အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Maher သတင်းဌာန၏ ဖော်ပြချက်အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူ နာဆေရ် ကန်အာနီ အနေဖြင့် ဇီယွန်နစ်ပါလီမန် သည် Knesset တွင် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးကို ဆန့်ကျင်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခြင်းဖြင့် လူမျိုးရေးခွဲခြားမှုကို သက်သေပြခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ကြေညာချက်တွင် ဇီယွန်ဝါဒီအစိုးရသည် ပါလက်စတိုင်းအတွက်သာမက နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှု အတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ကြောင်း နာဆေရ် ကန်အာနီ မှ ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရများ၏ ရှက်ဖွယ်တိတ်ဆိတ်မှုကြောင့် ဇီယွန်အစိုးရသည် ဂါဇာရှိ လူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ရာတွင် ပါဝင်ပတ်သက် နေကြောင်း နာဆေရ် ကန်အာနီ က အလေးပေးပြောကြားခဲ့ပါတယ်။
ပါလက်စတိုင်းတို့သည် မိမိတို့၏တရားဝင်အခွင့်အရေးများ မရမချင်း၊ ဖိနှိပ်ချုပ်ချယ်သော ဇီယွန်ဝါဒီများကို ဆန့်ကျင်သည့် တိုက်ပွဲများ ဆက်လက်ရှိနေဦးမည်ဖြစ်ပါတယ်။
.......................................................
END / 251