၅ ဒီဇင်ဘာ ၂၀၂၄ - ၀၇:၂၃
အမျိုးသားများ အတွက် ရွှေရည် စိမ် နာရီ ဝတ်ခြင်း ကိစ္စ

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အမျိုးသားများ အတွက် ရွှေရည် စိမ် နာရီ ဝတ်ခြင်း ကိစ္စ နှင့် ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

sistani.org ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အမျိုးသားများ အတွက် ရွှေရည် စိမ် နာရီ ဝတ်ခြင်း ကိစ္စ ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါ  တယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

အမျိုးသားများ အတွက် ရွှေရည် စိမ် ထားသည့် နာရီ ဝတ်ပိုင်ခွင့် ရှိပါသလား?

အဖြေ

ရွှေရောင် အဖြစ်သာ စိမ်ထားသည့် ရွှေရည် စိမ်နာရီဆိုလျင် ပြဿနာ မရှိပါ။(ပိုင်ပါသည်။) သို့သော် ရွှေအလွှာ (အစလေး) အနည်းငယ်ပါလျင်တော့ ဝတ်ပိုင်ခွင့် မရှိချေ။ (မပိုင်ချေ။ )

အကြံပြုချက် - အထူးသဖြင့်လူငယ်များ အနေဖြင့် အဲဟ်ကာမ် မေ ရှရီအသ် ကို မသိ၍ ဖြစ်စေ ၊ မေ့၍ ဖြစ်စေ   မဖြစ်ရလေအောင် အထူး သတိပြုသင့်ပါတယ်။ အထူးသဖြင့် လူအများစု လာရောက်သည် မဂျ်လစ်များ တွင်လည်း တရားဟောဆရာ များ ၊ဆရာမများ အနေဖြင့် ကြုံတွေ့ရမည့် အဲဟ်ကာမ်များ ၊အရေးကြီး အဲဟ်ကာမ်များ ကို အနည်းငယ် တင်ပြ သင့်ပါတယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251