္မဒ် (ဆွ) ၏ )  အရိုက်အရာကိုဆက်ခံသူ ဖြစ်ကြောင်း နှင့် အေမာမ်အလီ (အ.စ) ၏ အေမာမ်မသ် အတွက် ပထမဆုံး ခိုင်မာသော အထောက်အထားနှင့် တိကျသေချာသော သက်သေအဖြစ် ယုံကြည် ကြပါတယ်။ သမိုင်းပညာရှင်များသည် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ တမန်တော်မြတ်တာဝန်ကို အတိ အလင်းထုတ်ဖော် ပြီးနောက် တတိယနှစ်တွင် အာယသ်သေ အင်ဇါရ် ကျရောက်ခဲ့ကြောင်း အစီ ရင်ခံခဲ့ကြပါ တယ်။

وَ أَنْذِرْ عَشیرَتَکَ الْأَقْرَبین

အဓိပ္ပာယ် - ဆွေမျိုးနီးစပ်တွေကို သတိပေးပါ။

အေမာမ် အလီ (အ.စ)သည် ကိုယ်တော်မြတ် (ဆွ) ၏ အရိုက်အရာကို ဆက်ခံသူ ဖြစ်ကြောင်းကြေငြာချက်ကိုလေ့လာကြည့်မည်ဆိုလျှင်

ရှီအဟ် နှင့် စွန်နီများ၏ သဖ်စီးရ် များ အာယသ်သေ အင်ဇါရ် ကျရောက်ပြီးနောက် တမန်တော်မြတ်(ဆွ)သည် မိမိ ၏ဆွေမျိုးရင်းချာ လေးဆယ်အား ဖိတ်ကြားကာ ၎င်းတို့အား အလ္လာဟ်ဟို အရှင်မြတ် တစ်ပါး တည်း တစ်တစ်ဆူတည်း အနှိုင်းမဲ့ အတုမဲ့ ဖြစ်ကြောင်း နှင့် မိမိ  တမန်တော် ဖြစ်ခြင်းကို  လက်ခံရန် ဖိတ်ခေါ်ခဲ့ ပါသည်။ ပြီးတော့ တမန်တော်မြတ်မိုဟမ္မဒ်  (ဆွ) မှ နှစ်ကြိမ် သုံးကြိမ် မိန့်‌တော်မူခဲ့ပါတယ်။

 “လူကြီးမင်း တို့အထဲမှာ တစ်ဦးတစ်ယောက် သည်ကျွန်ုပ် အားဤ လုပ်ရပ် တွင်ကူညီ မည်ဆိုလျှင် ကျွန်ုပ်၏ နောင်တော် ၊ ကျွန်ုပ် ၏ ဝဆီ နှင့် ကျွန်ုပ် ၏ အရိုက်အရာကိုဆက်ခံသူအဖြစ် လူကြီးမင်းတို့ အကြား တွင် ဖြစ်ပေမည် ။ “လူတိုင်း တိတ်ဆိတ်ငြိမ်သက်ပြီးနောက် အချိန်တိုင်းတွင် အလီ (အ.စ) မှ  “အိုအလ္လာဟ်ဟို အရှင်မြတ် ၏ ရစူလ်တမန်တော်! ကျနော်ကူပါမည်။ " ဟုဖြေလေ၏။ ထိုအခါ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ)က “ ဤသူ(အလီ(အ.စ)) သည် အသင်တို့တွင် ကျွန်ုပ်၏ ဝဆီ နှင့်ခလီဖဟ် ဖြစ်ပါသည်။ ၎င်း၏ စကားကို နားထောင်ပြီး နာခံကြပါ။"ဟု မိန့်တော်မူပါတယ်။

မဂျ်မအိုဗယာန်း တွင် ဤ ရှာနေနိုဇူလ် (အာယသ်တော်  ကျရောက်ရသည့် သမိုင်း အဖြစ်အပျက်) သည် ရှီအဟ် နှင့် စွန်နီ အကြား လူသိများ ကျော်ကြားကြောင်း ဖော်ပြထားပါတယ်။

ရှီအဟ် မိုသကလင်မ်များ (အကီဒဟ်ဆိုင်ရာ ပါရဂူများ) အနေဖြင့် ဤရီဝါယသ်တော်၏ စနဒ် အား မိုသဝါ သေရ် ဟုလက်ခံထားကြပါတယ်။  အေမာမ် အလီ (အ.စ) သည် ခလီဖဟ် ဘေလာဖဆ်လ် (တမန် တော်မြတ် (ဆွ)ပြီးနောက်ချက်ချင်းကိုယ်တော်၏ အရိုက်အရာကိုဆက်ခံသူ) အတွက်သက်သေ အထောက် အထား အဖြစ် အသုံးပြုကြပါတယ်။

အဘယ့်ကြောင့် ဆွေမျိုးများကို ဖိတ်ခေါ်ခြင်း၏ အစပြုရပါသနည်း? ဆိုသည်ကိုလေ့လာ ကြည့်မည်ဆို လျှင်

သဖ်စီးရ် ပညာရှင်များ အနေဖြင့် သည် တမန်တော်မြတ် (ဆွ) ၏ ဆွေမျိုးများထံမှ အစ္စလာမ်သို့ ဖိတ်ကြားရခြင်း၏ သက်သေ အ‌ထောက်အထား များ ကို ဖော်ပြခဲ့ကြသည်။ သာဓက အားဖြင့် -

(၁) ဆွေမျိုးသားချင်းများနှင့် ခွဲခြားဆက်ဆံခြင်းဟု သံသယဖြစ်ခြင်းမှ ရှောင်ကြဉ်ခြင်း ၊ ဘာသာရေးကိစ္စ၌ သူတစ်ပါးအား ပေါ့ဆခြင်းမပြုရန် သတိပေးခြင်းကြောင့်ဖြစ်ပါတယ်။

(၂) ဆွေမျိုးများစုဝေးခြင်းနှင့် တမန်တော်မြတ်(ဆွ) အား သတိပေးခြင်းမှာ အခြားမျိုးနွယ်စုများမှ လူများ စုဝေးခြင်း ထက် လွယ်ကူသည်အတွက်ကြောင့် ဖြစ်ပါတယ်။

(၃) အလ္လာဟ် အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်(ဆွ) အား အီမာန်သက်ဝင် ယုံကြည်ခြင်းအတွက် ဆွေမျိုး သားချင်းများ၏ ပံ့ပိုးကူညီမှုရရှိခြင်း ကြောင့်ဖြစ်ပါတယ်။

(၄) ကျယ်ပြန့်သော တော်လှန်ရေး အစီအစဉ်ကို စက်ဝိုင်းငယ်များမှ စတင်ရမည်ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။

တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ ဆွေမျိုးသားချင်းတို့သည် ကိုယ်တော်မြတ် အားကောင်းကောင်း သိကြကုန် သည့် အတွက် တစ်ပါးသူတို့ထက်  ကိုယ်တော်မြတ် (ဆွ) ၏ စကားကို ပို၍ နားထောင်စေကုန်ရန် နှင့် အခြားသူများ ထက်တမန်တော်မြတ် (ဆွ) အား မုန်းတီးခြင်း၊ မနာလိုခြင်းနှင့် ရန်ငြိုးဖွဲ့ခြင်းမှ ဝေးသည့် အတွက် ကြောင့် ဖြစ်ပါတယ်။

မူရင်း ရည်ညွှန်းများ

 

  1. ابن‌اثیر، علی بن محمد، الکامل فی التاریخ، بیروت، دار صادر، ۱۳۸۶-۱۳۸۵ش.
  2. ابن‌کثیر دمشقی، اسماعیل بن عمر، تفسیر القرآن العظیم، بیروت، دار الکتب العلمیة منشورات محمد علی بیضون، ۱۴۱۹ق.
  3. بحرانی، سید هاشم، البرهان فی تفسیر القرآن، تهران، بنیاد بعثت، ۱۴۱۶ق.
  4. بشوی، محمد‌یعقوب، «آیه انذار»، در دانشنامه حج و حرمین شریفین، جلد ۱، بی‌جا، پژوهشکده حج و زیارت، ۱۳۹۲ش.
  5. بلاذری، احمد بن یحیی، انساب الاشراف، تحقیق: محمد‌باقر محمودی، بیروت، دار المعارف، ۱۴۱۷ق.
  6. حسکانی، عبیدالله بن احمد، شواهد التنزیل لقواعد التفضیل، تهران، سازمان چاپ و انتشارات وزارت ارشاد اسلامی، ۱۴۱۱ق.
  7. سیوطی، جلال‌الدین، الدر المنثور، قم، کتابخانه آیت الله مرعشی نجفی، ۱۴۰۴ق.
  8. شیخ مفید، محمد بن محمد، رسالة فی معنی المولی، قم، انتشارات کنگره جهانی شیخ مفید، ۱۴۱۳ق.
  9. شیخ مفید، محمد بن محمد، الفصول المختارة، قم، انتشارات کنگره جهانی شیخ مفید، ۱۴۱۳ق.
  10. طبرسی، فضل بن حسن، مجمع البیان فی تفسیر القرآن، بیروت، دار المعرفة و افست تهران، ناصر خسرو، ۱۴۰۶ق.
  11. فرات کوفی، فرات بن ابراهیم، تفسیر فرات الکوفی، تهران، سازمان چاپ و انتشارات وزارت ارشاد اسلامی، ۱۴۱۰ق.
  12. مغنیه، محمد‌جواد، التفسیر الکاشف، بیروت، دار الانوار، بی‌تا.
  13. مکارم شیرازی، ناصر، تفسیر نمونه، تهران، دار الکتب الاسلامیه، ۱۳۷۴ش.
  14. مولایی‌نیا، عزت الله و محمدامین مؤمنی، «تفسیر تطبیقی آیه انذار از نگاه فریقین»، در پژوهش‌های تفسیر تطبیقی، ش۱، ۱۳۹۴ش.
  15. نباطی بیاضی، علی بن یونس، الصراط المستقیم، نجف، چاپ کتابخانه حیدریه، ۱۳۸۴ق.
  16. وشنوی، محمد‌قوام، حیاة النبی و سیرته، قم، سازمان اوقاف و امور خیریه، ۱۴۲۴ق.

**************************************************************

END / 251